ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆု လက်ခံရယူတဲ့ အခမ်းအနား ပြောကြားချက်ကို နိုင်ငံတကာမီဒီယာတွေမှာ အထူးသတင်းအဖြစ် ဖော်ပြနေကြပါတယ်။
ဘန်ကောက်အခြေစိုက် The Nation နဲ့ Bangkokpost သတင်းစာတွေက ဒီသတင်းကို မျက်နှာဖုံး တင်ထားကြပါတယ်။ မိန့်ခွန်းကောက်နှုတ်ချက်တွေလည်း နေရာ အများအပြား ဖော်ပြထားကြတာကိုလည်း တွေ့ကြရမှာပါ။
ဗိုလ်ချုပ်ကြီးတို့ရဲ့ သတင်းစာမှာတော့ ဒီသတင်း ဒီဖြစ်ရပ်ကို ရေးသားတို့ထိခြင်း မရှိတဲ့အတွက် မကျေမနပ်ဖြစ်နေသူတွေလည်း မနည်းပါဘူး။
ဗိုလ်ချုပ်ကြီးတို့ရဲ့ သတင်းစာတွေက ဒေါ်အောင်ဆန်းစုကြည်ကို အဆက်မပြတ် ဝေဖန် ပုတ်ခတ်လာတယ် ဆိုတော့ ဒီသတင်းကောင်းကို မဖော်ပြထား မဆန်းဘူးလို့ ဆိုနိုင်ပါတယ်။
ဝေဖန် ပုတ်ခတ် နှိပ်ကွပ်တာတွေ ရပ်နားထားတာကိုပဲ တိုးတက်မှုအဖြစ် သဘောထားတာဟာ အကောင်းမြင်ရာ ရောက်မယ် မဟုတ်လား။
ဒီရက်ပိုင်းဖြန့်တဲ့ မြန်မာ ဂျာနယ်များမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆု လက်ခံရယူခြင်း ဆိုင်ရာ သတင်းတွေ ဓာတ်ပုံတွေ ဝေေ၀ဆာဆာ အရောင်စုံစုံ ဖော်ပြကြမှာပါ။
ဒီဂျာနယ်တွေကို လက်လှမ်းမီသူများကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဆိုင်ရာ သတင်းများ၊ ဂုဏ်ယူဖွယ် သတင်းများကို တွေ့မြင် ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲနေပါတယ်လို့အမြဲပြောနေတဲ့သူတွေရဲ့ရုပ်ပျက်ဆင်းပျက်စိတ်အခြေအနေကိုအားလုံးသိလိုက်ရတာပေါ့။