"ဆံပင်ကို ကတ်ကြေးနဲ့ အညှပ်ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်ရဲ့ အဖြစ်"

Tuesday, July 31, 2012

သင်ဇာဝင့်ကျော်၊ ဓာတ်ပုံ- myanmarcelebrity.com

Popular Jouranl က အင်တာဗျူး တခုပါ။ သင်ဇာဝင့်ကျော်ဟာ သူ့ ဆံပင်ကို ကတ်ကြေးနဲ့ အညှပ်ခံ လိုက်ရတဲ့ အဖြစ် ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သင်ဇာဝင့်ကျော်က ရဲတိုက်နဲ့ ‘ချစ်သူရဲ့အရိပ်’ဇာတ်ကားမှာ အထက်တန်းလွှာ အသိုင်းအဝိုင်းက ပြည့်တန်ဆာ တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။

ဒီဇာတ်ကား မှာ ဇာတ်ဝင်ခန်းအရ ဆံပင်အစစ်ကို ရဲတိုက် က ကတ်ကြေးနဲ့ညှပ်တဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ပြီးဇာတ်ကား ပြီးတာနဲ့ ခေါင်းတုံး တုံးပြီး သီလရှင်ဝတ်မယ်လို့ပြောလာတဲ့ သင်ဇာဝင့်ကျော် က

”ဒီကားက ဇာတ်လမ်းလည်းကောင်းတယ်။ နောက်ပြီး ဆာတိုရီ ထုတ် လုပ်ရေးနဲ့က မဆုံတာ လည်းကြာပြီ။ ချိန်းပြီးပျက်တာက ၄ခါလောက် ရှိနေပြီ ဆိုတော့ ဒီတစ်ခါ ရိုက်ဖြစ်တာ။ သူတို့ကလည်း သင်ဇာ မယ်သီလရှင် မဝတ်ခင် ခေါင်းတုံးနဲ့ ရိုက်ချင်တယ်ဆိုတော့ ပိုပြီးဆန်းတယ်ထင်တယ်။ တကယ့် ဆံပင်အစစ်ကို ကတ်ကြေးနဲ့ အညှပ်ခံရမယ်။ ခေါင်းတုံးလည်း တုံးရမယ် ဆိုတော့ တော်ရုံလုပ်ဖို့မလွယ်ဘူးလေ။ တိုက်ဆိုင်သွားမှ လုပ် လို့ရတာ ဒီကားထဲမှာ သင်ဇာက မကောင်းတဲ့ မိန်းကလေးဆိုပေမယ့် အထက်တန်းလွှာ ပြည့်တန်ဆာမျိုးပေါ့။ ဒီကားက သေသေချာချာ အချိန် ယူပြီး ရိုက်ကူးထားတယ်”လို့ ပြောပါတယ်။



ဇာတ်ကားတွေကို စေတနာ ကောင်းကောင်းနဲ့ ကြိုးစားတဲ့ သင်ဇာဝင့်ကျော်က

”ကိုယ်က အလုပ်ကို တန်ဖိုး ထားမှ အလုပ်ကလည်း ကိုယ့်ကို တန်ဖိုးထားမှာ၊ စုတ်ပြတ်သက်နေ တဲ့ကားမျိုး သင်ဇာ ဘဝမှာ တစ်ခါမှမရှိဘူး။ သင်ဇာ့ ဇာတ်ကားတွေ အဆက် မပြတ်ရိုက်နေတာပါပဲ။ သင်ဇာ့ကားတွေ ပုံမှန် မထွက်တဲ့အပေါ်ကို ရှင်းပြတာပါ”လို့ ဇာတ်ကား တွေနဲ့ပတ်သက် ပြီး ပြောပြခဲ့ပါတယ်။

by- မေမွန်မောင်






2 comments :

  1. Anonymous said... :

    ကြိုက်တယ်.. မိုက်တယ်..ခိုက်တယ်.. အားပေးပြီးသားပါ။ ဘယ်သူတွေဘာပြောပြော ကိုယ်လုပ် စရာရှိတာကို အစဉ်တစိုက်လုပ်တတ်တာလေးကိုလည်းကြိုက်ပါတယ်။ တခြားကြိုက်တာတွေလည်းရှိပါသေးတယ်..ဟဲဟဲ

  1. ko mg said... :

    အဲဒီဇာတ်ရုပ်နဲ့  လိုက်ဖက်ပါပေတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved