ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်စပ်ခရီးစဉ် ကန့်သတ်ခံရမှု

Sunday, June 3, 2012


ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် မြန်မာသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ ဖိအားပေးခဲ့သည်မှ စ၍ နောက်ဆက်တွဲ ဖြစ်စဉ်များ..

ဇွန်လ (၂)ရက်နေ့ မဲဆောက်ခရီးစဉ်အတွက် နဂိုမူလ စီစဉ်ထားတဲ့ ခရီးစဉ်ကတော့ မဲဆောက်မြို့လေဆိပ်မှ ဒေါက်တာစင်သီယာမောင်က ကြိုဆိုပြီး ဒေါက်တာစင်
သီယာမောင် ဆေးခန်းကို ဦးစွာသွားရောက်ဖို့ ဖြစ်ပါတယ်..။ ထိုမှ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး အပြန်မှာ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ ထပ်မံဝင်ရောက် လေ့လာပြီး တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နေ့လည်စာ သုံးဆောင်ကာ တွေ့ဆုံ ဆွေးနွေးဖို့ ပြုလုပ်ထားခဲ့ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအားလည်း မြန်မာအဖွဲ့အစည်းများနဲ့ မဲဆောက်မှ ထိုင်းလုံခြုံရေးများ ပူးတွဲ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ..။

မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အထက်ပါ သတိပေးအကြောင်းစာ ပေးပို့ပြီးချိန်မှ စ၍ မဲဆောက်ကို သွားရောက်မယ့် ဇွန်လ (၂)ရက်နေ့ မနက်(၆)နာရီမှာတော့ ထိုင်းအာဏာပိုင်များက မူလအစီအစဉ်အား ဖျက်သိမ်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးအား မယ်လဒုက္ခသည်စခန်းမှာပဲ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပါတယ်..။ မဲဆောက် လေဆိပ်ရောက်ရှိ စဉ်မှာလည်း ထိုင်းအာဏာပိုင်များရဲ့ အစီအစဉ်နဲ့ မယ်လဒုက္ခသည် စခန်းသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပါတယ်..။

မယ်လဒုက္ခသည် စခန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်မှာလည်း အသံချဲ့စက် အသုံးပြုပြီးလူထုနဲ့ စကားပြောဆိုခွင့် မရခဲ့သလို မူလစီစဉ်ထားတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး..။ မယ်လဒုက္ခသည် စခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ်မှာ သတင်းစာရှင်းလင်းပွဲသာ လုပ်ခွင့်ရခဲ့ပါတယ်..။

အထက်ပါ ဖြစ်ရပ်တွေဟာ ထိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား လေးစားသမှုနဲ့ အစိုးရဧည့်သည်တော် တဦးပုံစံ ကြိုဆိုခဲ့ကြပြီး မြန်မာအစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လိုအပ်တာထက်ပိုပြီး ဧည့်ဝတ်မပြုရန် ဖိအားပေးခဲ့တဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေပါ..။ မြန်မာအစိုးရရဲ့ ထိုင်းအစိုးရအပေါ် လုပ်ရိုးလုပ်စဉ် ဖိအားပေးမှုတွေရဲ့ နောက်ကွယ်မှာ ထိုင်းအစိုးရမှ အလျှော့ပေး ဆက်ဆံရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာကတော့ ယခင် စစ်အစိုးရ သက်တမ်းတလျှောက်ပါပဲ..။



သို့ပေတည့် ထိုင်းအစိုးရက အိမ်ရှင် ပီသစွာ လုံခြုံရေးမှ အစ လစ်ဟင်းမှု မရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပေမယ့် မြန်မာအစိုးရရဲ့ ဆက်ဆံမှု ထိခိုက်မယ့် အရေးကိုတော့ မဲဆောက်ခရီးစဉ်မှာ ထိန်းချုပ်လုပ်ဆောင် ခဲ့ပါတယ်..။

ထိုင်းအစိုးရက မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၂၉ရက်နေ့ ရောက်ရှိစဉ်မှ စပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံခဲ့မှုအထိ နိုင်ငံဧည့်သည်တော် တဦးအလား လေးစားသမှု ပြုခဲ့သလို World Economic Forumမှ လူထုခေါင်းဆောင်ရဲ့ အသံဟာလည်း ကမ္ဘာသို့ ပျံနှံခဲ့ပါပြီ။

ဒီဖြစ်ရပ်တွေအတွက် မြန်မာအစိုးရ အတွင်းမှ အပျော့ဂိုဏ်း အမာဂိုဏ်းတွေရဲ့ အခြေအနေတွေကို လှစ်ဟ ဖော်ထုတ် ပြသနေသလို မြင်တွေ့နေရပါတယ်..။ သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးဟာလည်း အထက်ပါ ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေမလားပဲ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောဆိုခဲ့တဲ့ မြန်မာပြည်တွင်း အပြောင်းအလဲတွေပေါ်မှာ အကောင်းမြင်လွန်း အားကြီးနေမှုကို သတိကြီးစွာနဲ့ ကျတော်တို့ လေ့လာသုံးသပ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းအစိုးရမှ လေးစားသမှုနဲ့ ကြိုဆိုခဲ့မှု အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနသို့ ဖိအားပေး ကန့်ကွက်ခဲ့တဲ့ အမာဂိုဏ်းသား မြန်မာအာဏာပိုင်များ၏ လုပ်ရပ်အားလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါသည်..။

ဒီမိုဝေယံ

ညွှန်း - http://www.demowaiyan.org/2012/06/blog-post_9618.html

2 comments :

  1. Anonymous said... :

    NLD ကိုအပြစ်တင်စောသူများ သိပြီမဟုတ်လား

  1. Anonymous said... :

    Some people criticized Daw Suu & NLD about her trip and lack of communications but those people did not know what exactly behind the scene.
    The most obvious thing is thein sein cancled his visit to
    Thailand twice.The host country treat DASSK really good with respect but regime put some pressured on the host.
    We will see more of regime's "Jealousy" when DASSK will adress speech in British parliament next month.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved