ထူးအိမ်သင် ရဲ့ မွေးနေ့ အမှတ်တရ

Monday, July 2, 2012

ဓာတ်ပုံ- မင်းထင်ကိုကိုကြီး

ဇူလိုင် ၁ ရက်နေ့ဟာ ကိုငှက်ကြီး (ထူးအိမ်သင်) ရဲ့မွေးနေ့ပါ။ ကိုငှက်ကြီး မရှိတော့ပေမယ့် သူ့ရဲ့ သီချင်းနဲ့ အနုပညာတွေက ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ ကျန်ရှိ ရှင်သန်နေဆဲလည်းဖြစ်ပါတယ်။

အနုပညာရှင် ထူးအိမ်သင်ရဲ့ မွေးနေ့ အလှူအတွက် မိသားစုနဲ့ အတူ မိတ်ဆွေများလည်း စုံလင်ပါတယ်။

ထူးအိမ်သင်ရဲ့ ထာဝရ ရင်ထဲက အမေ ဒေါ်မြရင် ၊ ဓာတ်ပုံ- Popular Myanmar News Journal

ထူးအိမ်သင်ဆိုတာ တချိန်က အနုပညာလောကမှာ အရွယ်တိုင်းရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်သူပါ။ အခုထိလည်း သူ့သီချင်း၊ သူ့ဂီတ၊ သူ့အနုပညာတွေက ဟိုး ကောင်းကင်က ကြယ် တစင်းလို လင်းလက်နေဆဲပါ။ သူ့စာသားများဟာ တောက်ပြောင် စူးရှ ထက်မြက်သလို ညင်သာတယ်။





သူ့ဘ၀မှာ အမေဆိုတာဟာ တရေးနိုးထမေးလိုက်လည်း သူ့နုတ်က အမေနဲ့ပတ်သက်ရင် ဂုဏ်ပြုစကား အမြဲထွက်လေ့ရှိသူလည်းဖြစ်တယ်။

ထူးအိမ်သင်၏ ဇနီး မသွယ်သွယ်ထွေး(ပန်းရောင်နှင့်)


ထူးအိမ်သင်၏ မိခင်ကြီးနှင့် သျှီ

ထူးအိမ်သင် မိသားစုနဲ့ ပေါ်ပြူလာ အဖွဲ့သားများ၊ ညာအစွန် အပြာရောင်နှင့် ဦးခေါင်းမှာ ဖဲကြိုးပြာလေးက ထူးအိမ်သင်ရဲ့ ချစ်သမီး မိကွန်ထော လေးဖြစ်ပါတယ်။

သမီးလေးနဲ့ပတ်သက်ပြီးလည်း ထူးအိမ်သင်က ဒီလို သီဆိုခံစားတေးရင့်ကျူးခဲ့ပါသေးတယ်။



ထူးအိမ်သင် ခေါ် ကိုငှက်ကြီးကို သတိရသူတိုင်း အတွက် သတိတရ အဖြစ်လေးတွေနဲ့ မြင်တွေ့ခံစားရမှာပါ။ အိမ်ပြန်ချင်သူတွေအတွက်လည်း သတိရနေစေမယ့် ထူးအိမ်သင်ပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved