"ငါ့ကို စည်းရုံးနေလို့ အပိုပဲ"

Sunday, June 24, 2012

~


LONDON, ENGLAND - JUNE 21:  Myanmar opposition leader Aung San Suu Kyi addresses both Houses of Parliament inside Westminster Hall on June 21, 2012 in London, England. The Burmese opposition leader is on a four-day visit to the UK.

ဗြိတိန်ပါလီမန်မှာ မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ -Getty Images)

ဇွန် ၂၁ ရက်နေ့က ဗြိတိန်ပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ချက် ဖြစ်ပါတယ် -

ကျမ ဗြိတိန်နိုင်ငံမှာ နေစဉ်ကလည်း မဲဆန္ဒပေးခွင့် တစ်ခါမှ မရှိခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသူဘ၀မှာတော့ မဲပေးခွင့် မရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေကို မဲဆန္ဒ ပေးဖြစ်အောင် ပေးကြဖို့ ဆော်သြပါတယ်။ ကျမ တိုက်တွန်းသလို လုပ်မလုပ်တော့ ကျမ မသိပါဘူး။

ကိုယ်ရထားတဲ့ အခွင့်အရေးကို ကိုယ်က မလေးစားရင် ပျောက်ကွယ် သွားနိုင်ဖွယ်ရှိပါတယ်။ မိမိကိုယ်မိမိ နိုင်ငံရေးထက်မြင့်တယ်လို့ ထင်သူတွေကို ပြောချင်ပါတယ်။ နိုင်ငံရေးကို ကျမတို့ အပေါ်မှာရှိတယ် သို့မဟုတ် အောက်မှာ ရှိတယ်လို့ မမြင်သင့်ပါဘူး။ နိုင်ငံရေးဆိုတာ ကျမတို့ နေ့စဉ်ဘ၀ရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်တယ်။

ကျမ အိမ်ထောင်သည် ဘ၀မှာလည်း လင်ယောင်္ကျားကို နိုင်ငံရေးမှာ ပါဝင်ဖို့ ပြောလေ့ရှိပါတယ်။ ကျမ ကောင်းကောင်း မှတ်မိနေတဲ့ ဖြစ်ရပ် တစ်ခုရှိပါတယ်။ ကျမတို့ Oxford အိမ်ကို မဲဆွယ်သူတွေလာ တံခါးခေါက်တော့ မိုက်ကယ်က တံခါးဖွင့်ပေးပြီး
ငါ့ကို စည်းရုံးနေလို့ အပိုပဲ၊
ငါဘယ်သူ့ကို မဲပေးရမယ် ဆိုတာ ငါ့မိန်းမက ဆုံးဖြတ်တာ။
သူ အပြင်သွားနေတယ်။
နောက်မှ ပြန်လာပါလား
လို့ ပြောလိုက်တယ်။

လင်ယောက်ျား မဲပေးဖို့ ဆုံးဖြတ်တဲ့ ဇနီးကို ကြည့်ချင်လို့ ထင်ပါရဲ့ မဲဆွယ်သူဟာ နောက်တခေါက် ပြန်လာပါသေးတယ်။


~

1 comments :

  1. Anonymous said... :

    အန်တီရေ...မဲပေးတာလှို့ဝှက် ပေးရတာလေ...ကိုယ့်သဘော အတိုင်းပေးရတာမဟုတ်ဘူးလား...ဒီလူကို ပေးရမယ်..ဟိုဟူလူကို မပေးရဘူးလို့ မပြောရဘူးလေ...
    အဲ့လို ပြောရင် တရားဥပဒေနဲ့ ညိစွန်းတတ်တယ်လေ...
    အဲ့ဒါနဲ့..ကျမ အတွေ့ အကြုံလေးပြောပြမယ်...ကျမလဲ နိုင်ငံရေးကို ၀ါသနာပါတယ်...တနေ့ ကျမ ခင်ပွန်းသည်နဲ့ မဲသွားပေးတော့ လမ်းမှာ ကျမ အမျိုးသားက သူကြိုက်တဲ့ ပါတီ ကို မဲ ပေးခိုင်းတယ်...ဒါပေမဲ့ ကျမ အမျိုးသားကို ရှင်လဲ လွတ်လွတ်လပ်လပ် မဲပေးးကျမလဲ ကျမလွတ်လွတ်လပ်လပ်ပေးမယ်...လာမစည်းရုံးနဲ့ ရဲဖုန်းဆက်တိုင်လိုက်မယ် ပြောတော့ ကျမ အမျိုးသားးရယ်မောပြီးးးမင်းသဘောပါကွာလို့ ပြောပြီးးးကျမလက်ကိုဖြုတ်ပြီးရှေ့ကနေ ထွက် ခွာသွားပါတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved