စည်းကမ်းနှင့် အမှိုက်ပုံးပျောက်ဆုံးမှု

Saturday, June 23, 2012

ပျေက်ဆုံးသွားတဲ့ အမှိုက်ပုံး- ဓာတ်ပုံ- မြို့တော်သတင်းစဉ်

စည်းကမ်းရှိစေလိုတာကြောင့် အမှိုက်ပုံးချပေးကာမှ၊ အမှိုက်ပုံးပျောက်ရတဲ့ သတင်းတပုဒ်ပါ။

ဘယ်လူ၊ ဘယ်စနစ်ဘဲ အုပ်ချုပ်နေပါစေ၊ စည်းကမ်းနဲ့ လူ့တန်ဘိုးကိုတော့ နိုင်ငံသားတိုင်း လေးစား တန်ဘိုး ထားကြရမှာပါ။


ဒီကနေ့ ရန်ကုန် မြို့တော် သတင်းစဉ်မှာ ပါလာတဲ့ သတင်းတပုဒ်ပါ။ ရန်ကုန် စည်ပင်က ဇွန်လ ၁၃ ရက်နေ့ က မှ ဗဟန်းမြို့နယ် ကမ္ဘာဘေးဘုရားလမ်းမှာ အမှိုက်ပုံးကို သန့်ရှင်းရေးအတွက် ချထားခဲ့ပါတယ်တဲ့။

လမ်းဘေးမှာ စနစ်တကျ အမှိုက်စွန့်ပစ်စေဖို့ စည်ပင်က ချထားခဲ့တဲ့ အမှိုက်ပုံးက ဇွန်လ ၁၈ ရက်နေ့ က ပျေက်ဆုံး သွားပါတယ်တဲ့။
အခုတော့ အမှုဖွင့်ထားပါကြောင်းတဲ့။


3 comments :

  1. Sean Spilner said... :

    အစိုးရမကောင်းဘူးအော်နေတဲ့ကိုရွှေဒို့
    ကိုတိုင်ကျစိတ်ဓတ်တွေကအောက်တန်းကျလိုက်တာ
    အမှိုက်ပုံးတောင်မချန်

  1. dagon-thar said... :

    အမေရိကား တို့ အင်္ဂလန် တို့မှာ ဒါမျိုး မခိုးဘူး ထင်လား၊ မှတ်ထား အုတ်ဂူ က ကြေးပြား တောင် ခွါ ပြီး ခိုးတယ့် လူရှိတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း မှာ သူခိုးရှိတယ်။ အဓိက အရေးကြီး ဆုံးက အစိုးရ မခိုးဖို့ဘဲ။ နင့်အဘ အစိုးရ ဝန်ကြီး တွေရဲ့စင်ကာပူ က bank account တွေ သွားကြည့် လိုက်အုန်း။

  1. Anonymous said... :

    အမှိုက်ပုံးခိုးခံရတာကိုပြင်းထန်စွာရှုတ်ချတာကလည်းရှုတ်ချတာ
    ပေါ့၊ကိုယ်ကိုယ်တိုင်နဲ့ကိုယ့်ဌာနမှာလာဘ်ပေးလာဘ်ယူကင်းရှင်း
    ဖို့၊အဂတိလိုက်စားမှုကင်းရှင်းဖို့လည်းဂရုပြုဖို့လိုပါတယ်၊ပန်ကာ
    အောက်မှာထိုင်နေသူက၊နောက်ဖေးလမ်းကြားထဲကသူကိုပြစ်
    တင်ရှုတ်ချတာမျိုးမဖြစ်ဖို့တော့လိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved