သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း
(သို့)
ကံ့ကော်ဝမ်းနည်းမှတ်တမ်း
စံညိမ်းဦး
( ၁ )
မန္တလေးကျောင်းဆောင်နံရံမှာ
သွေးနဲ့ရေးခဲ့
“၇ ဇူလိုင်ကိုမမေ့ကြနဲ့” တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား
မြောင်းမြသား ကျောင်းသားကိုကျော်ဝင်းရဲ့
နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား
သူ့ကိုယ်ကသွေးနဲ့မှာခဲ့တဲ့
သမိုင်းဝင်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ
ဒါဟာ . . .
ငါမမွေးခင်က အဖြစ်အပျက်တွေ
ဒါဟာ . . .
ငါမမွေးခင်က အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .
ငါမမွေးခင်ကထဲက ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ
ငါ့မှာနားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ
ငါ့တိုင်းပြည်သမိုင်းကို
ငါဟာ အရူးအမူးတူးဆွလို့။
( ၂ )
တူးဆွ
တူးဆွကြည့်တော့
ရာဇ၀င်မြေထုဟာတုန်ဟီး
ငို၊ ရှိုက်ညီးသံတို့အထပ်ထပ်
သွေးစိမ်းနံ့တို့အလွှာလွှာ
ငါတူးကြည့်တယ်
တစ်ထပ်ပြီးတစ်ထပ်တစ်လွှာပြီးတစ်လွှာ
အနက်ရှိုင်းဆုံးအလွှာမှာတော့
သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ
အလို
ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ
ငါ့ရင်ဟာတဆတ်ဆတ်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်
ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်
မိုက်မလင်းနိုင်ဘု
အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး ‘က’ ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ
ငါအံ့သြ သြချရမိပါတယ်
ငါအံ့သြ သြချရမိပါတယ်
အဲဒီလို
ငါအံ့သြ သြချရမိတဲ့ ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ
တူးဆွ။
( ၃ )
တူးဆွ
တူးဆွကြည့်တော့
၁၉၆၂ တဲ့
ဘ၀တွေ အားလုံးမှောင်ကြီးကျ
အ၀ီစိမှာ ပိန်းပိတ်သွားရတဲ့
နှစ်ကာလများရဲ့ အစပေပဲ။
အဲဒီမှာ
၇ ဇူလိုင်လူသတ်ပွဲ တဲ့
ကျွန်းဆွယ်အရေးအခင်း တဲ့
တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့
ဦးသန့်ဈာပန အရေးအခင်း တဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့
မှိုင်းရာပြည့် တဲ့
အလုပ်သမားအရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော် ပုံ တဲ့
. . . . . . . . . . . . . .တဲ့
. . . . . . . . . . . . . .တဲ့
အဲဒီအထဲမှာမှ
၇ ဇူလိုင်အရေးတော်ပုံဟာ
အထင်ကရနဲ့
မမေ့နိုင်စရာနဲ့
နောက်ဥဒါန်းဘယ်မကျေစရာနဲ့
ဒါဟာ
ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့အစ
စစ်အာဏာရှင်ဖီဆန်မှုရဲ့အစ
မဆလမျက်နှာဖုံးကိုခွာချပြ
ကျောင်းသားတိုက်ပွဲများရဲ့အစ
စစ်ဖိနပ်အောက်က
ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ
ပြီး
စစ်အာဏာရှင်စနစ်ရဲ့
ဆိုင်းဆင့်သံ။
( ၄ )
တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘ၀ဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား အဓိပတိလမ်းကို
အမျှဝေရမယ်။
ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကိုအမျှဝေရမယ်။
အမျှဝေရမယ်။
( ၅ )
၇ - ၇ - ၆၂
အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ
ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့
( သနက - ၄ ) တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို ထွန်းညှိလို့။
အစွယ်တလက်လက်
သွားရေတမြားမြား
လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့
ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်
ပစ်စမ်း ပစ်စမ်း
အဆုံးမတော့ ရေဒီယိုကကြေငြာပါတယ်
၁၇ ဦးသေဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့
ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော. . ကံ့ကော်။
ကံ့ကော်ရေ
မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင် နံရံကကျည်ဆံရာ
တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း
ကံ့ကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း မျက်မြင်သက်သေပါပဲလေ။
အခု
အပ်တိုတစ်ချောင်းမှမပါသူတို့ကို
ဓားဓားချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံများ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ
ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ
ပန်းခွေချကြ
အလေးပြုကြ
ဖဲကြိုးနက်ကိုချိတ်ကြ
၇ ဇူလိုင်တ၀ဂူသီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ
ယုံတယ်
တစ်နေ့တော့
အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။
( ၆ )
ဇူလိုင် ၇ ရက် × × ၇ ရက်ဇူလိုင်
မမေ့နိုင်တဲ့ကျောင်းသားသမိုင်း × × ထာဝစဉ်နီ . . .
ငါတို့ဆိုတယ်။
၁ “မျက်စိမ်းသွေးပေ
ကံ့ကော်ကြွေသည်
ဤမြေမည်သို့ဖြစ်သနည်း” တဲ့
ငါတို့ဆိုတယ်။
၂ “သားသေကိုမှ
မမြင်ရသည်
မိဘကံခေဆိုးစွတကား” တဲ့
ငါတို့ဆိုတယ်။
၃ “ပင်ပျိုဆက်လက်
အညွှန့်တက်ကို
ရက်စက်သူများ ချိုးပစ်သည်” တဲ့
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်။
ငါတို့ဆိုခဲ့ပါတယ်။
( ၇ )
အို
စစ်အာဏာရှင်တစ်ဆက်
အသက်ပေါင်းများစွာနဲ့
ယဇ်ပူဇော်အရသာခံရက်သူတို့
ယဇ်ပလ္လင်ထက်
သင်တို့သေနတ်အဘိဓမ္မာဆီက
ငါတို့ရခဲ့တာ
ကြောက်မက်ဖွယ်စကားနှစ်ခွန်း
ဘ၀အားလုံးနစ်မွန်းခဲ့ရာ . . .
ဟုတ်ကဲ့ . . .
၁။ “ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင် သွားမတဲ့” တဲ့။
၂။ “ စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ် ထောင်မပစ်ဖူး” တဲ့။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ
နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်
ဘယ်လိုမတရားတဲ့ ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို
( ဘယ်သမိုင်း ခောတ်မှာမဆို )
မြူတစ်မှုန်မျှတောင် အလိုမရှိတော်လှန်စိတ်ဓာတ်
၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို
သစ္စာငတ်သူ ( ငါတို့ )
ရင်နဲ့လက်ဖျံမှာကပ်လို့။
သိကြ
ကျောင်းနံရံကိုလည်းမထိနဲ့
ဒေါင်းအလံကိုလည်းမဖိနဲ့ ဆိုလား . . .
ဒေါင်းအသံ ဒေါင်းမာန်နဲ့
ဒေါင်းတမန်တို့ အိုးဝေတေးကိုသီလို့။
သိကြ
ခွပ်ဒေါင်းဆိုတာ
အမှန်တရားဆိုတာ
အမှန်တရားဘက် ထာဝစဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ အဆန်ကိုပျံနေမယ့် သစ္စာဌက်
နံနက်မိုးသောက်ရင်တော့
အလင်းဆွတ်ရစမြဲပေါ့ ကံ့ကော်ရယ် . . . . ။
စံ ညိ မ်း ဦး
အပိုဒ် ( ၆ ) ပါ သုံးကြောင်းကဗျာအချို့မှာ ၇ ဇူလိုင်အရေးတော်ပုံအပြီး ထွက်ရှိတဲ့ ‘ တက္ကသိုလ်ဝန်းကျင်ကဗျာများ’ စာအုပ်ကဖြစ်ပါတယ်။
၁။ တရားခံ ၂။ စစ်နှင့်ပြည်သူ ၃။ တိုင်တည်ခြင်း ၄။ တန်ဘိုးမသိသူ
( ဗကသ ) နှင့်အတူ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ အာဏာရှင် ကိုလှရွှေမှသည် ဟယ်ရီတန်၊ ကိုသက်၊ ကိုဗဆွေလေး၊ ဆလိုင်းတင်မောင်ဦးတို့အလယ်
ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အဆုံး စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးသမိုင်းကို အသက်အသွေးဖြင့် လမ်းပြခဲ့ကြသည့် မြောက်မြားစွာသောအာဇာနည်၊သူရဲကောင်း အပေါင်းတို့အား ယခုကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါ၏။
(သို့)
ကံ့ကော်ဝမ်းနည်းမှတ်တမ်း
စံညိမ်းဦး
( ၁ )
မန္တလေးကျောင်းဆောင်နံရံမှာ
သွေးနဲ့ရေးခဲ့
“၇ ဇူလိုင်ကိုမမေ့ကြနဲ့” တဲ့
လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား
မြောင်းမြသား ကျောင်းသားကိုကျော်ဝင်းရဲ့
နောက်ဆုံးအရေးအသား
အားလုံးကိုယ်စား
သူ့ကိုယ်ကသွေးနဲ့မှာခဲ့တဲ့
သမိုင်းဝင်သွေးစကား
အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ
ဒါဟာ . . .
ငါမမွေးခင်က အဖြစ်အပျက်တွေ
ဒါဟာ . . .
ငါမမွေးခင်က အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု
အခု . . .
ငါမမွေးခင်ကထဲက ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ
ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ
ငါ့မှာနားမလည်နိုင်အောင်ဖြစ်ရ
အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ
ငါ့တိုင်းပြည်သမိုင်းကို
ငါဟာ အရူးအမူးတူးဆွလို့။
( ၂ )
တူးဆွ
တူးဆွကြည့်တော့
ရာဇ၀င်မြေထုဟာတုန်ဟီး
ငို၊ ရှိုက်ညီးသံတို့အထပ်ထပ်
သွေးစိမ်းနံ့တို့အလွှာလွှာ
ငါတူးကြည့်တယ်
တစ်ထပ်ပြီးတစ်ထပ်တစ်လွှာပြီးတစ်လွှာ
အနက်ရှိုင်းဆုံးအလွှာမှာတော့
သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ
အလို
ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ
ငါ့ရင်ဟာတဆတ်ဆတ်
ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်
ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့
အော်
မိုက်မလင်းနိုင်ဘု
အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး ‘က’ ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ
ငါအံ့သြ သြချရမိပါတယ်
ငါအံ့သြ သြချရမိပါတယ်
အဲဒီလို
ငါအံ့သြ သြချရမိတဲ့ ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ
တူးဆွ။
( ၃ )
တူးဆွ
တူးဆွကြည့်တော့
၁၉၆၂ တဲ့
ဘ၀တွေ အားလုံးမှောင်ကြီးကျ
အ၀ီစိမှာ ပိန်းပိတ်သွားရတဲ့
နှစ်ကာလများရဲ့ အစပေပဲ။
အဲဒီမှာ
၇ ဇူလိုင်လူသတ်ပွဲ တဲ့
ကျွန်းဆွယ်အရေးအခင်း တဲ့
တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့
ဦးသန့်ဈာပန အရေးအခင်း တဲ့
၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့
မှိုင်းရာပြည့် တဲ့
အလုပ်သမားအရေးအခင်း တဲ့
ရှစ်လေးလုံး အရေးတော် ပုံ တဲ့
. . . . . . . . . . . . . .တဲ့
. . . . . . . . . . . . . .တဲ့
အဲဒီအထဲမှာမှ
၇ ဇူလိုင်အရေးတော်ပုံဟာ
အထင်ကရနဲ့
မမေ့နိုင်စရာနဲ့
နောက်ဥဒါန်းဘယ်မကျေစရာနဲ့
ဒါဟာ
ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့အစ
စစ်အာဏာရှင်ဖီဆန်မှုရဲ့အစ
မဆလမျက်နှာဖုံးကိုခွာချပြ
ကျောင်းသားတိုက်ပွဲများရဲ့အစ
စစ်ဖိနပ်အောက်က
ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ
ပြီး
စစ်အာဏာရှင်စနစ်ရဲ့
ဆိုင်းဆင့်သံ။
( ၄ )
တကယ်တော့
၇ ဇူလိုင် ၆၂ ဆိုတာ
ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်
ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့
ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ
ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ
ဒီမှာ အကျဉ်းစခန်း
ဒီမှာ ငရဲခန်း
ဒီမှာ ဘဝ
ဒီမှာ အသက်
အို
ခွပ်ဒေါင်းအပေါင်းတို့ငဲ့
သင်တို့ရဲ့တောင်ပံများ
ရွှေရောင်တောက်ပ
တတောင်ကျိုးတတောင်ဆက်လို့
အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။
အခု
သေနတ်သံမှာ
မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။
အခု
ဘ၀ဖြိုအမုန်းမှာ
မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား အဓိပတိလမ်းကို
အမျှဝေရမယ်။
ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား
တကသ အဆောက်အအုံနံရံများကိုအမျှဝေရမယ်။
အမျှဝေရမယ်။
( ၅ )
၇ - ၇ - ၆၂
အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ
ညနေ ၅ နာရီ ၃၀ မိနစ်
ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့
( သနက - ၄ ) တင်စစ်ကားနှစ်စီး
အကာလရဲ့မီးကို ထွန်းညှိလို့။
အစွယ်တလက်လက်
သွားရေတမြားမြား
လုံထိန်းဟာ
ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့
ပစ်စမ်း ပစ်စမ်း
၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်
ပစ်စမ်း ပစ်စမ်း
အဆုံးမတော့ ရေဒီယိုကကြေငြာပါတယ်
၁၇ ဦးသေဆုံးသတဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား
ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့
ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော. . ကံ့ကော်။
ကံ့ကော်ရေ
မျက်မြင်သက်သေတွေကိုခေါ်ရရင်
မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင် နံရံကကျည်ဆံရာ
တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း
ကံ့ကော်မြိုင်တန်းရေ
သင်ကိုယ်တိုင်လည်း မျက်မြင်သက်သေပါပဲလေ။
အခု
အပ်တိုတစ်ချောင်းမှမပါသူတို့ကို
ဓားဓားချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံများ
အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ
ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ
ပန်းခွေချကြ
အလေးပြုကြ
ဖဲကြိုးနက်ကိုချိတ်ကြ
၇ ဇူလိုင်တ၀ဂူသီချင်းကိုသီကြ
ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ
ယုံတယ်
တစ်နေ့တော့
အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။
( ၆ )
ဇူလိုင် ၇ ရက် × × ၇ ရက်ဇူလိုင်
မမေ့နိုင်တဲ့ကျောင်းသားသမိုင်း × × ထာဝစဉ်နီ . . .
ငါတို့ဆိုတယ်။
၁ “မျက်စိမ်းသွေးပေ
ကံ့ကော်ကြွေသည်
ဤမြေမည်သို့ဖြစ်သနည်း” တဲ့
ငါတို့ဆိုတယ်။
၂ “သားသေကိုမှ
မမြင်ရသည်
မိဘကံခေဆိုးစွတကား” တဲ့
ငါတို့ဆိုတယ်။
၃ “ပင်ပျိုဆက်လက်
အညွှန့်တက်ကို
ရက်စက်သူများ ချိုးပစ်သည်” တဲ့
ငါတို့ဆိုတယ်။
ငါတို့ဆိုတယ်။
ငါတို့ဆိုခဲ့ပါတယ်။
( ၇ )
အို
စစ်အာဏာရှင်တစ်ဆက်
အသက်ပေါင်းများစွာနဲ့
ယဇ်ပူဇော်အရသာခံရက်သူတို့
ယဇ်ပလ္လင်ထက်
သင်တို့သေနတ်အဘိဓမ္မာဆီက
ငါတို့ရခဲ့တာ
ကြောက်မက်ဖွယ်စကားနှစ်ခွန်း
ဘ၀အားလုံးနစ်မွန်းခဲ့ရာ . . .
ဟုတ်ကဲ့ . . .
၁။ “ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင် သွားမတဲ့” တဲ့။
၂။ “ စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ် ထောင်မပစ်ဖူး” တဲ့။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ
နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ
ယုံတယ်
ဘယ်လိုမတရားတဲ့ ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို
( ဘယ်သမိုင်း ခောတ်မှာမဆို )
မြူတစ်မှုန်မျှတောင် အလိုမရှိတော်လှန်စိတ်ဓာတ်
၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်
အဲဒီစိတ်ဓာတ်ကို
သစ္စာငတ်သူ ( ငါတို့ )
ရင်နဲ့လက်ဖျံမှာကပ်လို့။
သိကြ
ကျောင်းနံရံကိုလည်းမထိနဲ့
ဒေါင်းအလံကိုလည်းမဖိနဲ့ ဆိုလား . . .
ဒေါင်းအသံ ဒေါင်းမာန်နဲ့
ဒေါင်းတမန်တို့ အိုးဝေတေးကိုသီလို့။
သိကြ
ခွပ်ဒေါင်းဆိုတာ
အမှန်တရားဆိုတာ
အမှန်တရားဘက် ထာဝစဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်
အမှောင်မှာ အဆန်ကိုပျံနေမယ့် သစ္စာဌက်
နံနက်မိုးသောက်ရင်တော့
အလင်းဆွတ်ရစမြဲပေါ့ ကံ့ကော်ရယ် . . . . ။
စံ ညိ မ်း ဦး
အပိုဒ် ( ၆ ) ပါ သုံးကြောင်းကဗျာအချို့မှာ ၇ ဇူလိုင်အရေးတော်ပုံအပြီး ထွက်ရှိတဲ့ ‘ တက္ကသိုလ်ဝန်းကျင်ကဗျာများ’ စာအုပ်ကဖြစ်ပါတယ်။
၁။ တရားခံ ၂။ စစ်နှင့်ပြည်သူ ၃။ တိုင်တည်ခြင်း ၄။ တန်ဘိုးမသိသူ
( ဗကသ ) နှင့်အတူ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ အာဏာရှင် ကိုလှရွှေမှသည် ဟယ်ရီတန်၊ ကိုသက်၊ ကိုဗဆွေလေး၊ ဆလိုင်းတင်မောင်ဦးတို့အလယ်
ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အဆုံး စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးသမိုင်းကို အသက်အသွေးဖြင့် လမ်းပြခဲ့ကြသည့် မြောက်မြားစွာသောအာဇာနည်၊သူရဲကောင်း အပေါင်းတို့အား ယခုကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါ၏။
Deep breath after read.
The world has not come to end as yet.