အငြင်းပွားဖွယ် ပိုက်လိုင်းကြီး နှစ်ခု

Saturday, July 28, 2012


http://www.irrawaddy.org/wp-content/gallery/in-pictures-chinas-dream-of-burmese-gas/dsc_0171.jpg
ရှမ်းပြည်နယ်မှာ တွေ့ရတဲ့ ပိုက်လိုင်းညီနောင် (ဓာတ်ပုံများ - ဧရာဝတီ)



ရခိုင်ပြည်နယ်ကနေ ရှမ်းပြည်နယ်အထိ ရှည်လျားတဲ့ ပိုက်လိုင်းကြီး ၂ လိုင်း တောင်ကျော် တောကျော် ဖောက်လုပ်သွယ်တန်းနေတာ အတော် ခရီးရောက်နေပါပြီ။

မိုင် ၅၀၀ ကျော် ရှည်တဲ့ ဒီပိုက်လိုင်းကြောင့်
မြို့ပေါင်း ၂၁ မြို့က
ဒေသခံ ၈၀,၀၀၀ တိုက်ရိုက် ထိခိုက် နစ်နာရတယ်လို့ Sold Out (အကုန်ရောင်းတဲ့မူဝါဒ) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပိုက်လိုင်းနယ်မြေတွေကို လုံခြုံရေးပေးဖို့ အစိုးရက တပ်ရင်းပေါင်း ၃၃ ခု ချထားပါတယ် တဲ့။


ဒီပိုက်တွေက ဘာတွေလဲ

တခုက ရေနံပိုက်၊ တခုက ဓာတ်ငွေ့ပိုက်
~ ရခိုင်ပြည်နယ်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ပို့မယ်

~ ရခိုင်ကမ်းခြေကို ပင်လယ်ဖြတ် ရောက်လာတဲ့ ရေနံကို သိုလှောင် သန့်စင်ပြီး တရုတ်ပြည်ပို့မယ်


ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ဖော်ပြထားတဲ့ In Pictures—China’s Dream of Burmese Gas က ဓာတ်ပုံတချို့ကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    စစ်တပ် ဟာ မြန်မာ ပြည်သူတွေ ကိုကာကွယ်ဘို့လား??????တိုင်းတပါး စီးပွားရေး တွေ ကိုကာကွယ်ပေးဘို့လား????စစ်တပ်မှာသုံးတဲ့ငွေ တွေ ကမြန်မာပြည်သားတွေ ပေးရပြီးထွက်လာတဲ့ အကျိုးအမြတ်များဟာ တရုတ်အတွက် ဆိုတော့ မြန်မာ တွေ ဦးဏှောက်မရှိဘူးဆိုတာ တရုတ်က သိနေတယ် တခြားတိုင်းပြည်တွေ ဆို ဒီလိုလုပ်တာ လက်ခံမှာ မဟုတ်ပါဘူး။လုပ်ခဲ့တဲ့အရင်လူတွေ မြန်မာပြည်ကို ရောင်းစားတယ်။ လက်ငင်းအကျိုးက သိန်းပေါင်းများစွာသော လယ်မြေ တွေ လက်လွတ် လိုက်ရတယ်။တရုတ်တွေ အခွန်မဲ့ မြန်မာပြည်ကို ဥဒဟို ၀င်နေတာ တရုတ်ပြည်ဖြစ်နေဘီ ။နောင်မြန်မာနိုင်ငံ အနာဂတ်ဟာ ရင်လေးစရာပါ။ဒီကြားထဲ အောင်သိန်းလင်းက နောက်ထပ် မြန်မာပြည်ကို တရုတ်လက်ထဲထပ်အပ်ချင်နေသေးတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved