နေပြည်တော်လမ်း လူနာတင်ယာဉ် ရှိလာတော့မယ်

Saturday, July 14, 2012

စင်ကာပူက အရေးပေါ် လူနာတင်ကား


စင်ကာပူ ကြက်ခြေနီအသင်းက မြန်မာ ကြက်ခြေနီအသင်းကို ကြက်ခြေနီလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် စင်ကာပူ ဒေါ်လာ ၂.၅ သန်းတန်တဲ့ လာမယ့် ၂ နှစ်တာ ကာလအတွင်း စီမံကိန်း ၆ ခု အတွက် နားလည်မှု စာချွန်လွှာကို ဇူလိုင်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာပါ။

ဓာတ်ပုံ- Htein Lin / Reuters

ဒီစီမံကိန်းအရ ယာဉ် မတော်တဆ ထိခိုက်မှုတွေ အဖြစ်များတဲ့ ရန်ကုန်- နေပြည်တော်အမြန်လမ်းမှာလည်း လတ်တလော ရှေးဦးသူနာပြု ကြက်ခြေနီစခန်းတခု ထားဖို့နဲ့ ဒီလမ်းတလျှောက် အရေးပေါ် လူနာတင်ယာဉ် ၁၀ စီး ကို လည်း လျာထားပါတယ်။ နောက်ပြီး အရေးပေါ် အခြေအနေမှာ အကူအညီပေးရေးနဲ့ သဘာဝ ဘေး အန္တရာယ်ရင်ဆိုင် ရတဲ့အခါ ပူးပေါင်းကူညီဆောင်ရွက်ရေးတွေ အတွက်ပါ။


ဘာပဲ ပြောပြော အခုတော့ နေပြည်တော်လမ်းတလျှောက်မှာ တချိန်က မရှိခဲ့တဲ့ ကြက်ခြေနီရှေးဦးသူနာပြု စခန်းနဲ့ အရေးပေါ် လူနာတင်ယာဉ်တွေ ရှိကြပါတော့မယ်။

ဒီအစီအစဉ်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ ရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရုံးတွေမှာ သတင်းအချက်အလက်ချိတ်ဆက်ဆောင်ရွက်တာက အစ ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဝေတာမှာ ပိုထိရောက်ဖို့တွေအထိ ပါတယ်လို့ မြန်မာ့သတင်းစဉ်က ဆိုပါတယ်။

ကချင်ပြည်နယ်က ဒုက္ခသည် ကျောင်းသား ၅ ထောင်ကျော်အတွက်လည်း ကျောင်းသုံးပစ္စည်းတွေကူညီတာနဲ့ အိမ်ထောင်စုပေါင်း ၃ ထောင်ကျော်တို့အတွက် တာပေါ်လင်စတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေလည်း ကုညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


3 comments :

  1. နားလည်မှု့ စာချွန်လွှာ လက်မှတ်ရေးထိုးပြီး နေပြည်တော်လမ်း မှာလူနာ တင်ယာဉ် ထားပေးတာ ကောင်းပါတယ် ။
    အကျိုးမျှော် လို့ ညောင်ရေ လောင်းတဲ့ အဖြစ်မျိုး တော့ မကြုံ ပါရစေ နဲ့ ။
    တရုတ် ဆို ကြောက်လွန်းလို့ ပါ ။

  1. ko zaw said... :

    တွေ့ ခဲ့ဘူးသမျှတော့  နိုင်ငံတကာ က လှူလိုက်တဲ့လူနာတင်ယာဉ်မှန်သမျှ လူနာတင်ပီး အရေးပေါ်မောင်းလာတာထက် ကြက်ခြေနီ က အရာရှိတွေ ဆေးရုံက ဆရာဝန်ကြီးတွေရဲ့  ရုံးကား ဖြစ်သွားတာချည်းပါဘဲ။

  1. Anonymous said... :

    they hope to get something as a return.I know their attitude.Btw, Don't keep on asking help and donation from other countries like a burglar. It is a shame.The Myanmar government says,country is full with a lot of resources but why keep on asking loans and donation from International? They have to work hard themselves in order to change the country.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved