ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော် - နေဘုန်းလတ်

Friday, July 27, 2012

ဓာတ်ပုံ- ချိုတူးဇော်၏ ဖေ့စ်ဘုတ်

အခုတလော ဆက်တိုက်ဆိုသလိုပါပဲ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ အနုပညာလက်ရာ စာပေတွေ ထွက်ရှိလာပါတယ်။
အခုလည်း ဘလော့ဂါ နေဘုန်းလတ်ရဲ့ "ကျနော် လွတ်ကျခဲ့တဲ့ မြို့တော်" အမည်ရ ၀တ္တုတို ပေါင်းချုပ်စာအုပ် ထွက်ရှိလာပါပြီ။

စာအုပ်မိတ်ဆက်ပွဲကိုတော့ အခုလာမယ့် သြဂုတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီက ၄ နာရီထိ ဗိုလ်အောင်ကျော်လမ်း၊ အောက်ဘလောက်က HOME မီဒီယာ မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အခုလို နေဘုန်းလတ်ရဲ့ စာအုပ်ထွက်ရှိလာမှုနဲ့ ပတ်သက်ပြီး ကိုချိုတူးဇော်က အခုလို ဆန္ဒပြုထားပါတယ်။

"ဒီနှစ် ၂၀၁၃ IWP တက်ရောက်မယ့် စာရေးဆရာအနေနဲ့ ကျနော် ညီငယ် နေဘုန်းလတ် ကို အဆိုတင်သွင်းခဲ့တယ်။

မြန်မာပြည် က စာရေးဆရာတွေ အများအပြားထဲမှာ လူငယ်လည်းဖြစ်၊ အင်္ဂလိပ်စာလည်းကောင်း၊ တိုင်းပြည်အတွက် သတ္တိရှိရှိရေးတဲ့ ကလောင်တချောင်းမို့ပါ။

ဒါပေမယ့် ညီငယ် “နေဘုန်းလတ်” တယောက် ပတ်စ်ပို့မရတာတခုနဲ့တင် လာဖို့လွယ်မယ်၊ မထင်ပါ။

တိုင်းပြည်အတွက် သတ္တိရှိရှိရေးသားမယ့် ကလောင်တချောင်း ဒါ့ထက်မက ချွန်စေ၊ မြစေ ဖို့ “အား”အနေနဲ့၊ သူ့ရဲ့ ပထမဆုံး ၀တ္ထုတိုပေါင်းချုပ်စာအုပ်ကလေး အောင်မြင်ပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်။


ချစ်ခင်စွာ
ချိုတူးဇော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved