မီဒီယာ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး

Sunday, June 17, 2012


-


ဒီနေ့ထုတ် ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်သတင်းစာ ၂ စောင် မျက်နှာဖုံး

ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆု လက်ခံရယူတဲ့ အခမ်းအနား ပြောကြားချက်ကို နိုင်ငံတကာမီဒီယာတွေမှာ အထူးသတင်းအဖြစ် ဖော်ပြနေကြပါတယ်။

ဘန်ကောက်အခြေစိုက် The Nation နဲ့ Bangkokpost သတင်းစာတွေက ဒီသတင်းကို မျက်နှာဖုံး တင်ထားကြပါတယ်။ မိန့်ခွန်းကောက်နှုတ်ချက်တွေလည်း နေရာ အများအပြား ဖော်ပြထားကြတာကိုလည်း တွေ့ကြရမှာပါ။

ဗိုလ်ချုပ်ကြီးတို့ရဲ့ သတင်းစာမှာတော့ ဒီသတင်း ဒီဖြစ်ရပ်ကို ရေးသားတို့ထိခြင်း မရှိတဲ့အတွက် မကျေမနပ်ဖြစ်နေသူတွေလည်း မနည်းပါဘူး။

ဗိုလ်ချုပ်ကြီးတို့ရဲ့ သတင်းစာတွေက ဒေါ်အောင်ဆန်းစုကြည်ကို အဆက်မပြတ် ဝေဖန် ပုတ်ခတ်လာတယ် ဆိုတော့ ဒီသတင်းကောင်းကို မဖော်ပြထား မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။

ဝေဖန် ပုတ်ခတ် နှိပ်ကွပ်တာတွေ ရပ်နားထားတာကိုပဲ တိုးတက်မှုအဖြစ် သဘောထားတာဟာ အကောင်းမြင်ရာ ရောက်မယ် မဟုတ်လား။

ဒီရက်ပိုင်းဖြန့်တဲ့ မြန်မာ ဂျာနယ်များမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆု လက်ခံရယူခြင်း ဆိုင်ရာ သတင်းတွေ ဓာတ်ပုံတွေ ဝေေ၀ဆာဆာ အရောင်စုံစုံ ဖော်ပြကြမှာပါ။

ဒီဂျာနယ်တွေကို လက်လှမ်းမီသူများကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဆိုင်ရာ သတင်းများ၊ ဂုဏ်ယူဖွယ် သတင်းများကို တွေ့မြင် ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

-

7 comments :

  1. a said... :

    ပြုပြင်ပြောင်းလဲနေပါတယ်လို့အမြဲပြောနေတဲ့သူတွေရဲ့ရုပ်ပျက်ဆင်းပျက်စိတ်အခြေအနေကိုအားလုံးသိလိုက်ရတာပေါ့။

  1. Anonymous said... :

    Mr.Kyaw san!!!!

  1. Anonymous said... :

    မနာစိတ်ကို ထင်းကနဲ့  လင်းကနဲ မြင်လိုက်ရပါသည်။

  1. ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတင်းမီဒီယာတွေမှာ အနည်းဆုံး သတင်းတိုလေးဖြစ်ဖြစ် ဖေါ်ပြသင့်ပါတယ်။ နိုဘယ်လ်ဆုဆိုတာ ကမ္ဘာ့မီဒီယာတွေကတောင် အသိအမှတ်ပြု ဖော်ပြပေးနေတာပါ။
    ဘယ်လောက်ပဲ ပုဂ္ဂိုလ်ရေး မုန်းတီးနေပါစေ ဒီသတင်းကို လုံးဝ အမှောင်ချထားတာကတော့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်ကြီးများရဲ့ မရင့်ကျက်မှု၊ သဘောထား သေးသိမ်မှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အနှစ်သာရ အမှန်တကယ် ဖော်ဆောင်လိုစိတ် မရှိတာကို ဖေါ်ပြနေပါတယ်။
    မိမိနိုင်ငံသားတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တပ်မတော်ရဲ့ဖခင်အရင်းခေါက်ခေါက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်သွေးတစ်ဦး ဖြစ်သူ..က..
    ကမ္ဘာ့အလည်မှာ လူသိရှင်ကြား အသိအမှတ်ပြု၊ အလေးအမြတ်ပြု ခံနေရတာကို ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် ဂုဏ်ယူရကောင်းမှန်းမသိရင်တောင် သတင်းကို အမှောင်ချရလောက်အောင်ထိ မိုက်မဲစွာ မပြုမူသင့်ပါဘူး။ အထူးသဖြင့် သက်ဆိုင်ရာဝန်ကြီးရဲ့ တာဝန်ယူစိတ်၊ ဆင်ခြင်တုံတရားနဲ့ ရင့်ကျက်မှုမရှိတာကို တွေ့ရလို့ တိုင်းပြည်ရှေ့ရေးနဲ့ သမ္မတရဲ့ သဘောထားနဲ့ ဆန့်ကျင်နေတဲ့ဝန်ကြီးအတွက် များစွာစိတ်မကောင်း ဖြစ်မိပါတယ်။
    (ဘော်ဒါတယောက်ရဲ့ ကွန်မန့်ကိုကြိုက်လို့ ကူးပါတယ်။ ထပ်အကွန့်တက်ဦးမယ် ဦးကျော်ဆန်းခေါင်းဆောင်တဲ့ မြန်မာ့ပြန်ကြားရေးရဲ့ (မရင့်ကျက်မှု သဘောထားသေးသိမ်မှု မနာလိုမရှုစိမ့်ဖြစ်မှု တာဝန်မသိမှု ဆင်ခြင်တုံတရားနည်းမှု နိုင်ငံကြီးမှာလူကြီးဖြစ်သာနေရတယ် နိုင်ငံကြီးသားမပီသမှု ) အဲဒါတွေကို ဖော်ပြလိုက်တာပဲ ။ မဖော်ပြလည်းသိပြီးသား..သေချာပါတယ် ခင်ဗျားတို့ဟာ အရှက်မရှိတဲ့ အရာရှိတွေပါ..။ ကျုပ်ကွန်မန့်ကိုဖတ်ပြီး တချီလောက်ငိုလိုက်ပါဦးလား စူလဠသုဘဒ္ဒါဦးကျော်ဆန်းရေ ။ ။ ။

  1. Anonymous said... :

    ONE FOR ALL AND ALL (EXCEPT JUNTA) FOR ONE?

  1. အေတူကန် said... :

    အရပ်ဝတ်ပြောင်းထားတဲ့ နအဖရဲ့ သရုပ်သကန် အဟုတ်အမှန်သိသင့်ပြီ။

  1. အေတူကန် said... :

    မြရွှေဂူ ပတ္တမြားကိုလ
    ဖွတ်များက ငြူစူစွာ
    ရွှံ့ လူးကာတိုက်လည်း
    ပွတ်လေလေ
    ဂူရွှေမှာ အရောင်ထွက်တယ်၊
    ရှေးကထက်ကဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved