ကိုကာကိုလာ မြန်မာပြည် လာမည်

Friday, June 15, 2012


အမေရိကန် ကုမ္ပဏီကြီးဖြစ်တယ် Coke ( Coca Cola ) အချိုရည် ကုမ္ပဏီကြီးဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မှာ ဖြစ်တဲ့အကြောင်း ယမန်နေ့က ကြေညာလိုက်ပါပြီ။

သမ္မတ ဦးသိန်စိန်ရဲ ပြုပြင်ပြောင်းလဲမှုတွေနောက်ပိုင်း အမေရိကန်ဘက်က ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ရဲ့ အထင်ရှား ဆုံး ကုမ္ပဏီကြီးဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှာဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး လည်းဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံကို ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ကိုကာကိုလာ ပြန်လာခြင်းဟာ မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရရန်ရှိပြီး ထိုအတွက် အမေရိကန် ဒေါ်လာ သန်း ပေါင်း ၃၀၀ လှူဒါန်းမှု အစီအစဉ်လည်းပါဝင်ကြောင်း၊ ကုမ္ပဏီ အရာရှိတယောက်ကို ကိုးကားပြီး သတင်းတွေ က ဖော်ပြ ထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved