"လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း အလိုမရှိ"

Monday, June 4, 2012

.
~

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဒေသခံတို့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၉ ဦး သေဆုံးတယ်လို့ အစိုးရအရာရှိတဦးကို ကိုးကားပြီး AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။

မနေ့က Yangon Press International သတင်းတပုဒ်မှာတော့ တိုက်ခိုက်ခံရသူတွေဟာ သံတွဲ - ရန်ကုန် မောင်းတဲ့ အဝေးပြေးယာဉ်မှာ စီးနင်းလိုက်ပါသွားတဲ့ အစ္စလမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ သံတွဲမြို့ခံတဦးက ပြောကြောင်း ရေးထားပါတယ်။

ပြီးခဲ့တဲ့တပတ် တနင်္လာနေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ရခိုင် အမျိုးသမီး မတရားပြုကျင့်၊ သတ်ဖြတ်ခံရမှုကြောင့် ဒေသတွင်း တင်းမာမှုတွေ ကြီးထွားခဲ့တာပါ။ ဒီအကြောင်း တောင်ကုတ်မြို့မှာ ရေးသား ဖြန့်ဝေမှုတွေ ဖြစ်ပေါ်အပြီး မကျေမနပ်ဖြစ်နေကြချိန်မှာ တိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း အလိုမရှိ ဆိုပြီး ပြောဆိုနေသူတွေလည်း ရှိပါတယ်။

သမ္မတရုံးအရာရှိတဦးကတော့ တောင်ကုတ်မြို့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့ရဲ့ Facebook မှာ အခုလို ရေးသားထားပါတယ်-
ဖြစ်ခဲ့သောကိစ္စရပ်များမှာ စိတ်မကောင်းစရာ ဖြစ်သလို စတင်ဖြစ်ပွားစေခဲ့သည့် ဖြစ်ရပ်မှာလည်း မဖြစ်သင့်သော အနေအထား ဖြစ်ပါသည်။ ထို့အတူ နောက်ဆက်တွဲ ဆက်လက် ဖြစ်ပေါ်လာသည့် နောက်ဆုံးဖြစ်ရပ်မှာလည်း စိုးရိမ်ပူပန်ဖွယ်ရာ အနေအထား ဖြစ်နေပါသည်။
အထက်တန်းကျသော စိတ်ဓါတ်များကို မွေးမြူခြင်းဖြင့် သွေးဆူလွယ်၊ သွေးကြွလွယ်သော အနေအထား၌ ယမ်းအုံကို မီးနှင့်ရှို့သလို မဖြစ်စေရန်လည်း တိုက်တွန်းလိုပါသည်။ သမိုင်းနှင့်ချီသော ဖြစ်ရပ်ဆိုးများ ကျွန်တော်တို့ ခေတ်တွင် မတွေ့ကြုံလိုသည်မှာ ကျွန်တော်တို့အားလုံး၏ ရင်ထဲမှ ဆန္ဒဟူ၍ လေးလေးနက်နက် ယုံကြည်ထားပါကြောင်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

တချိန်တည်းမှာပဲ ပြည်နယ်မြို့တော်စစ်တွေမှာလည်း အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ စစ်တွေ အဓိကရုဏ်းကတော့ ကျောက်နီမော် ဖြစ်ရပ်နဲ့ မသက်ဆိုင်ဘဲ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခလို့ သိရပါတယ်။

ဆက်စပ်ဖတ်ရှုရန် -
အဓမ္မကျင့် လူသတ်သူများ သေဒဏ်ပေးရန် ဒေသခံများ တောင်းဆို



~.

6 comments :

  1. Anonymous said... :

    အခုကျွန်တော်တို့ရခိုင်ပြည်နယ်ဖြစ်နေရတာက သူများအိမ်ကခွေးကိုယ်ခြံထဲဝင်ကိုက်ခံနေရသလိုပဲ ဒီလိုပြောလို့တစ်ချို့နာရင်နာမယ် ဒါပေမယ့်ကျွန်တော်ပြောတာ တစ်ခြားနိုင်ငံကနေ ခိုးဝင်လာတဲ့ကုလားတွေကိုပြောတာ အရင်ကတည်းကနေနေတဲ့လူတွေကိုပြောတာမဟုတ်ဘူး အဲဒီတစ်ခြားနိုင်ငံက ကုလားတွေဝင်လာနိုင်အောင် လ၀က ကနေပိုက်ဆံတွေယူပြီး သွင်းလာတယ် မသွင်းဘူးလို့တော့မငြင်းလေနဲ့ ရခိုင်ပြည်ရာဇ၀င်မှာကုလားမရှိဘူး အခုရခိုင်ပြည်မှာကုလားဒီလောက်များလာတာ မိုးပေါ်ကဆင်းလာတာမဟုတ်ဘူး ကျွန်တော်စိတ်ထင် ပြောရရင် မြန်မာတစ်နိုင်ငံလုံး ကုလားအများဆုံးပြည်နယ်က ရခိုင်ပြည်နယ်ဖြစ်လိမ့်မယ် ကိုယ်အိမ်ထဲကိုနေပြီးသူများခြံကခွေးကိုက်ခံနေရတာ အဲဒါကို ကိုယ်အကိုက်မခံရသေးလို့ဆိုပြီးထိုင်ကြည့်နေလို့ကတော့ ဒီတစ်ခြံပြီးရင်နောက်တစ်ခြံလာလိမ့်မယ် ပြောချင်တာက အခုဖြစ်နေသလိုအကြမ်းဖက်ဖြေရှင်းတာကျွန်တော်လဲမကြိုက်ပါဘူး တိုင်းပြည်ကလဲ အရေးကြီးအခြေအနေမှာရှိနေတယ် အဲဒါကြောင့် ဖြစ်နိုင်ရင် အမြန်ဆုံးဒီကုလားတွေလှိမ့်ဝင်လာတာ ကိုအမြန်ဆုံးတာပါ မတားလို့ခဏခဏလာကိုက်ရင် လေပြေအေးနဲ့မကိုက်ပါနဲ့ကွာနာလို့ဆိုပြီးတော့ ဘယ်ရခိုင်ကြာကြာစောင့်ကြည့်နေမှာမဟုတ်ဘူး အဲတော့အမြန်ဆုံးဖြေရှင်းနိုင်အောင် နိုင်ငံတော်အကြီးအကဲများကျေးဇူးပြုပြီးဖြေရှင်းပေးကြပါ မဟုတ်ရင်ခွေးသတ်ပွဲကြီး ပေါ်လာပါလိမ့်မယ်

  1. Anonymous said... :

    တရားခံလို့ စွတ်စွဲခံရတဲ့ တရားခံကိုဒေသခံတို့ က သေဒဏ်ပေးခိုင်းရင် ဘာမှ မဆိုင်ပဲ သေဆုံးသွားခဲ့ကြတဲ့ လူ ၈ဦးရဲ့ အသက်ကို သတ်ဖြတ်ခဲ့ကြတဲ့ တရားခံ ချီးစားပြီး န၀တ ခိုင်းတဲ့အတိုင်းလိုက်လုပ်တဲ့ တရားခံတွေကိုလည်းသေစားသေစေ အမိန့် အမြန်ချသင့်တယ်။

  1. Anonymous said... :

    Anyway, we have to protect our race(Rakhine), our culture, our people.
    We don't want the people who are trying to make our country as a muslim majority.
    Rohingya , they are not our race. We don't want them.

  1. Anonymous said... :

    ခံရတဲ့မိန်းခလေးက ကိုယ့်မိသားစုဝင် ကိုယ့်ညီမ၊ အစ်မဖြစ်ခဲ့ရင် ဆိုတဲ့စိတ်နဲ့ လဲစဉ်းစား အုံးနော်

  1. May said... :

    Anyway, if people revenge each other, the problem will never end. Our Buddha would definitely dislike the revenge and also the recent matters occurring in Rakhine. People should only ask for the justice of Law.
    Be careful not to be trapped in the trickery arrangement of some people.
    We must protect our goal, DEMOCRACY.
    Don't forget it.

  1. Anonymous said... :

    Whose fault ? The person who took bribe and let foreigner in or the person who paid bribe. In whatever means obtaining ID Card, they become lawful citizen of Burma. No argument. Once become citizen of Burma , every one has equal rights. No one is superior or inferior.Whether it is Buddhist , muslim or christian. The law will be against those who discriminate people based on race, color and religion.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved