ဝန်ကြီး ဦးမောင်မြင့် က ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်စကားဆို

Monday, July 2, 2012

ဇူလိုင်လ ၁ ရက်နေ့ စွဲနဲ့ နိုင်ငံပိုင် သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်စကား ဆိုထားချက်ပါ။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး ပြောဆိုခဲ့မှု ကို မြန်မာနိုင်ငံခြားရေး ဒု ၀န်ကြီး ဦးမောင်မြင့်က ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

ဒီလို ကျေးဇူးတင်စကားဆိုထားတာကို နိုင်ငံပိုင် သတင်းစာတွေမှာလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာ အလုပ်သမားအရေးကို မြန်မာအစိုးရ အဆက်ဆက်ကြိုးစားခဲ့တာပါတဲ့။ အခုမှ မဟုတ်ပါဘူးဆိုပဲ။

မြန်မာအလုပ်သမားတွေရဲ့ ပြဿနာဟာ နှစ် ပေါင်း ၃၀၊ ၄၀ ကြာခဲ့ပြီဖြစ်ကြောင်း၊ အစိုးရ အဆက် ဆက် ဖြေ ရှင်းဖို့ ကြိုးစား ခဲ့ပေမယ့် အဖြေမထွက်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး မြန်မာနဲ့ ထိုင်း တာဝန်ရှိ သူတွေတွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး မနားမနေ ကြိုးစားခဲ့လို့ ရလာဒ် ကောင်းတွေ ရလာပြီး တရား မ၀င် မြန်မာ အလုပ် သမားတွေ တရားဝင်ရေး လုပ်ခဲ့တာဖြစ် တယ်လို့ ဦးမောင်မြင့်က ပြောဆို ထားပါတယ်။

ဦးမောင်မြင့်ဟာ ထိုင်း အလုပ်သမား ဒုဝန်ကြီးနဲ့ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ပြီး လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေးတွေကို ဆွေးနွေးခဲ့ပါတယ်တဲ့။

အခုတော့ မြန်မာ ရွှေ့ပြောင်း အလုပ် သမား ၁.၂ သန်းလောက်ကို ယာယီ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပြီး ၂ နိုင်ငံ အနေနဲ့ အခက် အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ ရကြောင်း၊ နောက်ထပ် တရားမ၀င် မြန်မာ အလုပ်သမား ၁ သန်းလောက် ကျန်နေသေးတယ်လို့ ဦးမောင်မြင့်က ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved