“ ကျွန်တော်တို့ လိုချင်နေတာ ဘယ်သူ့ အတွက် ဒီမိုကရေစီလဲ?”

Tuesday, June 5, 2012



ယနေ့ထုတ် ကြေးမုံသတင်းစာ

ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေ(အာဏာရှင် မဟုတ်တဲ့သူ)အားလုံး ဒီမိုကရေစီစနစ်ကို လိုလားခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးအတွက် အနစ်နာခံ ထောင်ကျခံ နှိပ်စက်ခံ အသေခံပြီးလုပ်ခဲ့တဲ့ သူတော်ကောင်း သားသမီးများရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့တတွေ ဒီမိုကရေစီ လမ်းကို မှုန်ပျပျ လှမ်းမြင်နေရပါပြီ၊ ဒီမိုကရေစီရဲ့ အနစ်သာရတွေမှာ လူအချင်းချင်း ဗိုလ်ကျ စိုးမိုးမှုမရှိတဲ့ တန်းတူညီမျှရေး ဆိုတာလည်း
တစ်ချက် အပါအ၀င်ဖြစ်ပါတယ်။

ဟုတ်ပြီ၊“လူအချင်းချင်း ဗိုလ်ကျ စိုးမိုးမှုမရှိတဲ့ တန်းတူညီမျှရေး”ဆိုတာကို ကျွန်တော်တို့နှစ်သက်ကြပြီ၊ ဒါဆို ဒီမို
ကရေစီအရေးမှာ ထိပ်ဆုံးကပါခဲ့ကြတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်ကလူတွေ ဘာကြောင့်“ လူအချင်းချင်း ဗိုလ်ကျ စိုးမိုးမှုမရှိတဲ့ တန်းတူညီမျှရေး”ကို ဆန့်ကျင်နေကြတာပါလဲ။

ကျွန်တော်မြန်မာပါ၊ သို့သော် မြန်မာက ကုလားကို သတ်ဖြတ်တဲ့ကိစ္စကိုတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါ တယ်၊ ကန့်ကွက်ပါတယ်၊ ဒါဟာ လူများစုက လူနည်းစုကို အနိုင်ကျင့်တဲ့ဖြစ်ရပ်အဖြစ် ရှုမြင်ပါတယ်။

ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်ပြောရရင် ဒီမိုကရေစီရေးကို သွေဖီတဲ့ လုပ်ရပ်လို့လည်း မြင်မိပါတယ်၊ ဒီလိုပြောလို့ ကုလားကို မှန်တယ်လို့ မပြောပါဘူး၊ အဓမ္မပြုကျင့်တဲ့ ကုလားဟာ အဓမ္မပြုကျင့်တဲ့
ကုလားပါပဲ၊ သူ့ကို ဥပဒေအရ ထိရောက်ပြင်းထန်တဲ့ပြစ်ဒါဏ်ရရှိရေး ရမ်းဗြဲမြို့က လူထုတွေအားလုံးပူးပေါင်း ကြိုးစားကြရမှာပါ။

ဒီလိုကြိုးစားရာမှာ ဘက်လိုက်တဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံဝန်ထမ်းတွေရှိခဲ့ရင်လည်း မြို့လူထုအင်အားနဲ့ စုံစမ်းဖေါ်ထုတ်သင့်ကြပါတယ်၊ ခုတော့သံတွဲ-ရန်ကုန် ခရီးသည်တွေကို သတ်ဖြတ်မှုဟာ “မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်”လိုက်သလိုပါပဲ။

လူသားချင်း စာနာမှုမရှိတဲ့လုပ်ရပ်လို့ စွတ်စွဲရမှာပါ၊ အဓိကက ကိုယ်ချင်းစာတရားပါ၊ ဘာပဲလုပ်လုပ် သူ့နေရာ မှာ ကိုယ်သာဆိုရင် ..ဆိုတဲ့ အတွေးနဲ့ ၀င်ခံစားတွေးပေးရမှာပါ။

အဓမ္မ ကျင့်တဲ့သူထက် ပိုမိုပြီး လူအများက တံတွေးထွေးခံရမယ့် ကိစ္စတွေကို ရှောင်ကြစေချင်ပါတယ်။
ကျွန်တော်တို့လိုချင်တဲ့ လူ့အခွင့်အရေး ဆိုတာဟာ ကိုယ်တစ်ယောက်ထဲအတွက်(သို့မဟုတ်) ကိုယ့် အမျိုး တစ်စု အတွက် (သို့မဟုတ်) ကိုယ့်လူမျိုး တစ်မျိုးထဲ အတွက်ရရှိမယ့် လူ့အခွင့်အရေးအတွက် တောင်း ဆိုနေကြတာမဟုတ်ပါဘူး။

လူမျိုးစုအားလုံး(၀ါ)ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ရည်သန်တောင်းဆိုကြရမှာပါ၊ ဒါမှသာ ငြိမ်းချမ်း သာယာသော ကမ္ဘာဖြစ်လာမှာပါ၊ဒါလေးကို အမြင်ကျယ်ကျယ်နဲ့တွေးပြီး ရမ်းဗြဲ၊တောင်ကုတ် အပါအ၀င် အခြားမြို့ရွာက မြန်မာရော ကုလားတွေပါ..သည်းခံထိန်းသိမ်း လိုက်နာပေးကြပါလို့ တောင်းပန် စာလေး ရေးလိုက်ရပါတယ်ခင်ဗျာ....

(ဟာဂျူလီ-ကသာ)

မှတ်ချက်...ကုလားလို့ သုံးစွဲရခြင်းဟာ အဓမ္မပြုကျင့်တဲ့ ကုလားနဲ့ သေဆုံးသူများဟာ မွတ်ဆလင်လား၊ဟိန္ဒူလား ဂေါ်လခါးလား မသိလို့ (မသေခြာလို့) ကုလားလို့ သုံးနှုန်း လိုက်ရခြင်းဖြစ်ပါကြောင်း...။


2 comments :

  1. min thein said... :

ေ၇းသားသူသည်တောင်ကုတ်တွင်လူမဆန်စွာအသတ်ခံ၇သောသတင်းများအားအသေအချာဖတ်ပြီးေ၇သင်.သည်။(သံတွဲမြို.သစ္စာဗလီမှ ၇က်ပြည့်ပြီး၇န်ကုန်ပြန်သော ဂျမာအသ် ဖြစ်ပါသည်)လို.ေ၇းထားတယ်။မွတ်စလင်များဖြစ်ကြောင်းလဲသတင်းတိုင်မှာေ၇ထားသည်။ဘာလူမျိုးမှန်းမသိလို.(ကုလား)ဟုသုံးသည်ဆိုသောအကြောင်းပြချက်သည်မခိုင်လုံပါ။မည်သည့်မွတ်စလင်မှ(ကုလား)ဟုခေါ်ဆိုသည်ကိုမကြိုက်ကြပါ။ဘက်မလိုက်သတင်းသမားတစ်ဦးအနေဖြင့်စကားလုံးအသုံးအနှုန်းများကိုဆင်ခြင်သင့်သည်ဟုထင်မြင်မိပါသည်။

  1. Anonymous said... :

    စာရေးဆရာခင်ဗျား၊
    ဦးရဲထွဋ် ရေးသားသော ဆောင်းပါးဖတ်၍ မိမိရေးသားသောစာကို အဆင့်အတန်း မြင့်တင်နိုင်အောင် ကြိုးစားပါဗျာ။ မဖတ်ရသေးရင် အောက်ကလင့်ကို နှိပ်ပြီး ဖတ်လို့ရပါတယ်။

    http://blog.irrawaddy.org/2012/06/blog-post_6557.html

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved