တာဝန်ကျေပါစေ! ! !

Wednesday, July 25, 2012


ပုံမှာ မြင်ရတဲ့ တာဝန်ကျေပါစေ ဆိုတဲ့ ဆိုင်းဘုတ်ကတော့ အောင်လံမြို့က အရက်ဆိုင် တဆိုင်က ချိတ်ဆွဲထားတာ ဖြစ်ကြောင်း myanmar jokes ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တွေ့ရပါတယ်။
စာဖတ်ပရိသတ်များ အတွက် ထူးဆန်းမှုဖြစ်သွား မယ် ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။

သူက တာဝန်ကျေမှုကို ၂ ပိုင်းခွဲထားတာပါ။
အရက်ရောင်းသူတာဝန်နဲ့ အရက်သောက်သူ တာဝန်ဆိုပြီး ဆိုင်းဘုတ်မှာ ခွဲခြားပြ ဆို ထားပါတယ်။

“အရက်မညံ့ဖို့နဲ့

ခွက်သန့်ဖို့က

ကျတော်ရဲ့ တာဝန်

အချိန်မှန်ရောက်

ဇိမ်ခံသောက်

အငြိမ်ပြန်လျှောက်

အိမ်ပြန် နောက်မကျဖို့က သင့်တာဝန်” တဲ့။

ကဲ….. ယမကာချစ်သူတွေလည်း တာဝန်ကျေခြင်းကို နားလည်သွားမယ် ထင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved