ရေထဲ မောင်းနိုင်တဲ့ အမိုးဖွင့်ပြိုင်ကား

Monday, July 9, 2012





ဆွီဒင်ထုတ် ကမ္ဘာ့ပထမဆုံး ကုန်း၊ ရေပေါ်၊ ရေအောက် သွားကား sQuba

ဆွီဒင်အခြေစိုက် ကားကုမ္မဏီတစ်ခုဖြစ်တဲ့ Rinspeed က ကမ္ဘာ့ပထမဦးဆုံး ကုန်းပေါ်၊ ရေပေါ်၊ ရေအောက်သွားကားကို ၂၀၀၈ ခုနှစ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

Rinspeed sQuba လို့အမည်ပေးထားပြီး သဘာဝ ပတ်ဝန်းကျင်နဲ့လိုက်လျော ညီထွေမှုရှိအောင် လျှပ်စစ်ဓာတ် အားသုံး မော်တာ အင်ဂျင်ကိုသာ တပ်ဆင်ထားပါတယ်။

ကုန်းပေါ်သွားဖို့အတွက် မော်တာတစ်လုံး၊ ရေပေါ်၊ ရေအောက်သွားဖို့အတွက် လျှပ်စစ်မော်တာသုံး ပန်ကာနှစ် လက်နှင့် ရေပန်း (water jet) နှစ်လုံး ပါဝင်ပါတယ်။

ရေပေါ်မှာ အမြင့်ဆုံး Speed တစ်နာရီ ၇၅ မိုင် သွားနိုင်ပြီး ရေပေါ် တစ်နာရီ ၃.၇ မိုင်၊ ရေအောက် ၁.၉ မိုင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

တံခါးနှစ်ပေါက်နှင့် နှစ်ယောက်စီး အမိုးပွင့် ပြိုင်ကားဖြစ်ပြီး ရေအောက်သွားဖို့အတွက် လူနေခန်းကို အမိုးမဖုံးလိုက်ပါဘူး။ အရေးပေါ် အခြေအနေမှာ အလွယ်တကူ ထွက်လို့ ရအောင် အမိုးဖွင့်ထားခြင်းဖြစ်ပါ တယ်။

ဒါကြောင့် ရေအောက်မောင်းနှင်မယ်ဆိုရင် ရေငုပ်သမားလိုပဲ စိုရွှဲနေမှာ ဖြစ်ပါတယ်။ ပြီးတော့ ကားပေါ်မှာ လူနှစ်ယောက်စာ အောက်စီဂျင်ဘူးနဲ့ ပိုက် ပါရှိပါတယ်။

ရေအောက် အနက် ပေ ၃၀ အထိ မောင်းနှင်နိုင်ပြီး ကားကို ရေဖိအား ခံနိုင်အောင် အဆင့်မြင့် သတ္တုများနဲ့ တည်ဆောက်ပါတယ်။

ပြီးတော့ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်တင်းပေးဖို့အတွက် လစ်သီယမ် ဘက်ထရီအ
ပို ထည့်ထားပေးပါသေး တယ်။ သူ့ကို လူနဲ့မမောင်းဘဲ အဝေးထိန်းခလုပ်နဲ့ လည်း မောင်းနှင်နိုင်ပါတယ်။

မိမိရှိတဲ့ နေရာကို အရောက်လာဖို့ အဝေးထိန်းခလုတ်နဲ့ လှမ်းခေါ်လိုက်ရင် စက်က အလိုအလျောက် မောင်းနှင်လာမှာ ဖြစ်ပါတယ်။

အကယ်၍ လမ်းမှာ အပိတ်အဆို့ရှိနေရင်လည်း သူ့ဘာသူရှောင်တိမ်းမှာ ဖြစ်ပါတယ်။ ကင်မရာ၊ အာရုံခံစက် အပြည့်အစုံ ပါရှိမှာ ဖြစ်ပါတယ်။

မောင်းနှင်ပြီးတော့ ရေငုပ်ခါနီး ဘီးကို သိမ်းစရာမလိုပါဘူး။ နောက်ဘက် ပန်ကာ နှစ်ခု ကို မော်တာနဲ့ မောင်းနှင်ပေးပြီး ဘေးနှစ်ဖက်က ရေပန်းစက်(water Jet) ကိုလည်း မောင်းနှင်ပေးရမှာ ဖြစ်ပါတယ်။


ရေနဲ့ ဆားရေ ပွန်းစားမှုကိုခံနိုင်အောင် ကားဘော်ဒီ၊ စက်များကို အဆင့်မြင့် သတ္တုများနဲ့ဖုံးအုပ်ထားပါတယ်။ ကားအတွင်းခံ ထိုင်ခုံ သားရေကအစ ဆားငံရည်ကို ခံနိုင်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်းအစိတ်အပိုင်းများကိုလည်း ရေမဝင်နိုင်ပါဘူး။

sQuaba ကို ၂၀၀၈ခုနှစ် ဂျနီဗာ ကားပြပွဲမှာ ထည့်သွင်းပြသခဲ့ပြီး ကမ္ဘာ့ပထမဆုံး ကုန်းပေါ်၊ ရေပေါ်၊ ရေအောက် သုံးမျိုးသွား ကားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တီထွင်သူ ဒီဇိုင်နာကတော့ Rinspeed ပိုင်ရှင် Frank M. Rinderknecht ဖြစ်ပြီး ၁၉၇၇ ခုနှစ် ဂျိမ်းစ်ဘွန်းရုပ်ရှင် The Spy Who Loved Me ကိုကြည့်ရှုပြီးကတည်းက အခုလို ထုတ်လုပ်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်ပါတယ်။

ဂျိမ်းစ်ဘွန်းဇာတ်ကားထဲမှာတော့ တကယ်အစစ်မဟုတ်ခဲ့ဘဲ Frank ဟာ သူ့အိပ်မက်ကို အမှန်ကတယ် အကောင် အထည်ဖော်ခဲ့ပါတယ်။


Rinspeed sQba တစ်စီးရဲ့ တန်ဖိုးဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၅ သန်း ရှိပြီး သူဌေးများအတွက် ရည်ရွယ်ပြီးထုတ်တာ ကစားစရာတစ်ခု လို့ ပြောဆိုခဲ့ပါတယ်။

Rinspeed sQuba အား ကုန်းပေါ်၊ရေပေါ် ၊ရေအောက် မောင်းနှင်နေမှုကို
http://www.youtube.com/watch?v=sJC7E06IBXI&feature=fvwrel မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

ColayOnline:Automobile
http://www.colayonline.com.mm/automobile/

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved