ခွပ်ဒေါင်းခေါင်းစည်း၊ ဗိုလ်ချုပ်ဓာတ်ပုံနဲ့ မြန်မာ့ တပ်မတော်သား

Friday, July 20, 2012

ဓာတ်ပုံ- လူငယ်လေး တဦး

ယမန်နေ့က ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားဟာ ထူးခြားမှုတွေ များစွာရှိခဲ့ ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အာဇာနည်နေ့အခမ်းအနား ကို နိုင်ငံတော် ရဲ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ကာ လွမ်းသူ့ ပန်းခွေချ အလေးပြုခဲ့ပါတယ်။

ဒီအပြင် နိုင်ငံတော်ကလည်း အရင်နဲ့ မတူ ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အကြောင်းကိုလည်း ပြန်လည်ပြောဆိုနေခဲ့ကြပါတယ်။ နိုင်ငံပိုင် ရုပ်သံတွေနဲ့ စကိုင်းနက်တို့ကလည်း တိုက်ရိုက်လွှင့်ထုတ်ခဲ့ကြတာ စသဖြင့် ထူးခြားမှုတွေထဲကတော့ ဒီ ဓာတ်ပုံက အထူးခြားဆုံးပါ။

လက်မောင်းမှာ ထောက်/ပို့ တပ် တံဆိပ်ပါ စစ်ယူနီဖောင်းဝတ်စုံအပြည့်နဲ့ တပ်မတော်သား တဦးက ခွပ်ဒေါင်း ခေါင်းစည်း နဲ့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို လက်မှာ ကိုင်ထားတဲ့ မြင်ကွင်းပါ။

ဒီဓာတ်ပုံထဲကလို တပ်မတော်သားတိုင်းဟာ တပ်မတော်ရဲ့ ဖခင် တကယ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဒီလို စိတ်သဘောထားမျိုး ရှိကြမယ်ဆိုရင် သိပ်ကောင်းမယ့် တပ်မတော်ရဲ့ သမိုင်းဖြစ်စဉ်တခုအဖြစ်လည်း မှတ်တမ်း တင်ကြရမှာပါ။

ဖေ့စ်ဘုတ်ပေါ်မှာ ခွန်ဒီးယမ်က တင်ထားပြီး ဓာတ်ပုံရိုက်သူကတော လူငယ်လေးတယောက် လို့ ဖော်ပြထားပါ တယ်။ တကယ့် တပ်မတော်သားစစ်စစ်ကို ရိုက်ထားတဲ့ ဓာတ်ပုံ ဟုတ်မဟုတ်ကတော့ ကာယကံရှင်တွေပဲ သိကြမယ် ထင်ပါတယ်။ နောက်ခံ ၀န်းကျင်ကတော့ ရွှေတိဂုံ စေတီအနီးတ၀ိုက်လို့ ခန့်မှန်းရပါတယ်။

4 comments :

  1. Anonymous said... :

    ဟဲဟဲ ကိုယ့် လူတို့  ။လုပ်ကြံ ဇာတ် လေး တော့ ကောင်းပါတယ်။ အင်္ကျီကတော့ စစ်တပ်ဘဲ။ ဒါပေမဲ့  စစ်သား ရုပ် မပေါက်ဘဲ လူမိုက် ရုပ် ( ဒေါင်း ရုပ် ) ပေါက် နေ တာက ဆိုးတယ်ကွာ။ ဟဲဟဲ။

  1. Pyinsarupa said... :

    စစ်တပ်ထဲ ကလူတွေက သူထက်ပိုပြီးတော့ သူခိုး ဓားပြ လူမိုက်ရုပ်ပိုပေါက်ပါသည်။ သူဟာသိတ်ရုပ်မဆိုးတဲ့ စစ်သားဖြစ်မှာပါ။ ဥပမာ စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ကွမ်းတပစ်ပစ်စားရင်း အမိန့်ပေးနေသော ဗိုလ်ကြီးအဆင့်ရှိသူနှင့် သူ၏ နောက်လိုက်များမှာ ကျွန်တော် အထက်မှာ ဆိုခဲ့သော သူခိုး ဓားပြ လူမိုက်ရုပ်ထက် ဆိုးသူများဖြစ်ပါသည်။ အထူးသဖြင့် စိတ်ဓာတ်ရေးရာပိုင်းမှာပေါ့၊ တကယ့်ကို အော့နှလုံးနာစရာများပါပေ၊ သို့သော် စစ်ယူနီဖောင်းဝတ်ပြီး ဒီလိုစိတ်ထားမျိုးရှိတဲ့ ရဲဘော်များကိုတော့ လေးစားမိပါ၏။

  1. Pyinsarupa said... :

    စစ်ယူနီဖောင်းဝတ်နဲ့ ဒီစိတ်ဓာတ်မျိုးရှိတာ သိတ်ကောင်းပါတယ်၊ တပ်မတော်ရဲ့ ဖခင်အစစ် ဓာတ်ပုံကို သူ၏သားများ(တပ်မတော်သားများ) မှ မကိုင်ဝံ့ မထားဝံ့အောင် ပထွေးများ၏ ခိုင်းစေချက်များကြားမှ သတ္တိရှိရှိ လုပ်ဝံ့သူကိုချီးကျူးလိုပါတယ်၊ လူမိုက်ရုပ် လူ့အောက်တန်းစားရုပ် ဆိုတာ ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ကွမ်းတပစ်ပစ်စားပြီး အပ်တိုတချောင်းတောင်မရှိတဲ့ သံဃာတော်တွေ နဲ့ လူထုကို မခန့်မလေး မျက်နှာပေးနဲ့ လူမိုက်ဆန်ဆန် အောက်တန်းကျစွာ ပစ်ခတ်မိန့်ပေးခဲ့ သော ဗိုလ်ကြီးအဆင့်ရှိ စစ်သားရုပ်ကိုခေါ်ပါသည်။

  1. Anonymous said... :

    လက်နက်ကိုင်တပ်ဖွဲတွေထဲမှာအမှားအမှန်အကောင်းအဆိုးခွဲသိတဲ့လူတွေရှိပါတယ်။စက်တင်ဘာအပြီးမှာရဲထဲကနေထောင်ကျခံထွက်တဲံ့ရဲဘော်တွေရှိပါတယ်။စက်တင်ဘာကာလမှာတောင်ကိုယ်ရဲဘော်တွေရှာမှာလိုဆဲနေတဲ့ရဲတပ်ကြပ်တွေကိုလဲမြင်ဘူးပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved