Hi_Mo ဆံပင်တု စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ ပြေလည်ပြီ

Tuesday, June 5, 2012


အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တို့ သဘောတူစာချုပ်သစ် လက်မှတ်ရေးထိုးကြစဉ်

ယနေ့ ဇွန်လ ၅ ရက်နေ့ ည ၈ နာရီခန့်က Hi-Mo ဆံပင်တု စက်ရုံမှ တာဝန်ရှိသူ ကိုရီးယား နိုင်ငံသားများ၊ အလုပ်သမား ကိုယ်စားလှယ် ၂ ဦးတို့သည် ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးနှင့် အလုပ်သမား ဒု ၀န်ကြီး ဥိးမြင့်သိန်းတို့ကို သက်သေထားကာ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်ကို လက်မှတ်ရေးထိုး လိုက်ကြကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးခန်းရှိ ကနောင်ခန်းမတွင် အခုလို သဘောတူ စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ကြပြီး ဖြစ်ပေါ်နေသည့် အလုပ်သမားမပြေလည်မှုများကို ညှိနှိုင်းအဖြေရှာကာ ပြေ လည်မှု ယူရလိုက်ခြင်းလည်းဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပြေလည်မှုရရှိပြီး လက်ဆွဲ နှုတ်ဆက်ကြစဉ် -သတင်း၊ ဓာတ်ပုံ- Messenger Journal

Hi_Mo ဆံပင်တု စက်ရုံ အလုပ်သမားများဟာ ရက်ပေါင်းများစွာ အခြေခံ လုပ်အားခ လစာ နစ်နာနေမှုအတွက် ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံ အလုပ်သမားများဟာ အဓိက တောင်းဆိုနေသည့် အခြေခံ အလုပ်သမား လစာ ကျပ် ၃ သောင်း အနည်းဆုံး ရရှိရန် တောင်းဆိုနေခဲ့ကြသည်။ စက်ရုံပိုင်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ် တို့ ညှိနှိုင်း မှုများအရ ယခုလို ပြေလည်းသွားခြင်း ဖြစ်ကြောင်းသိရသော်လည်း အသေးစိပ် မည်ကဲ့ သို့ ပြေလည်မှု မျိုးဆိုသည်ကို မသိရသေးပေ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved