ရခိုင်ဒေသအရေး ထုတ်ပြန်ချက်များ၊ အမြင်များ

Sunday, June 10, 2012

ဇွန် ၁၀၊ ၂၀၁၂


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက် နှင့် သဘောထားအမြင်တချို့ကို စုစည်း ဖော်ပြလိုက်ပါသည်။

ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်ဖို့ ချထားတဲ့ တပ်တွေအားလုံးကို ရခိုင်ပြည်နယ်ကို ပို့ပေးဖို့ သမတကို ပြောပေးပါ
အဂ္ဂမဟာ ဒီမိုဖက်တီး/Facebook

လက်ရှိအဓိကရုဏ်းမကြီးထွားစေရန် တားဆီးပေးဖို့ကြိုးစားစေချင်သည်။ အဓိကရုဏ်းဖြစ်တာနဲ့ ရခိုင်-ဘင်္ဂလားကိစ္စ အမှန်အမှားပြောလို့ သိပ်ခက်သွားမည်။
Myo Set/Facebook

ရိုဟင်ဂျာပြဿနာကို ဘယ်ကမှ လက်ခံမယ့်နိုင်ငံမရှိသလိုမျိုးဖြစ်နေတဲ့ ဒုက္ခသည်တွေအနေနဲ့ လူသားချင်း စာနာမှုအရ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။ စာနာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးရဲ့ သဘောကောင်းမှု၊ လိုက်လျောမှုကို နိုင်ငံကြီး တွေကနေပြီးတော့ ဒီအားနည်းတဲ့နိုင်ငံက ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအားပေးနေတာမျိုးကို ကျွန်တော်တို့ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး

ရာဇဝတ်မှု ကျူးလွန်သူတွေကိုလည်း ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေး ယူပေး စေ ချင်ပါတယ်။ နောက်တစ်ချက်က ပျက်စီးသွားတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိုးအိမ် အဆောက် အအုံတွေ ကိုလည်း မူလအတိုင်း ပြန်ဖြစ်အောင် အစိုးရအနေနဲ့ ကြပ်မတ်ပြီး ဦးစီးဆောင်ရွက်ပေးစေချင်ပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုမြအေး

သက်ဆိုင်ရာများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများကို မျှတစွာဖြင့် ထိရောက် လျှင်မြန်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးပါရန်
NLD နဲ့ မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင်များ


BBC, AFP အပါအ၀င် နိုင်ငံတကာ သတင်း မီဒီယာများအနေဖြင့်လည်း ဘင်ဂါလီ ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်သားများတွင် ပါဝင်ခြင်းမရှိသည်ကို တိကျစွာဖော်ပြရန် လိုမည်ဖြစ်ပြီး မြန်မာတိုင်းရင်းသား အရေးကိစ္စများကို ဖော်ပြရာတွင် မလိုလားအပ်သော လူမျိုးရေး အဓိကရုဏ်းများ မဖြစ်ပေါ်စေရန်အတွက် ဖြစ်စဉ်အမှန်များကို တိတိကျကျ ဖော်ပြရန် လိုမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
Eleven Media Group

ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား ဖြစ်သည်ဟု မျက်စေ့စုံမှိတ်ထောက်ခံပြော ဆိုနေခဲ့ကြသူများ အားလုံးကိုလည်း ရခိုင်အရေးအခင်းက သက်သေထူ နေပြီဖြစ်ရာ မိမိတို့၏ ရပ်တည် ချက်များကို ပြောင်းလဲ သင့်ပြီဖြစ်ကြောင်း တိုက်တွန်း ပါသည်။

---- အထူးသဖြင့် နိုင်ငံတကာနှင့် မြန်မာလူထုအပေါ်သြဇာညောင်းသော နိုင်ငံရေးခေါင်းဆောင်များသည် ယခုရိုဟင်ဂျာအရေးအခင်း၌ ပြတ်သားစွာ ရပ်တည် လမ်းညွှန် ဦးဆောင်ပေးကြပါရန် ကျွန်ုပ်တို့က မေတ္တာရပ်ခံ ပန်ကြားပါသည်။
ရန်ကုန်မီဒီယာဂရု(ပ်)

ပိုမို ဖတ်ရှုလိုပါက -

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး
http://4.bp.blogspot.com/-7P3epBoa8pA/T9P9wc0wvtI/AAAAAAAAlxI/oUqYkDziGRU/s1600/88-rakhine.jpeg

ရန်ကုန်မီဒီယာဂရု(ပ်)
http://www.yangonmedia.com/news/2012/06/yangon-media-group-announcement-for-rakine-case

Eleven Media Group
http://www.weeklyeleven.com/index.php?option=com_content&view=article&id=14015:---eleven-media-group--&catid=42:2009-11-10-07-36-59&Itemid=112

၈၈ မျိုးဆက်ခေါင်းဆောင်များရဲ့ အမြင်
http://blog.irrawaddy.org/2012/06/blog-post_3917.html


ပဋိပက္ခများအတွက် ရခိုင်၊ မွတ်စလင်၊ တိုင်းရင်းသားလူငယ်၊ ၈၈ တို့ရဲ့ ကြေညာချက်
http://blog.irrawaddy.org/2012/06/blog-post_4506.html

NLD နဲ့ မဟာမိတ် တိုင်းရင်းသား ခေါင်းဆောင်များ
http://2.bp.blogspot.com/-B_Pmlm7sY7g/T9P9vJQmLUI/AAAAAAAAlxA/2Bvj8-i3TRM/s1600/428455_254130214690794_1152071056_n.jpeg

ညွှန်း - မိုးမခ -
http://moemaka.com/

2 comments :

  1. Anonymous said... :

    eleven midea group နဲ့ Yangon Midea Group ကတော့ လူမုန်းခံပြီး အမှန်အတိုင်း စပြောနေပါပြီ။ ကျန်midea များ နှာစေး မနေပါနဲ့တော့။ဘယ်သူမှ perfect မဖြစ်နိုင်ပါဘူး။ကိစ္စတစ်ခုခြင်းစီကို ခေါင်းအများကြီးနဲ့ ၀ိုင်းစဉ်းစားပြီး ခေါင်းဆောင်အားလုံးကို ထောက်ပြဝေဖန်ပေးရမည့် တာဝန် နိုင်ငံသားတိုင်းနှင့် အထူးသဖြင့် မီဒီယာများအားလုံးတွင် တာဝန်ရှိပါသည်။

  1. Anonymous said... :

    ကြေညာချက်တစ်စောင် ထုတ်ရုံလောက်ပဲလုပ်တယ်ဆိုပြီး မတင်းတိမ်ရင် NLD ကို အာဏာလွှဲပေးလိုက်လေ ။ စစ်တပ်အပေါ် အုပ်ချုပ်ခွင့်ပါ တစ်ခါထဲ ပေးလိုက် ။ လုပ်ပုံကိုင်ကွက် ဦးသိန်းစိန်ထက် ၁၀ဆမသာရင် အဲဒီအခါကျမှ ကြိုက်သလိုပြော ။ အခုလဲ ရခိုင်သားတွေအတွက် အကူအညီ အထောက်အပံ့တွေ မပေးပဲ မနေပါဘူး ။ ပေးမှာပါ ။အပြစ်တင်မစောပါနဲ့ ။ ချင်းတောင်ပေါ်မှာ ကြွက်ကျလို့ ချင်းတွေ ထမင်းငတ်နေတုန်းက ဆန်တွေ ၁၀ဘီးကားနဲ့တိုက်ပြီး ဘယ်သူ ပို့ပေးခဲ့သလဲ ?? ရခိုင်က ဂီရိဒုက္ခသည်တွေကိုကော ဘယ်သူကူညီ ထောက်ပံ့ခဲ့သလဲ? စက်ဆန်းမှာ ပေါက်ကွဲမှုဖြစ်တော့ အရင်ဦးဆုံး ဆေးပေးခန်းသွားဖွင့်တာရော ဘယ်သူလဲ?? ကချင်ပြည်က ဒုက္ခသည်တွေကို ငွေကြေးအခါခါ ထောက်ပံ့နေတာကရော ဘယ်ကလဲ ?? HIV ပြုစုစောင့်လျှောက်မှုတွေ ၊ ဥပဒေကူညီပေးရေးအဖွဲ့တွေ ၊ အခမဲ့စာသင်ကျောင်းတွေ ၊ စာဖတ်ခန်းတွေ လုပ်ပေးနေတာကရော ဘယ်အဖွဲ့အစည်းကလဲ?? NLD နဲ့ အမေစုပဲ မဟုတ်လား ?? ဒါတောင်မှ ဦးသိန်းစိန်လို တစ်လသိန်း၅၀ ပြည်သူ့ ပိုက်ဆံစားပြီး လုပ်နေတာ မဟုတ်သေးဘူး ။ တစ်လသိန်း၅၀ ပေးထားတာ ဒီလိုအလုပ်မျိုး (ကိုယ့်နိုင်ငံသားတွေ လုံခြုံမှုရှိအောင် ကာကွယ်တာ) မှ မလုပ်လို့ တခြားဘာလုပ်ချင်သေးလို့လဲ ?? ဒီလောက် တနင့်တပိုးယူ သမ္မအိမ်တော်ပေါ် အငြိမ့်သားစံပြီး ဟိုညက တစ်ညလေး အိပ်ရေးပျက်တာလောက်ကို စာဖွဲ့ပြီး ပြောမနေနဲ့ ။ NLD တွေ ထောင်ထဲမှာ ကြွက်ကိုက်ခံ ၊ အနှိပ်စက်ခံပြီးသေသွားတာ ရေလို့တောင် မရဘူး ။ အမေစုက မပြတ်သားဘူးပြောနေတဲ့လူတွေလဲ မေးလိုက်ပါဦးမယ် ။ ဦးသိန်းစိန်ကရော သူ့ပါးစပ်က ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လုံးဝမဟုတ်ကြောင်း ဘယ်တုန်းကများပြောဖူးသလဲ ? ဦးခင်ရီပါးစပ်အငှါးနဲ့ပဲ ပြောနေတာ ဘာသဘောလဲ ?? ဘာအကြံတွေရှိလို့လဲ ?? ဘာ့ကြောင့်သူ့ပါးစပ်က ကိုယ်တိုင်ထုတ်မပြောနိုင်ရသေးတာလဲ ?? ဦးသိန်းစိန်က သူ့လက်အောက်ကလူရဲ့ ပါးစပ်ငှါးပြောခိုင်းတော့ အစဉ်မသင့်လို့ အကျပ်အတည်းတစ်ခုခုဖြစ်လာရင် အရူးကွက်ပြီး ကိုယ်လွတ်ရုန်းနိုင်ပါသေးတယ် ။ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူးလို့ လက်ရှိ NLDနာယကကြီး ဘဘဦးတင်ဦး ပြောသွားတဲ့အချိန်တုန်းက သူဟာ အဲဒီတုန်းက ပါတီအထွေထွေအတွင်းရေးမှူး အမေစုထက် ရာထူးကြီးတဲ့ ဒုဥက္ကဌကြီးတစ်ယောက်ပါ ။ ဘဘဦးတင်ဦး ဒီကိစ္စနဲ့ပက်သက်ပြီး ပြတ်ပြတ်သားသား ပြောဆိုပြီးသွားတာ ကြာလွန်းလှလို့ နှစ်တောင် ပေါက်တော့မယ် ။ ဒီမှာတင် ဘယ်သူ ပိုသာလဲဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေပါပြီ။ လွှတ်တော်တွင်း အင်အားအကြီးဆုံးလို့ ကိုယ့်ကိုယ်ကို အမွှန်းတင်ပြောလေ့၇ှိတဲ့ ပါတီကျတော့ ဘယ်သူမှလည်း ဝေဖန်တာ မတွေ့၇ဘူး ။ အဲ့ပါတီကကော ဘာကျေညာချက်မှ မထုတ်တော့ဘူးလား ?? NLD ကြေညာချက်ထုတ်တာ အရင်စောင့်ပြီး လူတွေဘာပြောမလဲနားထောင် ၊ ပြီးမှ လူတွေကြားချင်တာကို ပြောပြီး အမှတ်ယူဖို့ ကြံနေတာမဟုတ်လား ?? သူတို့ ကြေညာချက်ကိုလဲ စောင့်ဖတ်ကြည့်ချင်ပါသေးတယ် ။ အဲဒီပါတီဟာ ဘာခံယူချက်မှရှိတဲ့ ပါတီမဟုတ်ဘူး ။ အကြိုက် လိုက်ပြောရုံပဲ ပြောမှာ ။ လက်တွေ့မှာ လုပ်တာ မလုပ်တာကတော့ တစ်ကဏ္ဏပေါ့ ။ နောက်ပြီး ဟိုတစ်နေ့က အမေစုပြောတာက လူနည်းစုကို လူများစုက စာနာတတ်ဖို့ပဲ ပြောထားတာပါ ။ ရခိုင်ရယ်လို့ ဘင်ဂါလီရယ်လို့ ခွဲပြီး ပြောမသွားမိပါဘူး ။ မောင်တောမှာ ရခိုင်ဟာ လူနည်းစု ၊ဘင်ဂါလီတွေက အများစုပဲ ။ ဒါကိုအမေဒေါ်အောင်ဆန်းစုကြည် မသိပဲနေပါ့မလား ။ သူ့ဘေးမှာ ရခိုင်စစ်စစ်ကြီးတွေ အများကြီးရှိနေတာ ဒီလူတွေက မပြောပဲနေကြမလား ၊ ပြောကြမှာပေါ့ ၊ သူသိတာပေါ့ ။ သိလို့ပဲ ဒီစကားပြောတာ ။ နေရာတိုင်းမြို့တိုင်းမှာ အဲလိုသဘောထား၇င် အဲဒီ့စကားက အလွန်တန်ဖိုးရှိတဲ့ စကားပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved