ကျူးကျော်တွေကို တရားစွဲပြီ

Friday, June 8, 2012

~




တရားရုံးရှေ့မြင်ကွင်း

အိုးအိမ်ဦးစီးဌာနက တရားလိုလုပ်ပြီး တရားစွဲဆိုလိုက်တာကြောင့် ကျူးကျော်နေထိုင်သူတွေ အများအပြား လှိုင်သာယာမြို့ တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

သူတို့ဟာ လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းရှေ့က ဒိုင်စုကျေးရွာနဲ့ ညောင်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ပါတယ်။
စုစုပေါင်း လူဦးရေ ၃,၀၀၀ ကျော် ရှိပြီး တရားရုံးက တသုပ်ချင်းစီ ခေါ်ယူပြီး စစ်ဆေးဆုံးဖြတ်မှာဖြစ်ကြောင်း သိရပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဦးဝင်းရွှေက ကျူးကျော်တွေကို ပြောင်းရွှေခိုင်းတဲ့စာ ၊ နှင်ထုတ်တဲ့စာတွေကို သက်ဆိုင်ရာက ဘာတခုမှ မထုတ်ပြန်သလို တရားစွဲဆိုထားကြောင်းလဲ အသိမပေးဘဲ ရုတ်တရက် နံမည်စရင်း လိုက်ကောက်ပြီး တရားရုံးက သမ္မာန်စာချလိုက်တာ ဖြစ်တယ်လို့ ပြောပြပါတယ်။

တရားရုံးကိုရောက်လာကြတဲ့ ကျူးကျော်တွေကိုလည်း ခင်ဗျားတို့ကို ထောင်ချပစ်မယ်၊ ထောင်ချပစ်မယ်လို့ တရားသူကြီး ဦးသန်းလွင်က ပြောခဲ့တယ်လို့ ကျူးကျော်စာရင်းဝင် မစန်းစန်းအေးက ငိုယိုပြီးပြောပြပါတယ်။

တရားရုံးက သမ္မာန်စာချပြီး မနေ့က အမှုရင်ဆိုင်ဖို့ ချိန်းဆိုလိုက်ပါတယ်။ ရုံးရှေ့ကို ပြည်တွင်းပြည်ပ မီဒီယာတွေ အုံကြွလာပါတယ်။ အမှုကို စီရင်ချက် မချသေးဘဲ ရက်ချိန်း ထပ်ပေးလိုက်ပါတယ်။

ကျူးကျော်များ မိမိတို့နေရာသို့ ပြန်လည်ရောက်လာကြပုံ






~


1 comments :

  1. Anonymous said... :

    မရှိလို့မှ လပိချက် ချစ်စားပါတယ် ပုရွက်ဆစ်က လာတစ်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved