မြစ်ကြီးနားတွင် ဒုက္ခသည် ၁၀၀၀ ကျော် ဆန္ဒပြ

Friday, July 6, 2012



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အစိုးရက ဖမ်းဆီးထားသော ဦးလထောင်ဘရန်ရှောင်အား ချွင်းချက်မရှိလွတ်ပေးရေးနှင့် လူထုကို တရားမဲ့ စွပ်စွဲဖမ်းဆီးခြင်းမပြုလုပ်ရန်၊ စစ်ပြေးဒုက္ခသည် IDP များကို လုံခြုံမှုအကာအကွယ်ပေးရေးတို့ကို ဒုက္ခသည် ၁၀၀၀ ကျော်က ယနေ့မနက်ပိုင်းမှ စ၍ အစိုးရရုံးများရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြသည်။


ဆန္ဒပြသူများထဲတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များလည်းပါဝင်သကဲ့သို့ ဦးဘရန်ရှောင်၏ မိသားစုများလည်း ပါဝင်ပြီး ဇနီးဖြစ်သူကိုယ်တိုင် ဆန္ဒပြပွဲတွင်ထိပ်ဆုံးမှ ပါဝင်ပြီး “ကျမ၏ခင်ပွန်း ဦးဘရန်ရှောင်ကို လွတ်ပေးပါ”ဆိုသည့် စာတမ်းကို ကိုင်ဆောင်ကာ ဆန္ဒပြနေလျက်ရှိသည်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved