ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာပွဲ

Saturday, July 21, 2012


ဒီပုံကို ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာဆောင် ဓာတ်ပုံ ဆိုပြီး Facebook မှာ လက်ဆင့်ကမ်းနေကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဝတ်ခဲ့တဲ့ သတို့သားဝတ်စုံက အဖြူရောင် မဟုတ်ပါဘူး။
မှတ်တမ်းတွေအရ သိရတာက မင်္ဂလာပွဲဟာ ခမ်းခမ်းနားနား မဟုတ်ခဲ့ပါဘူး။



ဗိုလ်ချုပ်အောင်ဆန်းရဲ့ မင်္ဂလာပွဲ အကြောင်း မင်းချမ်းမွန် ရေးခဲ့ဖူးပါတယ်။
ရွှေအမြုတေ ၀က်ဆိုက်မှာ ပြန်ဖတ်နိုင်ပါတယ်။

ဒေါက်တာ မြင့်ဆွေရဲ့ ဂျပန်ခေတ် ဆေးရုံကြီးပေါ်ဝယ်၊ ဒဂုန်တာရာရဲ့ အောင်ဆန်း (သို့မဟုတ်) အရိုင်း စာအုပ် ၂ အုပ်ကို သူ ဖတ်ရှု ခံစားရေးဖွဲ့ထားတဲ့ထဲက ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

သူဆေးရုံက ဆင်းသွားပြီး တစ်နေ့သော ညနေခင်းတွင် သူက ဆရာမအား ညစာ ထမင်းစားရန် ဖိတ်ပါသည်။ ထိုဒင်နာတွင် ဆရာမကို သူ၏ ဘ၀ ခရီးဖော်အဖြစ် လက်တွဲရန် ခွင့်ပန်ရာ ဆရာမလည်း မငြင်းသာတော့ဘဲ ခေါင်းညိတ်ခဲ့ ရလေသည်။ သို့ဖြင့် ၁၉၄၂ ခု၊ စက်တင်ဘာ ၆ ရက်နေ့၊ နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ် ဆေးရုံကြီးပေါ်မှာပင် မင်္ဂလာပွဲ ဆင်ယင်ကျင်းပ ဖြစ်သွားလေသည်။ သတို့သားက စစ်ဝတ်စုံကို ၀တ်လျက် ဂျပန် စစ်ဦးထုပ်ကို ဆောင်းပြီး သတို့သမီးနှင့် ယှဉ်တွဲကာ အပျိုရံ၊ လူပျိုရံများဖြင့် ခြံရံကာ ရောက်ရှိလာသည်။

အဲဒီမှာ...။
“သစ္စာမဏ္ဍိုင်___မြဲခိုင်ခဲ့ပေ__ မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ___ အသည်းမှာ စွဲမက် အသက်ကို ပုံတယ်လေ” ဟူ၍ ကစ်တီဘသန်း (ဒေါ်ခင်မေသန်း)၏ စန္ဒရား လက်သံနှင့် အတူ ဆရာကြီး ဒေါက်တာ ဦးဘသန်းနှင့် သမီးတို့က သူ့အသည်းစွဲ သက်ဝေ သီချင်းဖြင့် မင်္ဂလာလက်ဖွဲ့သီချင်း ဖျော်ဖြေပေးခဲ့ကြသည်။ ထိုပွဲတွင် အမှတ်မထင် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသေးသည်။

မင်္ဂလာ အခမ်းအနားသို့ ရောက်လာသော သတို့သားနှင့် သတို့သမီးတို့အား ခန်းမထဲမ၀င်မီ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့် အခြားတစ်ဦးက အပေါက်ဝမှ ဆီး၍ ရွှေကြိုးဖြင့်တားသည်။ တိုင်းပြည် လွတ်လပ်ရေးမှ လွဲ၍ အခြားဘာကိုမှ စိတ်မ၀င်စား၊ လောက၀တ် ဓလေ့ထုံးတမ်းများကိုလည်း နားမလည် ဂရုစိုက်လေ့ မရှိသော သတို့သားသည် သူ့ရှေ့တွင် တားလာသည့် ရွှေကြိုးကို သူ့ညာလက်ဖြင့် ဖျတ်ခနဲ ဆောင့်ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်ပြီး သတို့ သမီးလက်ကို ဆွဲလျက် တည်ကြည်သော မျက်နှာလေးနှင့် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန်ဖြင့် မင်္ဂလာစင်မြင့်ဆီသို့ ဆက်လက် လျှောက်သွားလေသည်။

အဖြစ်အပျက်က လျှပ်ပြက်သလို မြန်ဆန်လွန်းရာ သူ့အပြုအမူကို အားလုံးက မှင်တက်မိကာ အံ့အားသင့်သွားကြသော်လည်း သူကတော့ ဘာမှ မဖြစ်သလိုပါပဲ။ သူကား အဲသလို လူစားမျိုး ဖြစ်သည်။



4 comments :

  1. Su Su Myat said... :

    မိုက်သကွာ ဒါမှ တို့ဗိုလ်ချုပ်ကွ

  1. NLS said... :

    ရှမ်းစော်ဘွား တစ်ယောက်ရဲ့ လက်ထပ်ပွဲလို့ ထင်မိတယ်။

  1. Anonymous said... :

    Does anyone has Our Mother "Daw Aung Suu Kyi" wedding photo?

  1. Unknown said... :

    ကောင်းပါတယ်သတိရနေကြတာကိုတော့။ဒါပေမဲ့ကြောင်းမဲ့တော့မလုပ်ကြဖို့ဆရာနည်းနည်းလုပ်ချင်တယ်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကားတို့ဗိုလ်ချုပ်ကိုဒီလိုအလွဲသုံးစားမလုပ်တက်ဘူးဆိုတာမမြင်လိုက်မမှီလိုက်ပေမဲ့သိနေတယ်လေဒီလိုခမ်းနားတဲမင်င်္ဂလာဆောင်မလုပ်ခဲ့လောက်ပါဘူးဗျာ၊ဗိုလိချုပ်ကတိုင်ပြည်နဲ့လူမျိုးအတွက်စဉ်းစာနေတာဆိုတော့လုပ်ဖို့လဲအချိန်မပေးနိုင်လောက်ဘူးဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved