သမ္မတ ဦးသိန်းစိန်မိန့်ခွန်း အပြည့်အစုံ

Sunday, June 10, 2012


နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများ သို့ မေတ္တာရပ်ခံချက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ မိန့်ခွန်း အပြည့်အစုံကို တင်ပြလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများ သို့ မေတ္တာရပ်ခံချက်

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-

မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။


မိဘပြည်သူများ သိရှိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ (၂၈)ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည် နယ် ကျောက်နီမော် ဖြစ်စဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ဘာသာရေးအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ အပါအဝင် ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။


မိဘပြည်သူများခင်ဗျား-


ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှ စတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒ (၂)ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်း အားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်း လဲရေး မဟာဗျူဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုတွေ ရှိခဲ့ပေမယ့် လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု များနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်လာ ခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ဖြည့်စွက် အသစ်ပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင် ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ် ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ် အေးချမ်း သွားအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ ပါတယ်။ အလားတူ အခြား ဆက်စပ် ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါ ကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှု အတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက် ဆုံးရှုံးမှု အခြေအနေများ ကိုလည်း မိဘပြည်သူများအား အချိန်နဲ့ တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက် လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။



သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ် ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။



မိဘပြည်သူများခင်ဗျား-



လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့် ကြီးမားလာ တာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလို မှုတွေနဲ့ မင်းမဲ့စရိုက်တွေ ကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြ မယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ် အေး ချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ် လာစေ နိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြ စေချင်ပါတယ်။



ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွား မှာ ဖြစ်သလို ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့ သူများ အတွက်လည်း တရားမျှတမှု ရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထား ကြီးကြီး ထားပြီး အစစအရာရာ နားလည်ပေးကြ ဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင် ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။



ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။



မိဘပြည်သူများခင်ဗျား-



ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဟာ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှု ပတ်ဝန်းကျင်ကောင်း ရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။



တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများ ကို လေးစား လိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင် များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။



ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွား လာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။



ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြ ပါ စေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။



အားလုံးကို ကျေးဇူးတင်ပါတယ်။

သမ္မတ၏ မိန့်ခွန်း ရုပ်သံ


28 comments :

  1. May said... :

    Is that only?
    Oh my god!
    Very wise President.

  1. eytukan said... :

    Genius!

  1. Anonymous said... :

    Poor president!!! Oh Oh Oh

  1. Ko Lay said... :

    I really respect the president after hearing this speech. How humble tone he has reveals a lot about his love on the nation. He is a hero.

  1. မာဃလုလင် said... :

    အမေစုအတွက် ရခိုင်သားတဦးရဲ့ ကဗျာ (Source: Facebook)

    ချစ်ခဲ့ပါတယ်အမေရယ်
    အမေ့ကို မြင်မြင်ချင်း မျက်ရည်လည်းကျခဲ့ဖူးတယ်
    အမေလက်ဝှေ့ယမ်းပြတဲ့အခါ
    " ဟေး " ခနဲအော်လိုက်တဲ့ လူတွေထဲ
    သားလည်းပါခဲ့ဖူးတယ် . . .

    အမေရွေးကောက်ပွဲ ၀င်သည်ဖြစ်စေ
    အမေရွေးကောက်ပွဲ မ၀င်သည်ဖြစ်စေ
    အမေဟာ ကျနော်တို့ရဲ့ခေါင်းဆောင်
    အမေဟာ ကျနော်တို့ရဲ့အမေ
    တခါမှ မငြိုငြင်ခဲ့ဖူးအမေ . . .

    အမေဟာ ဗမာတို့ရဲ့အမေမဟုတ်
    အမေဟာ ကရင်တို့ရဲ့အမေမဟုတ်
    အမေဟာ ကချင်တို့ရဲ့အမေမဟုတ်
    အမေဟာ ကျနော်တို့ရခိုင်တွေရဲ့အမေမဟုတ်
    ပြည်ထောင်စုတစ်ခုလုံးရဲ့အမေလို့
    ဟောဒီရင်ထဲမှာ ဆူးစူးသလို
    မှတ်ယူ နစ်ဝင်နေခဲ့တာပါ အမေ . . .

    ကျောက်နီမော်က ရခိုင်သူလေးလည်း
    အမေရဲ့ သမီးပါပဲ အမေ
    သူဟာ လူမဆန်သူသုံးယောက်ရဲ့
    အနိုင်ကျင့်စော်ကားခံရရုံသာမက
    လည်မျိုနုန ကို ဓါးနဲ့ဟက်တက်လှီး
    မသေခင် ဘယ်လောက်ညီးတွားခဲ့ရမယ်ဆိုတာ
    ကြားယောင်ကြည့်ပေါ့ အမေ . . .

    တောင်ကုတ်မှာ မွတ်ဆလင်ဆယ်ယောက်
    ကျနော်တို့ လူမျိုးတွေထဲက စိတ်ဆတ်သူတွေသတ်မိတော့
    အမေပြောတဲ့စကားကို ကြားယောင်ပြီး သိပ်ရှက်မိတယ် အမေ
    အားကြီးသူဆိုတာ အားငယ်သူကို
    စာနာသနားရတယ် ဆိုလား ဘာဆိုလား အမေ
    ဟုတ်ပ ဟုတ်ပ . . . ကျနော် အကိုတွေ
    မလိမ်မာ တခါမိုက် ရာဇ၀င်တောင်တွင်လိုက်သေးတယ် အမေ . . .

    ဆူးလေမှာလည်း ရန်ကုန်က
    မြန်မာမွတ်ဆလင်ပါ ဆိုသူတွေလည်း ဆန္ဒပြ
    အမေက လည်း မော်လ၀ီဆိုသူကြီးတွေကိုနှစ်သိမ်

    ပြဇတ်ကနေကြတဲ့အလား တညီတညွတ်
    ကျနော်ဆို ပြည်ထောင်စုသားရခိုင်လူမျိုးဆို
    တဲ့
    ဂုဏ်တောင်ရှိလားမရှိလား မသိတော့
    ကျနော်တို့ဟာ အဘိုးဗိုလ်ချုပ်ကိုယုံလို့
    ပြည်ထောင်စုအလံအောက်ကို ခိုခဲ့ကြတာပါ အမေ
    ကျနော်တို့ထက် သူတို့က ပိုအရေးကြီးနေသလား ???

    အခု မောင်တောမြို့မှာ ကျနော်တို့ သားချင်းတွေ
    မီးလောင်တိုက်သွင်းခံရ ဓါးနဲ့ခုတ်ခံရ ဒုတ်နဲ့ရိုက်ခံရ
    ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဒေသမှာ
    ဒီလိုလုပ်ခံရတာအမေ . . . ပြောပါဦးလေ
    အားကြီးသူတွေ . . . အားနွဲ့သူတွေ . . .

    အခုတော့နားလည်သွားပြီအမေ
    မော်လ၀ီတွေကို နှစ်သိမ့်ခဲ့သမျှ
    ပြည်ထောင်စုသားရခိုင်တွေဘက်ကြေ
    တာ့
    လှည့်တောင် အကြည့်မခံရတဲ့ဘဝ
    နာတယ် အမေ နာတယ်
    ဟောဒီ ရင်ဘတ်က တဆစ်ဆစ်နာတယ် . . .

    ဟိုးနှစ်ပေါင်းထောင်ချီဆီက
    အမေတို့နဲ့တနွယ်ထည်းစီးဆင်းခဲ့
    တဲ့သွေးတွေကလည်း
    နာတယ် အမေ နာတယ်
    အခုတော့ ကျနော်တို့ရခိုင်တွေမှာ
    အဘိုးဗိုလ်ချုပ်လည်း ကွယ်လွန်သွားပြီ
    အမေ ကိုလည်း မေ့လိုက်ပါပြီ
    နေသာသလို နေပါအမေ
    မနေသာတဲ့ သားတို့ ညီအကို နိုင်ငံသားတွေ
    လေညာကဆင်းပြီး ၀င်ပါကြပါလိမ့်မယ် . . .

    နေသာသလိုသာ နေလိုက်ပါတော့အမေ
    ကျနော်တို့လည်း နာသာသလိုသာ နာလိုက်ပါတော့မယ် . . .

    မာဃလုလင်

  1. emerald.www said... :

    ရေပိုင်နက်တွေလည်းပါသွားပြီးပြီ...အခု မြေပိုင်နက်ပါ ပေး၇မှာလား..လုံးဝမဖြစ်နိုင်ဘူး..ဘာပဲပြောပြော ရိုဟင်ဂျာ နဲ့ ဘင်္ဂါလီ တူတူပါပဲ ...ဒီကောင်တွေက ကျူးကျော်စစ်နဲ့ ဘာသာရေးစစ်ကို တပြိုင်တည်း ဆင်နွှဲနေတာ..ငါတို့က ကျူးကျော်စစ်ကို ခုခံယုံပဲ ခုခံနေတာ..ဒါကိုမှ ဘာသာရေးပရိပက္ခလို့ ရည်ညွှန်းလာလည်းးစွပ်စွဲလာရင် တော့ အယ်လ်ကိုင်းဒါးလည်းဂရုမစိုက်ဘူးကွာ..မြန်မာနိုင်ငံထဲ အေးအေးဆေးဆေးနေတဲ့ သူတို့ဘာသာ သူတို့ယုံကြည်ကိုးကွယ်နေတာ ဘာမှ မနှောက်ယှက်ဘူး...အေးးဒါပေမယ့် ဘာသာရေးအရေခြုံ ...နယ်မြေကျူးကျော်ဖို့ ကြံလာရင်တော့ အားလုံ့းကမ္ဘာကသိအောင်လုပ်ပြီး ရဲရဲဝံ့ဝံ့ တိုက်ထုတ်ပစ်ရမှာပဲ..ဘာသာစကား ကျွမ်းကျင်သူတွေ ...အင်္ဂလိပ်လို ကျွမ်းသူက အင်္ဂလိပ်လို ဂျပန်လို ရသူက ဂျပန်လို နဲ့ ...ကမ္ဘာက သိအောင် ပြောပြကြစမ်းပါ။...ဒီကျူးကျော်ရန်စလာတာကို ...ငါတို့တွေရဲ့ ...ကိုယ့်နိုင်ငံကို ကာကွယ်ဖို့လိုအပ်လာရင် ဘယ်သူမှ..ဘယ်နိုင်ငံမှ ဂရုမစိုက်ဘူး...ငါတို့မြေကို တလက်မတောင်မထိနဲ့ ..မရဘူး..ဆိုတာ ကမ္ဘာက သိအောင် ပြောပေးကြစမ်းပါ...

  1. mg wuntho said... :

    ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ်မောင်ဝန်းသို၏ သဘောထားကြေညာချက် -


    ငါတို့ မြန်မာ စစ်တပ် သည် ငါတို့ မြန်မာ လူမျိုးများ အတွက်သာ ဖြစ်သည်။။
    တခြားလူမျိုးခြားများ အတွက် ကျည်ဆံမရှိပေ။

  1. mg wuntho said... :

    အဘရေ ပြန်ခေါ်မယ်ဆိုလည်း၊ နေပြည်တော်မှာသာထားလိုက်ပါ။

    ဒီဇင်ဘာ ၆ ရက် ၂၀၁၁ တွင် ဘင်္ဂလားဒေရှ် ၀န်ကြီးချုပ် ရှခ်ဟာစီနာ အား
    သမတဦးသိန်းစိန်မှ ဘင်္ဂလားနယ်ထဲ ရောက်ရှိနေသည့် မြန်မာပြည်ဘက်
    မှ ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကတိပေးခဲ့ ...

    Chittagong, Bangladesh: Burmese President U Thein Sein gave the
    assurance to Prime Minister Sheikh Hasina during official talks at the
    President's Office in Nay Pyi Taw on December 6 to take back
    Rohingya refugees from Bangladesh after verification by Burmese
    authorities, according to Government official.

  1. KSEAMAN said... :

    ရခိုင်တိုင်းရင်းသားများကိုကာကွယ်စောင့်ရှောက်ကြပါ ပြည်ထောင်စုတိုင်းရင်းသားများအားလုံးရခိုင်တိုင်းရင်းသားများကိုဝိုင်းဝန်းထောက်ခံကြပါ ရိုဟင်ဂျာများကိုဝိုင်းဝန်းဆန့် ကျင်ကြပါ

  1. sis min aung said... :

    အန်တီစုနဲ့  NLD ပါတီအနေနဲ့ ထုတ်ပြန်ထားတဲ့ ကြေငြာချက်က မလုံလောက်ပါဘူး...
    အန်တီစု ကိုယ်တိုင် ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူးဆိုတာ ကို ကြေငြာပေးပါ...
    အဲဒီလို ကျွန်တော်တို့ တွေနဲ့ တသားတည်း မရပ်တည်နိုင်ဘူးဆိုရင်...
    အခုအချိန်ကစပြီး NLD နဲ့ အန်တီစုကို သပိတ်မှောက်ပါမယ်...

  1. ganann said... :

    မြန်မာနိုင်ငံအတွင်းမှာ လက်ခံမယ်ဆိုရင်တောင် ဒုက္ခသည်အဖြစ်ကလွဲရင် ကျန်တဲ့အနေအထားမျိုးနဲ့ လုံးဝမဖြစ်သင့်ပါ။ စခန်းနေရာတခုသတ်မှတ်ပေးပြီး မနက်ဘယ်အချိန်ကနေ ညဘယ်အချိန်အထိပဲ စခန်းအပြင်ထွက်ခွင့်ပြုတယ်ဆိုတာမျိုး ၊ နိုင်ငံသားတွေနဲ့ လက်ထပ်ထိမ်းမြားခွင့်မပြုတာမျိုးတွေနဲ့ပဲ လက်ခံပါ။ တခြားအခွင့်အရေးတွေကို လုံးဝမပေးသင့်ပါ။ ဧည့်နိုင်ငံသားတို့၊ ကာလရှည်နေထိုင်ခွင့်တို့ ဆိုတာတွေကိုလုံးဝလက်မခံပါ။ ကျွန်တော်တို့ပြည်သူအားလုံးက စောင့်ကြည့်ကန့်ကွက်ကြပါစို့။
    လေးစားစွာဖြင့်

  1. NyanHtet said... :

    မဆလခေတ်
    န၀တခေတ်
    နအဖခေတ်
    စစ်အာဏာရှင် အဆက်ဆက် အာဏာပိုင်တွေက မဟားဒယား ငွေယူ
    ကုလားပေါင်းစုံ မြန်မာပြည်ထဲသွင်း
    ကိုယ့်ပါတီ မဲရဘို့ အတွက် ကုလားကို စည်းရုံး တနပ်စားဥာဏ်နဲ့
    မှတ်ပုံတင် ထုတ်ပေး
    ဒီလို လုပ်ချင်တာ လုပ်ခဲ့တဲ့ ပြသနာတွေက ဒီနေ့ ဒီအချိန်မှာ
    စုပြုံ ဒုက္ခပေးကြတာ
    နောက်ဆုံး တို့ သွေးချင်းတိုင်းရင်းသားတွေဘဲ နစ်နာတယ်

  1. JungleBoy said... :

    ရိုဟင်ဂျာပြဿနာဟာ ဒီလောက်နဲ့ပြီးသွားမယ်မထင်ပါနဲ့။ ထိုင်းနိုင်ငံတောင်ပိုင်းမှာမွတ်ဆလင်တွေ တဖြည်းဖြည်းများလာပြီး အခုဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေတောင်းထိအဆင့် ရောက်နေပြီ။ ဖိလိပ်ပိုင်မှာဆိုရင်လည်း မင်ဒါနာအိုကျွန်းကို သီးခြားနိုင်ငံထူထောင်ဖို့ တောင်းဆိုနေကြပြီ။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့လူမျိုးစုအနွယ်ထဲမှာ မပါတဲ့အကြောင်း ကမ္ဘာကသိအောင်လုပ်ဖို့အတွက် မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် မီဒီယာတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို ကမ္ဘာ့ခေါင်းဆောင်တွေအပေါ်မှာ သြဇာညောင်းတဲ့သူတွေက ပြတ်ပြတ်သားသားပြောဖို့ လိုနေပါပြီ။ ဒါဟာအမျိုးသားရေး ပြဿနာပါ။ နိုင်ငံရဲ့အနောက်ဘက် တံခါးပေါက်ဖြစ်တဲ့ ရခိုင်ပြည်နယ်ကို အထူးသတိထားပြီးကာကွယ်ဖို့လိုပါတယ်။

  1. KHZ1994 said... :

    ၁၉၉၅ ခုနှစ် ကျွန်တော်မူဆယ်ဖက်ကို သွားတော့ လမ်းမှာ ခရီးသွားရင်း သီပေါက လဝကဝန်ထမ်း တစ်ဦးနှင့် ခင်မင်မိပါသည်။ မူဆယ်ရောက်တော့ ကျွန်တော့်ကို ဧည့်သည်ဆိုပြီး သူတို့ရုံးကိုခေါ်သွားကြပါသည်။ ရုံးရောက်တော့ ဝန်ထမ်းတွေအလှည့်ခွဲကြတာတွေ့ရပါတယ်။ ကျွန်တော်နဲ့လမ်းမှာ ခင်မင်ခဲ့သူက သူ၏ သူငယ်ချင်းများနှင့် မိတ်ဆက်ပေးပါသည်။ ပြီးတော့ သူတို့ ဖာသာသူတို့ဝေစုခွဲနေကြပါသည်။ တစ်ယောက်က ဒီနေ့ ဘယ်နှစ်ကဒ်ထုတ် ရသလဲလို့မေးပါတယ်။ နောက်ပိုင်းသူရှင်းပြတာက နေ့စဉ် မှတ်ပုံတင် တစ်ယောက်(၃)စောင်ခန့် ဦးစီးမှူးက လက်မှတ်ထိုးပါတယ်တဲ့။ သူတို့အဆိုတစ်ကဒ် ထိုအချိန်က(၃)သိန်း (Sunny Pickup တစ်စီးတစ်သိန်းခွဲလောက်ရှိချိန်) ရကြပါသည်တဲ့။ သူတို့ရေမသောက်ပဲ ဘီယာသာသောက်ကြပါသည်။ ကျွန်တော်လည်းအဲဒီနောက်ပိုင်း ထိုမိတ်ဆွေကို ထပ်မဆုံဖြစ်တော့ပါ။ အခုဆို ၁၇ နှစ်တောင်ကြာခဲ့ပါပြီ ... ဆိုတော့ကာ ၁၉၉၅ ကထဲကဆိုရင် အခု Mandaly မှာ မြန်မာစကားမတတ်သူတွေ ဘာကြောင့်ပေါနေတာလဲ၊ အခုလည်းမောင်းတောမှာ ဘာလို့ ဘင်ဂါလီတွေပေါနေတာလဲလို့ မေးနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရဟာ သူစိုက်ခဲ့တဲ့ အပင်ရဲ့ အသီးကို သူရိတ်သိမ်းနေရပါပြီ။

  1. kyawwonna said... :

    တိုင်းရင်းသားချင်း ကိုယ့်ဘာသာ အပေါ်မှာသာ
    ထိထိရောက်ရောက် အပြတ်ကိုင်တွယ်ရဲတဲ့ စစ်တပ် နဲ့ ရဲ တွေဟာ ကုလားနဲ့ ပတ်သက်ယင် သိပ်ကြောက်
    တတ်တယ်ဆိုတာ ဒီပွဲမှာ မြင်ရပါတယ်။ကျောက်နီမော်က ရခိုင် မလေးကို မူဆလင်ကုလား၃ ယောက် မုဒိန်းကျင့်ရက်
    စက်စွာ သတ်ဖြတ်လိုက် ကတည်းက တရားခံကိုထိရောက် ပြတ်သားစွာ အရေးယူနိုင်ရ ပါမယ်။
    ဒီလိုဖြစ်ကတည်းက ဘာသာရေး လူမျိုးရေး အဓိက ရုဏ်းဖြစ်နိုင်လို့ မူဆလင် ဘာသာရေး ခေါင်းဆောင်
    တွေနဲ့ညှိ ချက်ချင်း ထိထိရောက်ရောက်ရှင်း လင်းပစ်ရပါမယ်။တစ်နိုင်ငံလုံးကိုစစ်တပ် ရဲနဲ့ ကြိုတင်တားဆီး
    ကာကွယ်ဘို့ဆောင်ရွက်ရ ပါမယ်။ပွင့်လင်းတဲ့သတင်းထုတ်ပြန်မှု လုပ်ရပါမယ်။
    ဒီကြားထဲမှာ တောင်ကုတ်မှာ လူတစ်စုကမွတ်ဆလင်
    ဘာသာရေး ဆရာတွေကို တရားမဲ့ ရက်စက်စွာ သတ် ပစ် လိုက်ပါတယ်။ဥပဒေ လက်တကမ်းမှာ မတားဆီး
    မကာကွယ်နိုင်ဘဲ ဒီလိုရက်စက်မှုဟာဥပဒေ မဲ့လွန်းပါတယ်။မြန်မာပြည် တွင်းမှာ ဥပဒေ လုံးဝ မစိုးမိုးဘူးဆို
    တာ ပြရာရောက်ပါတယ်။အွန်လိုင်းပေါ်မှာ ကုလားဆိုအကုန်သတ်။ရပ်ကွက် ထဲမှာ ကုလားဆို အကုန်သတ်
    လို့ တွင်တွင်အော်ပြီး အမှန် တကယ် ခံလိုက်ရသူတွေက ရခိုင် တိုင်းရင်း သားတွေပါ။ လူချင်းယှဉ်လိုက်လို့
    ရက်စက်တတ်တဲ့ နှလုံးသားမရှိတဲ့တိုင်းရင်းသားတွေခံရတာဓမ္မတာပါ။ဒီလိုအခြေအနေမှာ ဟိုလို သတ်ပါ
    ဒီလိုသတ်ပါဆိုတဲ့ မြန်မာများသတိထား ကြပါ။
    ကမ္ဘာ့နိုင်ငံအနှံ့ ကျွန်ခံနေရတာက တို့ မြန်မာများဖြစ် ပါတယ်။ဒီလိုပြသနာတွေ မငြိမ်းချမ်းယင် ကုလားတိုင်း
    ပြည်မှာ နေထိုင်လုပ်ကိုင်ရတဲ့ မြန်မာတွေအလွန်အန္တရာယ်များလွန်းပါတယ်။တစ်စုံတစ်ခုဖြစ်လို့ ပြည်တွင်းမှာ
    တောင် မကယ်နိုင်တဲ့ အစိုးရဟာ ပြည်ပမှာဆိုဝေလာဝေးပါ။တိုင်းရင်းသားချင်း ကိုယ့်ဘာသာ အပေါ်မှာသာ
    ထိထိရောက်ရောက် အပြတ်ကိုင်တွယ်ရဲတဲ့ စစ်တပ် နဲ့ ရဲ တွေဟာ ကုလားနဲ့ ပတ်သက်ယင် သိပ်ကြောက်
    တတ်တယ်ဆိုတာ ဒီပွဲမှာ မြင်ရပါတယ်။
    ဒီလိုအခြေအနေမှာ ဦးနှောက်နဲ့ စဉ်းစား လုပ်ကိုင်သင့်ပါတယ်။အာဏာရှင် အဆက်ဆက်က လ၀က တွေ
    လုပ်ချင်ရာလုပ်ခဲ့တဲ့ အကျိုးဆက်ကို တိုင်းရင်းသား ရခိုင်တွေ ခံနေရတာပါ။

  1. Anonymous said... :

    ဘင်္ဂလီ သုံးယောက် စလုံး လုံးဝရှေ့နေ မဌားဘူး။ လည်လှီးသတ်ခဲ့တယ်။(တော်ရုံတန်ရုံ လူမလုပ်ရဲဘူး။) ချက်ချင်းအမီခံတယ်။ အသေခံတယ်(အသေခံ ဗုံးခွဲသူတွေနဲ့ အတူတူပဲနော်။ )ကုလား၁၀ယောက်လာမှာ မြို့လူထုက ကြိုသိတယ်။ လှုံ့ဆော်ထားတယ်။ ပါတီနိုင်ငံရေး လုံး)မဟုတ်ဘူး။အမျိုးသား နိုင်ငံရေး။တကမ္ဘာလုံးအမြင်နဲ့ ၀ိုင်းကြည့်ပေးပါ။

  1. zabutalu said... :

    ရိုဟင်ဂျာအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားတဲ့အပြောအဆိုတွေကို အရမ်းကို မြင်ချင်ကြားချင်ပါတယ်။ ဒီမိုကရေစီအရေးဘန်းပြပြီး ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်ရမယ့်အဖြစ်ဆိုးမျိုးကို မြန်မာတိုင်းရင်းသားတစ်ရပ်လုံးက ဘယ်တော့မှ အလိုမရှိပါဘူး။

  1. ordinaryguyz said... :

    မူစလင်တွေကို စော်ကားတာတော့မဟုတ်ဘူး..သူ့ ဘာသာသူ စီးပွါးရေးကောင်းရောင်းကောင်းဝယ်လုပ်စားနေသူအများကြီးပါ..
    မြန်မာလူမျိုး တိုင်းရင်းသားလဲမဟုတ် လွန်ခဲ့သောနှစ်များစွာက
    အခြေချနေထိုင်သူမြန်မာ မှတ်ပုံတင်ကိုင်ဆောင်ထားသူမိဘများ
    ကဆင်းသက်သူလဲမဟုတ်ပဲ ဒီလူတွေကို တော့ အသိအမှတ်
    မပြုနိုင်ဘူး..ဒီလို ဥပဒေမဲ့ စော်ကားလူသတ်တာကို လဲရှုံ့ ချ
    တယ်..ဟို ဗလီ ဆရာ ၁၀ ယောက်ကို သတ်တာလဲ တရားဥပဒေမဲ့မို့ ရှုံ့ ချတယ်..တပ်မတော်ကြီးဒီတစ်ခါတော့
    အင်အားမရှိတော့ပါလား...

  1. Anonymous said... :

    ၂၀၁၀မှာ ကြံ့ဖွတ်ကို မဲ့မပေးခဲ့တာနဲ့တင် ကျွန်တော်တို့ ရခိုင်တွေအားလုံး ရဲ့ သွေးစည်းညီညွတ်မူနဲ့ အမျိုးသားရေး စိတ်ဓါတ်ကို မြင်နိုင်ပါတယ်။ အခုတော့ အစိုးရရဲ့ လုပ်ဇာတ်ကိုပဲ ရခိုင်တွေက ကပေးနေရသလိုလို တွေ ရေးနေတာ တွေ့ရတာ အသတ်ခံ၇ တာနဲ့ထပ်တူ အသည်းနာတယ်။ ဘယ်ဘလော့ကမှ အမှန် မတင်ပေးလို့ Aရာဝတီမှာ ၀င်ရေးရတာ ခွင်လွှတ်ပါ။

  1. Eleven Media Group said... :

    Weekly Eleven -
    ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်) ရေကန်ကို ဘင်္ဂါလီအမျိုးသမီး နှစ်ဦးလာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျင်အမြန် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။

  1. Anonymous said... :

    ခင်ဗျားတို့လို ပြည်ပရောက် နိုင်ငံသားတွေ အတွက်ပါ စဉ်းစားပြီး အဓိပါယ် အများကြီးပါတဲ့ စကားတွေကို ထိန်းပြီး ပြောသွားပေးတာပါ။ တကယ်နားလည်အောင် သေချာဖတ်ပါ။ကျွန်တော်တို့က သေခါနီးတွေ ခင်ဗျားတို့လို သေခါဝေးတွေလက်ထဲ တိုင်းပြည်ထားခဲ့ရမှာ။ စာများများဖတ်ပါ။ ခင်ဗျားတို့ ပိုတော်မှာပါ။

  1. မင်းဇော်ဦး said... :

    တစ်ချို့ပြဿနာတွေနဲ့ ပတ်သက်လာယင်တော့ နိုင်ငံတကာမှာ လူကြိုတ်များတဲ့လေသံမျိုးပစ်လို့ရပေမယ့် အမျိုးသားလုံခြုံရေး အမျိုးသား အကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ လူကြားမကောင်းပေမယ့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ခေါင်းဆောင်တွေ လိုပါလိမ့်မယ်။ စစ်ဆန့်ကျင်ရေး လေသံပစ်ပြီးမဲဆွယ်ခဲ့တယ် နိုဘယ်ဆုကြီးရခဲ့တယ် ဆိုတဲ့ သမ္မတ အိုဘားမားလက်ထက်မှာ ပါကစ်စတန်မှာ ခိုနေတဲ့ အကြမ်းဘက်သမားတွေကို သမ္မတ ဘုတ်ရှ်ထက်တောင် ပိုသုတ်သင်ခဲ့ပါတယ်။ နိုင်ငံတကာဥပဒေတွေနဲ့ မညီတာကိုသိပေမယ့် အိုစမာဘင်လာဒင်ကို လက်နက်ပါမပါအကြောင်းမဟုတ် အသေပစ် ရှင်းခိုင်းပြီး အလောင်းတောင် ပင်လယ်ထဲကန်ချခိုင်းခဲ့တာ အိုဘာမားပါ။ ဂွန်တာနာမိုအကျဉ်းစခန်းကို ပိတ်မယ်ဆိုပြီး မဲဆွယ်ချိန်မှာ အသံကောင်းဟစ်ခဲ့ပေမယ့် လက်တွေ့မှာ လုံခြုံရေးလိုအပ်ချက်တွေ အရဆက်ထား ခိုင်းခဲ့တာ ကလည်း အိုဘားမားပါ။

  1. Thet Maung Maung said... :

    မိုးပေါ်ချည်းပဲ ထောင်ပစ်နေတာကို၊ ဘုန်းကြီးနဲ့ကျောင်းသားမှ မဟုတ်တာ

  1. shwemanthu said... :

    FBမှာ ရခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့
    အပြောအဆိုတွေ တွေ့နေရပါတယ်. ဒေါ်အောင်ဆန်းစုကြည် ဟာဒီကိစ္စကို ဘာလို့
    မဖြေရှင်းပေးတာလဲ.. ဒီကိစ္စမှာ ဘာမှဝင်ပြောတာမရှိဘူး ကုလားတွေရဲ့ အမေစုလို့
    ကလေးကလား အတွေးတွေနဲ့ လျှောက်ပြောနေကြပါတယ်... ဒီလိုပြောနေတဲ့လူတွေဟာ
    တစ်ကယ် ကလေးအတွေးပဲရှိလို့လား ဒါမှမဟုတ် NLD နဲ့ ပြည်သူတွေကို ရန်တိုက်ပေးနေတာလားလို့
    ထင်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မဟုတ်ပါဘူး. ဝန်ကြီးလည်း
    မဟုတ်ပါဘူး.. ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရမဲ့ ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်..
    သူမမှာ ဘာလုပ်ပိုင်ခွင့်အာဏာမှ အစိုးရက ပေးအပ်ထားခြင်းမရှိပါ.. သူမဟာ
    ရိုးရိုး လွှတ်တော် အမတ် ၁ဦးမျှသာဖြစ်ပါတယ်.. သူမမှာ တာဝန်ရှိတယ်လို့
    ယူဆရင် ကျန်တဲ့လွှတ်တော် အမတ်တွေကိုလည်း တာဝန်ယူဖို့တောင်းဆိုရမှာပါ..
    ဘာလို့သူမ တစ်ယောက်တည်းက တာဝန်ယူရမှာလဲ.. ပြည်တွင်းမှာ
    ဆူပူမှုဖြစ်တိုင်းဖြစ်တိုင်း အာဏာရှင်နဲ့ စစ်တပ်ကပဲ နှိမ်နှင်းခဲ့တာပါ..
    အခုလည်း သမ္မတကြီးနဲ့ ပြည်သူသာလျင် အမိ ပြည်သူသာလျင် အဖလို့ ပြောနေတဲ့
    တပ်မတော်ကြီးက တာဝန်ယူဖြေရှင်းပေးရမှာပါ.. ဒီပြဿနာမှ မဖြေရှင်းနိုင်ရင်
    သမ္မတ မလုပ်သင့်တော့ပါဘူး... တပ်မတော်ဆိုတာ ကိုယ့်တိုင်းပြည်နဲ့ ပြည်သူတွေရဲ့
    လုံခြုံရေးကို တာဝန်ယူဖို့ ဖွဲ့ခဲ့တာပါ.. ဒီလုံခြုံရေးကိုမှ တာဝန်မယူနိုင်ပဲ အမျိုးသမီး
    ၁ယောက်အပေါ်ကိုပဲ အပြစ်တင် ဝိုင်းကဲ့ရဲ့နေမယ်ဆိုရင် တပ်မတော်ဟာ မရှိရင်
    အကောင်းဆုံးပါပဲ.. လူတိုင်းကိုယ့် တာဝန်ကိုယ်ကျေဖို့ လိုပါတယ်.. လူသန်းပေါင်း
    ၆၀ ရဲ့ တာဝန်ကို ၁ယောက်ထဲက ယူလို့ မရနိုင်ပါဘူး.. ၈၈ အရေးအခင်းတောင်
    စစ်တပ်က ဖြိုခွင်းနိုင်ခဲ့သေးတာပဲ ၈၈ အရေးအခင်းဆိုတာ ၁နိုင်ငံလုံးက အုံကြွခဲ့တာပါ..
    အခုဟာ ပြည်နယ်၁ခုပဲရှိသေးတယ်.. ဒါကိုမှ အစိုးရနဲ့ တပ်မတော်က မဖြေရှင်းနိုင်ရင်
    နိုင်ငံ ၁နိုင်ငံကများ ကိုယ့်မြန်မာပြည်ကို ကျူးကျော်လာရင် ဘယ်လိုကာကွယ်ကျမတုန်း?

  1. shwemanthu said... :

    FBမှာ ရခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့
    အပြောအဆိုတွေ တွေ့နေရပါတယ်. ဒေါ်အောင်ဆန်းစုကြည် ဟာဒီကိစ္စကို ဘာလို့
    မဖြေရှင်းပေးတာလဲ.. ဒီကိစ္စမှာ ဘာမှဝင်ပြောတာမရှိဘူး ကုလားတွေရဲ့ အမေစုလို့
    ကလေးကလား အတွေးတွေနဲ့ လျှောက်ပြောနေကြပါတယ်... ဒီလိုပြောနေတဲ့လူတွေဟာ
    တစ်ကယ် ကလေးအတွေးပဲရှိလို့လား ဒါမှမဟုတ် NLD နဲ့ ပြည်သူတွေကို ရန်တိုက်ပေးနေတာလားလို့
    ထင်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မဟုတ်ပါဘူး. ဝန်ကြီးလည်း
    မဟုတ်ပါဘူး.. ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရမဲ့ ကိစ္စမဟုတ်ဘူးလို့ထင်ပါတယ်..
    သူမမှာ ဘာလုပ်ပိုင်ခွင့်အာဏာမှ အစိုးရက ပေးအပ်ထားခြင်းမရှိပါ.. သူမဟာ
    ရိုးရိုး လွှတ်တော် အမတ် ၁ဦးမျှသာဖြစ်ပါတယ်.. သူမမှာ တာဝန်ရှိတယ်လို့
    ယူဆရင် ကျန်တဲ့လွှတ်တော် အမတ်တွေကိုလည်း တာဝန်ယူဖို့တောင်းဆိုရမှာပါ..
    ဘာလို့သူမ တစ်ယောက်တည်းက တာဝန်ယူရမှာလဲ.. ပြည်တွင်းမှာ
    ဆူပူမှုဖြစ်တိုင်းဖြစ်တိုင်း အာဏာရှင်နဲ့ စစ်တပ်ကပဲ နှိမ်နှင်းခဲ့တာပါ..
    အခုလည်း သမ္မတကြီးနဲ့ ပြည်သူသာလျင် အမိ ပြည်သူသာလျင် အဖလို့ ပြောနေတဲ့
    တပ်မတော်ကြီးက တာဝန်ယူဖြေရှင်းပေးရမှာပါ.. ဒီပြဿနာမှ မဖြေရှင်းနိုင်ရင်
    သမ္မတ မလုပ်သင့်တော့ပါဘူး... တပ်မတော်ဆိုတာ ကိုယ့်တိုင်းပြည်နဲ့ ပြည်သူတွေရဲ့
    လုံခြုံရေးကို တာဝန်ယူဖို့ ဖွဲ့ခဲ့တာပါ.. ဒီလုံခြုံရေးကိုမှ တာဝန်မယူနိုင်ပဲ အမျိုးသမီး
    ၁ယောက်အပေါ်ကိုပဲ အပြစ်တင် ဝိုင်းကဲ့ရဲ့နေမယ်ဆိုရင် တပ်မတော်ဟာ မရှိရင်
    အကောင်းဆုံးပါပဲ.. လူတိုင်းကိုယ့် တာဝန်ကိုယ်ကျေဖို့ လိုပါတယ်.. လူသန်းပေါင်း
    ၆၀ ရဲ့ တာဝန်ကို ၁ယောက်ထဲက ယူလို့ မရနိုင်ပါဘူး.. ၈၈ အရေးအခင်းတောင်
    စစ်တပ်က ဖြိုခွင်းနိုင်ခဲ့သေးတာပဲ ၈၈ အရေးအခင်းဆိုတာ ၁နိုင်ငံလုံးက အုံကြွခဲ့တာပါ..
    အခုဟာ ပြည်နယ်၁ခုပဲရှိသေးတယ်.. ဒါကိုမှ အစိုးရနဲ့ တပ်မတော်က မဖြေရှင်းနိုင်ရင်
    နိုင်ငံ ၁နိုင်ငံကများ ကိုယ့်မြန်မာပြည်ကို ကျူးကျော်လာရင် ဘယ်လိုကာကွယ်ကျမတုန်း?

  1. I will b waiting for u at GawWein Zate said... :

    Blogger shwemanthu said...

    FBမှာ ရခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့
    အပြောအဆိုတွေ တွေ့နေရပါတယ်. ဒေါ်အောင်ဆန်းစုကြည် ဟာဒီကိစ္စကို ဘာလို့
    မဖြေရှင်းပေးတာလဲ.. ဒီကိစ္စမှာ ဘာမှဝင်ပြောတာမရှိဘူး ကုလားတွေရဲ့ အမေစုလို့
    ကလေးကလား အတွေးတွေနဲ့ လျှောက်ပြောနေကြပါတယ်... ဒီလိုပြောနေတဲ့လူေ

    .........

    I saw that too. ShweManThu.

    those are ' brainless twit ' . your guess may be right .

    Or
    they do not what to say in words in correct way. and they are lack of knowledge.

    Just ' Pauk Pan Zay, Ah Sint Ah Tan Ma Sheet Shauk Pyaw Tae Loth Tar Hmat Htar LIte ' .

    Yes, it is true ,this is not D A S S K's major role. Party only issue a statement. That is all their mandate.

    some people who do not have brain , whatever they think in their mind, .. they expect D A S S K to do everything they have come up in the mind.

    And they are not aware of this. That is called ' lack of insight ' .
    Another group of people is ..

    ' AH Paw Tan Zarr' . by saying criticizing in groundless way, all those in same class will think in that way. That is ' under class support under class ' ( - Birds of the same feather flock together )- Ma-Thu-Daw Chin - Pyaw-Mwayt Ta Lwayt- Lwayt), that is the equivalent Myanmar saying.

    another group is just " LOOSE-tongued ' . ( ARR Chaung ) . they know how to say in Myanmar and English and also understand quite well.

    They are just ' blending, and stirring ' - we can label them as ' blender and stirrer.

    They are very dangerous to community. to every community. Not only Myanmar country . Everywhere in the world . Such blenders and stirrers are to be discovered and destroyed.

    The essence is all people/ readers/ Myanmar need to get promoted their general knowledge and judgement. To do so, one has to study history, be alert, and get good guidance and think carefully. for some it is difficult . it takes long time to understand those things clearly. Need reading and guidance.
    for those who have basic knowledge /and history knowledge , they just need to be refreshed/upgraded their knowledge and skills.

    If you don't know, ask the good knowledgable people like Maung Wan Tha , U Win Tin, Zaw Gyi, Min Thu Woon, WW II history/DVDs - to name a few .. u don't have to accept all of their policy . Just to widen knowledge.
    Well. people who are living from hand to mouth everyday have no time to read/ study those things. Well then, that is why it is the duty of good journos, writers, and authors, historians have to educate public in different ways/ means, i e, Haw Pyaw Pwe, articles, short story, news, ..something Quality Media.

    Well.......to say about these...it will take long long time here. .....Keep on swimming keep on swimming.
    Summary .D A S S K does not need to play a role here in this issue at this stage. Time is not up yet.

    She knows what to do and when to do.
    U S knows what to do and when to do.
    Nay Pyi Daw knows what to do and when to do.
    There are two actions needed. viz,

    1. Immediate action (that is implemented )

    2. Long ranged action ( to be implemented )

    3. Removal of precipitating factors and Perpetuating factors ( long long long ranged plans )

    by YanGon Tharr neth ShweManThu Naw, don't forget hahaha.

  1. Bamar said... :

    100% agree with Ko Min Zaw Oo.
    Save our Rakhine race. Why our people have to run, this is our country.

  1. Anonymous said... :

    To
    I will b waiting for u at GawWein Zate
    AH LON PAW PAY THI. D

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved