ဆီးချိုသမားတို့အတွက် အစားအစာများ၊ စာအုပ်များ

Wednesday, June 6, 2012

~





ဓာတ်ပုံ - http://diabeticdietlists.com

ဆီးချိုသမားများအတွက် အသင့်တော်ဆုံး အစားအစာများ

၁။ ဟင်းနုနွယ် ကဲ့သို့ အစိမ်း ရင့် ရောင်ဟင်း သီးဟင်း ရွက်များ
၂။ ပဲသီးတောင့်နှင့် ပဲအမျိုးမျိုး

၃။ စိထရပ်ပါဝင်သော သံပရာသီး၊ လိမ္မော်သီးကဲ့သို့သော အသီးများ
၎။ ကန်စွမ်းဥ အနီရောင် (အဖြူရောင်သည် ဆီးချိုသမားများနှင့် မတည့်ပါ)

၅။ ခရမ်းချဉ်သီး
၆။ ဘယ်ရီသီး

၇။ အိုမီဂါ (၃) အဆီဓာတ်ပြည့်ဝစွာ ပါသော ငါးအမျိုးမျိုး
၈။ လူး၊ ဆပ်၊ အုတ် ကဲ့သို့သော နှံစားသီးနှံ အားလုံး

၉။ အစေ့အမျိုးမျိုး
၁၀။ အဆီထုတ်ထားသော နို့ နှင့် ဒိန်ချဉ်



ဒါတွေကတော့ Health Care ဂျာနယ်မှာ ဖော်ပြထားတဲ့ ၁၀ ချက်ပါ။

ဆီးချိုနဲ့ ပတ်သက်ပြီး မြန်မာဘာသာနဲ့ စာအုပ်ထုတ်ဝေနေကြတာလည်း အများအပြားပါပဲ။

စာအုပ်ဆိုင်မှာသာမက တချို့ကို အွန်လိုင်းမှာလည်း တွေ့ရပါတယ်။

စင်ကာပူ ပင်နီဆူလာ ပလာဇာမှာ အခြေစိုက်တဲ့ Parami Services Pte Ltd. ရဲ့ အွန်လိုင်းမြန်မာစာအုပ်ဆိုင်မှာတော့ ဆီးချို နဲ့ သက်ဆိုင်တဲ့ စာအုပ်ကြော်ငြာတချို့တွေ့ရပါတယ်။


ဆီးချိုလူနာလမ်းညွှန်

ဒေါက်တာမြင့်မြင့်ခင်
2.50 USD


ဆီးချို သွေးချိုနှင့် အဆင်ပြေအောင် စားသောက်နေထိုင်ခြင်း (ဆီးချိုသမား ဘာသီးစားမလဲ)
ဒေါက်တာလှကြည်
3.25 USD
ဆီးချို သွေးချို ရောဂါသည် ဖြစ်ပြီးရင် အမြစ်ပြတ်ပျောက်ကင်းသွားသည်ဆိုသည်မှာ မရှိပေ။ ဝေဒနာရှင်များအတွက် သီးသန့် စပယ်ရှယ် ဓာတ်စာ (Diabetic Diet)ဆိုသည်မှာလည်း မရှိသေးပေ။

ဝေဒနာရှင်များသည် အများသူငါ စားသုံးနေကျ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကိုပဲ ပမာဏ၊ အချိုးအဆ၊ စားသုံးပုံ စားသုံးနည်း၊ အစာစားသုံးချိန် စသည်ဖြင့် မှန်ကန်အောင် စားသုံးရန်မှာ အရေးကြီးလှသည်။

ဆီးချိုသွေးချို ဝေဒနာရှင်များကို အုပ်စုများခွဲထားရာ၌ ယခုစာအုပ်တွင် အင်ဆူလင်ဟော်မုန်း မဖြစ်မနေ ထိုးဖို့ မလိုသေးသည့် အမျိုးအစား (၂) ဝေဒနာရှင်များအတွက် ရည်ရွယ်၍ မှန်ကန်သော အစားအစာရွေးချယ်နည်းနှင့် မည်၍မည်မျှ ပမာဏ စားသုံးရသင့်သည်ကို အသေးစိတ် ရေးသားရှင်းလင်းထားသည်။

အစားအစာတစ်ခုချင်းစီတွင်ပါဝင်သော သကြား၊ ဂလူးကိုစ်၊ ဆူးခရို့စ်အချိုးအဆများ၊ စားသုံးသင့်သည့် အဆီနှင့် ပရိုတင်းအမျိုးအစားနှင့် ပမာဏ၊ စားသုံးသည့် အစားအစာမှ ကယ်လိုရီရရှိမှု၊ ဝေဒနာရှင်များ ကိုယ်အလေးချိန် ထိန်းသိမ်းပုံ၊ ကိုယ်လက်လှုပ်ရှား ကစားခြင်း၏ အရေးပါပုံ၊ ဖြည့်စွက်အဟာရများအကြောင်း၊ သကြားတုနှင့် အခြား သကြားအစားထိုးပစ္စည်းများအကြောင်း အစရှိသည်တို့ကို အချက်အလက်များနှင့်တကွ ပြည့်ပြည့်စုံစုံ ဖတ်ရှုကြရမည်ဖြစ်သည်။



သွေးချိုရောဂါအကြောင်း သိသင့်သမျှ
ပါမောက္ခနေ၀င်း (ဆေးပညာ)
5.50 USD

ရှေးကျပြီး တစ်သက်စာရောဂါဖြစ်ရုံသာမက ကျယ်ဝန်း နက်နဲ အဖြစ်များရောဂါတစ်မျိုးဖြစ်သည့် သွေးချိုရောဂါအကြောင်းကို ဆောင်ရန်၊ ရှောင်ရန်များ၊ သတိထားရန်အချက်များ၊ သိသင့်သောအချက်များနှင့်တကွ အသေးစိတ် ရေးသားရှင်းလင်းထားသော စာအုပ်ဖြစ်သည်။

ထိုသို့ရှင်းလင်းရာတွင် လူနာတစ်ဦးသိလိုသော မေးခွန်းများကို လက်ရှိကုသနေသော ဆရာဝန်တစ်ဦးအနေဖြင့် လက်တွေ့ကျကျ ပြန်ဖြေထားသော ပုံစံဖြင့် လူနာအမြင်၊ ဆရာဝန်အမြင် ၂ မျိုးလုံး ပါအောင် ရေးသားရှင်းလင်းထားသည်ကို တွေ့ရသည်။



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved