ဆောက်ချင်ဦးဟဲ့ အိမ်...

Friday, July 13, 2012


ကျွန်တော်မနေ့က မြို့ထဲထွက်ရင်းကြားရတာက အိမ်ဆောက်မယ့် အိမ်တိုင်တွေဖမ်းခံရတယ်တဲ့၊ဒါနဲ့ သတင်းစုံစမ်းရင်း သိသလောက်ကို တင်ရေးဖြစ်ခဲ့ပါတယ်။

ဒီကနေ့(၁၁.၇.၂၀၁၂)ရက်နေ့ညနေ(၆)နာရီမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူထံခွင့်ပန်ပြီး တရားခံ၊ ရွာသား (၂)ယောက်ကို တွေ့ဆုံဖြစ်ပါတယ်။

သူတို့ပြောတာတွေကို သက်ဆိုင်ရာတာဝန်ရှိ အကြီးအကဲတွေသိနိုင်ဖို့ ရေးသားလိုက်ရပါတယ်။
(တစ်ခုတော့ ကျွန်တော်ပြောချင်ပါတယ်၊အခုတရားခံတွေဟာ ကျွန်တော်နဲ့တစ်ခါမှ တွေ့ဖူးသူများ မဟုတ်ခဲ့ကြပါဘူး)

မေး ။ဒီသစ်တွေကို ဘယ်မှာရောင်းဖို့ သယ်လာတာလဲ

ဦးတင်လင်းဖြေ ။ သပြေပင်ရွာမှာရှိတဲ့ ကျွန်တော့်အိမ်တိုင်တွေ ဆွေးနေလို့ ပြန်ဆောက်ဖို့ ၀ယ်လာတာပါ၊ အိမ်တိုင်တွေကို အရင်နှစ်တွေကတည်းက ၃လုံးစု ၅လုံးစုနဲ့စုလာခဲ့တာပါ၊ စုစုပေါင်း ၁၀ လုံးပဲ ရပါသေးတယ်၊ အကုန်လုံးတစ်ခါထဲ မ၀ယ်နိုင်လို့ ဖြည်းဖြည်းချင်းစုတာပါ။
ကျွန်တော်ဟာ သစ်လုပ်စားသူ မဟုတ်ပါဘူး၊ သားသမီး ၁၂ ယောက် ရှိပါတယ်။ (ဦးတင်လင်း၊အသက်(၅၂)နှစ်၊သပြေသာရွာ၊ကသာမြို့)

ကိုခင်မောင်ချင်းဖြေ၊ ။ ကျွန်တော်က မော်တော် စက်လှေ မောင်းတဲ့သူပါ၊ သားသမီး ပေါက်စနတွေနဲ့ စက်လှေ မောင်းလာရင်းနဲ့ ဦးတင်လင်းနဲ့ တွ့ပြီး တိုင်လုံးလေး ရွာပို့ပေးစမ်းပါကွာ၊ တိုင်တစ်လုံး ၁၅၀၀ ပေးပါမယ် ဆိုလို့ တွဲကူပြီး သယ်လာတဲ့အချိန် ဖမ်းခံရတာပါ၊
(ခင်မောင်ချင်း၊အသက်၂၂နှစ်၊ဝေဆွယ်ရွာ၊ကသာမြို့)

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကသာရဲစခန်းက (ပ)၂၁၂/၂၀၁၂နဲ့တိုင်ချက်ရေးသွင်းပြီး ပြည်သူပိုင် ၆(၁)နဲ့ အရေးယူဖို့ ကြိုးစားနေပါတယ်။

ကသာမြို့နယ် သစ်တောဦးစီးဌာနရဲ့ တိုင်တန်းချက်အရလို့လည်း ဆိုပါတယ်။
ဒီလို ဖြစ်ရပ်မျိုး ဒေသအသီးသီးမှာလည်း ဖြစ်ဖူးဖြစ်လေ့ ရှိနေကြမှာပါ။ အလားတူဖြစ်စဉ်တွေအတွက် လွှတ်တော် တက်နေတဲ့ ကိုယ်စားလှယ်တော်တွေ အနေနဲ့ သစ်တောဥပဒေကို ခေတ်မှီစွာ တစ်စုံတစ်ခု ပြင်ဆင်နိုင်မယ် ဆိုရင်တော့ ဒေသအသီးသီးက ဒေသသခံ အိမ်ဆောက်တဲ့သူတွေ သက်သာရာရ ကြမယ့် အကြောင်းလက်တို့ လိုက်ပါရစေ..၊

(ဟာဂျူလီ.ကသာ)

3 comments :

  1. Anonymous said... :

    သစ်ကတစ်တန်ပြည့်မှ သစ်တောကဖမ်းလို့ရတယ်လို့ကြားဖူးပါတယ်

  1. ကားအစီးလိုက်သွားလိုက်မဖမ်းတော့ဘူး သစ်တောဆရာများဖမ်းချင်ရင်ပုသိမ်ငွေဆောင်လမ်းကိုလာခဲ့ သူတို့ခများအိမ်တိုင်လည်းမလို့ပါဆို လာခဲ့ကာနဲ့တိုက်နေတာကြာပေါ့

  1. Anonymous said... :

    ကိုဟာဂျူလီ.ကသာရေ ကိုခင်မောင်ချင်းနဲ့ ကိုတင်လင်းတို့အား သစ်တောဥပေ ဒပုဒ်မ ၄၃(က)၊ ပ-၂၁၂/၁၂ ဖြင့် အရေးယူဖို့ ဆောင်ရွက်ထားတာဖြစ်ပြီး ပြည်သူပိုင်၆(၁)နှင့် အရေးယူဖို့ တိုင်ချက်ဖွင့်ထားတာ မဟုတ်ပါဘူး။ ရဲစခန်းမှာစုံစမ်းမေးမြန်းလို့ရပါတယ်။ တကယ်တော့ ကျေးလက်ပြည်သူတွေ အိမ်ဆောက်ဖို့ ၊ လယ်ယာသုံး ပစ္စည်းတွေ ထုတ်ယူသုံးစွဲလိုပါက သက်ဆိုင်ရာ ခရိုင်သစ်တောဦးစီးဌာနက ခွင့်ပြုပေးနိုင်ကြောင်း ၊ သစ်တော နည်းဥပဒေ ၂၆(ခ)မှာ ဖော်ပြထားပါတယ်။ ခွင့်ပြုချက်မရှိဘဲ ထုတ်ယူသုံးစွဲလို့မရပါဘူး။ ကိုတင်လင်းဖြေသလို အိမ်ဆောက်ဖို့ အိမ်တိုင်ကို တစ်ခါထဲမ၀ယ်နိုင် လို့ တဖြည်းဖြည်းချင်းစုလာတဲ့လူက နိုင်ငံပိုင်ကျွန်းသစ် (၇)လုံး၊ တန်အားဖြင့်(၃)တန်ခွဲဆိုတဲ့ပမာဏဟာ အိမ်တိုင်တစ်ခုထဲအတွက်တော့မဟုတ်ဘူးထင်ပါတယ်။ ဌာနဆိုင်ရာက ဥပဒေနဲ့အညီ စစ်ဆေးပြီး အရေးယူတာပါ ။ သက်ဆိုင်ရာဌာနကိုလည်းမေးကြည့်ကြပါအုံးဗျာ။ ဆရာတို့လို နာမည်ကျော် ပုဂ္ဂိုလ်ကြီးများအနေနဲ့ တစ်ဖက်ထဲ နားထောင်ပြီး ရေးသားဖော်ပြတာဟာ ပြည်သူများအနေနဲ့ အစိုးရကိုယ်စား ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ ဌာနများအပေါ် တစ်ဖက်သတ် နားလည်မှုလွဲမှာ စိုးလို့ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved