စိတ်ကြွဆေး သိန်း ၉,၀၀၀ ဖိုး မြစ်ကြီးနားမှာ မိ

Thursday, July 26, 2012

~


မူးယစ်ဆေးဖမ်းမိသည့် အကျဲကျေးရွာရှိ စစ်ဆေးရေးဂိတ်တခု (ဓာတ်ပုံ - YPI)

စိတ်ကြွဆေး အလုံးရေ သုံးသိန်း မြစ်ကြီးနားမှာ ဖမ်းမိတယ် လို့ ဗုဒ္ဓဟူးနေ့ထုတ်ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။
မြန်မာငွေ သိန်းပေါင်း ၉,၀၀၀ တန်တယ် တဲ့။
တော်တော်များတာပဲ။

ဆေးသယ်လာတဲ့ကားက မာဇဒါဂျစ် လို့ ဆိုတယ်။ ကားနံပါတ်ကိုကိုတော့ ရှေ့အက္ခရာတလုံးပဲ ပေးပါတယ်။ ဂဏန်းတွေ ၀ှက်ထားပါတယ်။

(ဘော်ဒီနာဖူးတဲ့ကားတွေ ဈေးကောင်းမရတတ်ဘူး ဆိုတာကြောင့် ထင်ပါတယ် - ယာဉ်တိုက်မှုသတင်းများထဲက ကားနံပါတ်တွေကို မီဒီယာတွေက ဆင်ဆာဖြတ်ပေး ဖုံးကွယ်ပေးတတ်ကြပါတယ်။ ဓာတ်ပုံမှာရော သတင်းထဲမှာပါ ဖြတ်ပါတယ်။
ကားဈေးတွေ ပြုတ်ကျ၊ ကားအရေအတွက် ဖောင်းပွလာနေပေမယ့် ဖုံးပေးနေကြဆဲပါ။)

မူးယစ်ဆေး သယ်တယ်ဆိုတဲ့ ကားရဲ့ နံပါတ်ကို ဘာကြောင့် ဖုံးပေးသလဲ ဆိုတာတော့ မသိရပါ။

သိန်း ၉,၀၀၀ တန် စိတ်ကြွဆေးသတင်း မူရင်းကို ဒီမှာ http://3.bp.blogspot.com/-n85Dsilv1Zo/UA_JaTFUqyI/AAAAAAAAKgk/mPn77SpSNEs/s1600/000%2B001%2Bblog%2Belph.jpg ဖတ်နိုင်ပါပြီ။

သယ်ဆောင်လာသူက အသက် ၅၄ နှစ်အရွယ် ဦးသောင်းမြင့် (ခေါ်) မေလီဟို လို့ ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved