သဇင် ... သဇင် ...

Sunday, July 8, 2012

~




အဆိုတော်၊ သရုပ်ဆောင် သဇင်ကို ဂျာနယ်တစောင် မျက်နှာဖုံးမှာ ထူးခြားတဲ့ ခေါင်းစဉ်များနဲ့ တွေ့ရပုံ ဖြစ်ပါတယ်။ ဂျာနယ်ထဲမှာ ဘာတွေရေးထားလဲ မသိရပါ။

မျက်နှာဖုံးမှာတော့ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမဟုတ် လို့ ရေးထားပါတယ်။

ဒီပြောဆိုချက်ဟာ သဇင်နဲ့ သူ့အတွဲဟောင်းတယောက် အိပ်ခန်းထဲက ဗီဒီယိုရိုက်ချက်တွေနဲ့ သက်ဆိုင်မယ်လို့ ယူဆရပါတယ်။

ဒီဗီဒီယိုဖိုင်တွေဟာ အသက် ၁၈ နှစ် မပြည့်ရင် ကြည့်ခွင့် မရှိတဲ့ ၀က်ဆိုက်များမှာ ရောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ ၈နှစ်လောက်က ရိုက်ထားတယ်လို့ ခန့်မှန်းကြတဲ့ ဒီရုပ်သံထဲ သဇင်နဲ့တွဲလျက်တွေ့ရသူဟာ ဒုဝန်ကြီးတယောက်ရဲ့ သားဖြစ်ကြောင်းလည်း အွန်လိုင်းစာမျက်နှာတချို့က ရေးသားထားကြပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်လောက်က ရိုက်ထားတာကို အခု ဘာကြောင့် အွန်လိုင်းကို ရောက်လာသလဲ၊ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ မသိရပါဘူး တဲ့။

သဇင်ရဲ့လက်ချက်မဟုတ်တာတော့ သေချာမှာပါ။ ဘာကြောင့်လဲ ဆိုတော့ သဇင်က မကြာသေးခင်ကမှ အိမ်ထောင်ပြုလိုက်လို့ ဖြစ်ပါတယ်။ သူ့အိမ်ထောင်ဘက်နဲ့ အနည်းဆုံး စကားများရဖွယ်ရှိတဲ့ ဒီလုပ်ရပ်ကို သူ မလုပ်လောက်ပါဘူး။

ဒီဗီဒီယိုဖိုင်တွေအကြောင်း အွန်လိုင်းပရိသတ်တွေပဲ သိနေကြတယ်ဆိုရင် မှားပါလိမ့်မယ်၊ အွန်လိုင်းနဲ့ မနီးစပ်လည်း ဒီဖိုင်တွေက တောမီးပမာ ပျံ့နိုင်ပါတယ်၊ အခုလောက် ဆိုရင် ခိုးကူးခွေဆိုင်တွေရဲ့ အရောင်းရဆုံးစီဒီ စာရင်းထဲတောင် ၀င်ကောင်း ၀င်နေနိုင်ပါတယ်။

ကင်မရာနဲ့ ဆိုရင် ခံရပြီသာမှတ်


အင်တာနက် မင်းသမီး မဖြစ်စေဖို့



~

14 comments :

  1. Anonymous said... :

    လောကကို ဆောက်ရှောက်တဲ့ အရှက်တရား၊ အကြောက်တရား လောကပါလ တရားတွေ ပျောက်ကုန်ပါပကောလား။

  1. Anonymous said... :

    နောက်ဆုံးပေါ် သဇင်ဗိုင်းရပ်စ် -၁ ၊-၂ ။

  1. Anonymous said... :

    နောက် တခါဆိုရင်ဗီဒီယိုကင်* မရာကိုအရင်ရှာပါ

  1. Anonymous said... :

    ခေတ်ကိုလိုက်မမှီတော့ဘူး။ဒါပေမယ့် သဇင်ကိုတော့အားမပေးတော့ ဘူး။ဒီလို အနုပညာသည်တွေပပျောက်ပါစေ။မြန်မာမိန်းကလေးတွေမြန်မာ့ယဉ်ကျေးမှုဆိုတာဘာလဲ။အိမ်ထောင်ရေးဖော်ပြန်တာတော့မဟုတ်ဘူးပေါ့။လူမျိုးရေးဖောက်ပြန်တာလေ။ခွင့် လွတ်နိုင်ပါတယ်မသိလို့ တခါမှားတဲ့ အမှားဆိုရင်ပေါ့။အကြိမ်၂မှားနေတာထဲကတခုဆိုရင်တော့။

  1. Anonymous said... :

    နှစ်ဦးသဘောတူပြီးဖြစ်ပျက်ခဲ့တာကိုတော့
    တဖက်မိန်းကလေးကိုသိက္ခာဆယ်မရအောင်လုပ်တဲ့
    လုပ်ရပ်ကအ၇မ်းကိုအောက်တန်းကျလွန်းတယ်။
    ချစ်သူနှစ်ဦးလွန်ကျူးကြတယ်။ဒါသဘာဝပဲခုလိုလုပ်ရပ်က
    လူမဆန်ပါဘူး။

  1. Unknown said... :

    ဒီ ဗွီဒီယိုကို ဘယ်သူကပဲတင်ခဲ့ပါစေ အဓိက တရားခံက သဇင်ပါ။ နိုင်ငံရဲ့ Celebrity တစ်ယောက်အနေနဲ့ ဒါမျိုးမဖြစ်သင့်ပါဘူး။ ကိုယ်ဆန္ဒဆိုပေမယ့် သူ့ကို အားပေးတဲ့ ပရိတ်သတ်တွေကိုပါ စော်ကားရာရောက်ပါတယ်။ နောက်တစ်ခါ ဒီအထဲက ဆက်ဆံပုံတွေကလည်း အရမ်းရိုင်းပါတယ်။ ချစ်သူခြင်း ဆက်ဆံမှုမျိုးလို့ လုံးဝယူဆလို့မရဘူးဆိုတာ တော်တော်များများလည်း သတိထားမိမှာပါ။ သူ့အရှက်သူခွဲခဲ့တာပဲလေ၊ ဘာကြောင့်၊ ဘာအတွက်ပဲဖြစ်ဖြစ် ဒီလိုကိစ္စဟာ မဖြစ်သင့်ပါဘူး။ အဲဒီတော့ ကိုယ်စိုက်ပျိုးခဲ့တဲ့ အပင်ကို ကိုယ်တိုင်ပဲ ပြန်ရိုတ်သိမ်းလိုက်ပါတော့ သဇင်ရေ။

  1. Anonymous said... :

    သဇင်အဲသလိုလုပ်နေတာရုပ်ရှင်အစည်းအရုံးကဦးဇင်ဝိုင်း
    ကဘာလုပ်နေလဲ......ဦးဇင်ဝိုင်းကြီးရေ..အခွင့်အရေး
    တော့ယူချင်ရင် တာဝန်ယူမှု...လေးတော့.လုပ်ပါအုံး

  1. Anonymous said... :

    သဇင်ကတော့သူအပြစ်မရှိသလိုအိမ်ထောင်ရေးဖောက်ပြန်တာမဟုတ်တဲ့အတွက်အိမ်ထောင်ရေးမှာ ထိခိုက်မှုမရှိဘူးလို့ဆိုထားပါတယ်။ မိန်းကလေးတယောက်အနေနဲ့ကိုယ်ကိုကိုယ်သတ်သေချင်လောက်အောင်ရှက်နေရမယ်အစား ဘာမှမဖြစ်သလိုပန်းပန်လျက်ပဲနေနိင်တာအတော်ကိုအံ့အောမိပါတယ်။သိသာသိစေမမြင်စေနဲ့ဆိုသလိုမမြင်သင့်မမြင်အပ်တာမြင်လိုက်ရတဲ့သူ့ယောက်ကျားခမျာရှေ့ဆက်တိုးလို့နေနိုင်ရဲ့လား။ဘယ်သူမပြုမိမိမှူပါပဲ။ ယုတ်မာတဲ့ဟိုယောက်ကျားကိုတော့စကားထဲထည့်ပြောစရာအကြောင်းမရှိပါ။

  1. Anonymous said... :

    အပေါ်က အကိုတစ်ယောက် ပြောသလိုပါဘဲ သူတို့ဆက်ဆံပုံက အရမ်းရိုင်းပါတယ် ချစ်သူတွေမှားတဲ့ပုံမျိုးလည်းမဟုတ်ပါဘူး တကယ်တမ်းကြေးစားပုံမျိုးပေါက်ပါတယ် သူကတော့ဘာမှ မဖြစ်သလိုဘဲ ပြောတယ် တော်တော် မျက်နှာပြောင်တာဘဲ မင်းသမီးများ အနေထိုင်ဆင်ခြင်ကြပါလို့ပြောချင်ပါတယ်

  1. Unknown said... :

    အနေအထိုင်မတက်လို့ဖြစ်တာ

  1. Unknown said... :

    အနေအထိုင်မတက်လို့ပေါ့

  1. Unknown said... :

    မြန်မာမိန်းကလေးတွေအတုရူမမှားစေချင်ပါ

  1. Unknown said... :

ူသဇင်ကဒီလိုလုပ်တော့ရုပ်ရှင်မင်းသမီးတိုင်း
    ဒီလိုလုပ်တယ်လိုထင်ကုန်မှာစိုးတယ်ဗျာ

  1.ိ အနုပညာလောကသားသည်အလွန်အရေးကြီပါသည်အိမ်ထောင်မပြုခင်နေခြင်သလိုနေတာဖေါက်ပြန်ခြင်မဟုတ်ဟုလူငယ်တွေတွေးကုန်ရင်မြန်မာယဉ်ကျေးမှုပျက်ဆီးလိမ်မယ်
    အခုလိုကယ်ကျင့်တရားပျက်တဲ့နေုပညာရှင်ကိုယင်းလောကမှပယ်ထုတ်ဖိုတောင်းဆိုပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved