ဂီတ အနုပညာရှင်များ တွေ့ဆုံပွဲ

Tuesday, July 17, 2012


ဇူလိုင် ၁၆ ရက်နေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ Park Royal Hotel မှာ ဂီတလောကမှ လူငယ် ဆို-ရေး-တီး ပညာရှင်များ အရေးပေါ်အစည်းအဝေး တစ်ခု ခေါ်ယူ စုဝေးခဲ့ကြပါတယ်။

လူငယ်အနုပညာရှင်တွေ ဖြစ်ကြတဲ့ တေးသံရှင် ဖြူဖြူကျော်သိန်း၊ အနဂ္ဂ၊ သံသာဝင်း စတဲ့အနုပညာရှင်များက ဦးဆောင်ပြီး ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၊ လွှတ်တော်ရုံးခန်းမှာ ဥက္ကဌ သူရဦးအေးမြင့် ဦးဆောင်တဲ့ ပြည်သူ့ ဆက်ဆံရေးကော်မီတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာများကို ဂီတမောင်နှမများအား ပြန်လည်ရှင်းပြခဲ့ကြပါတယ်။




မကြာမီ အသစ်ရွေးချယ်တော့မယ့် ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့သစ်မှ လူငယ်တွေရဲ့ ဂီတသစ် အလွှာ ကို တိုးချဲ့ဖွဲ့ စည်းရေးကို ပြည်သူ့ ဆက်ဆံရေး ကော်မီတီရဲ့ထောက်ခံမှုအရ ဆက်လက်ေ ဆာင်ရွက် ကြဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီဝင် တစ်ချို့ရဲ့ နှေက်ယှက်ဟန့် တားမှုတွေကိုလည်း မျိုးစုံ ကြုံခဲ့ကြရပေမယ့် ဂီတသစ် လူငယ်လေးတွေရဲ့ အံ့မခန်း ညီညွတ်တဲ့ စွမ်းအားကြောင့် သူတို့ လိုလားတဲ့အရာကို ရရှိခဲ့ကြပါတယ်။


ထိုတွေ့ဆုံ ဆွေးနွေးမှုမပြီးခင်မှာဘဲ မြန်မာနိုင်ငံဂီတအစည်းအရုံးအလုပ်အမှုဆောင် တစ်ဦးဖြစ်တဲ့ တေးသံရှင်နွဲ့ယဉ်ဝင်း ရဲ့ အဆိုပြုလွှာကို ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မီတီက ပယ်လိုက်တယ်လို့ သတင်းဝင်လာတဲ့အတွက် အစည်းအဝေးကိုရပ်နားခဲ့ရပြီး အနုပညာမောင်နှမတွေအားလုံး တာမွေမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ကိုစုဝေးကာ သွားရောက်ပြီး လက်ရှိ ဂီတ အစည်းအရုံး ဥက္ကဌကို ပွင့်လင်းစွာ ဝေဖန်ဆွေးနွေးခဲ့ကြပါတယ်တဲ့။ မကြခင်ရက်ပိုင်းမှာ ရွေးကောက်ပွဲ ရက်ကြေညာဖို့လည်း ရှိပါတယ်။




ဇူလိုင် ၁၇ ရက်မှာ ဂီတသစ် လူငယ်များနဲ့ ဂီတအစည်းအရုံး ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မတီ အကြေအလည် ဆွေးနွေးကြမှာဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ဂီတမောင်နှမများ လာရောက် လေ့လာ ဆွေးနွေးကြဖို့လည်း ဂီတသစ်လူငယ်များက ဖိတ်ခေါ်ထားကြပါတယ်။



ဂီတသစ် အလွှာပေါ်ပေါက်ရေးအတွက် ပါဝင် ထောက်ခံအားပေးကူညီနေကြတဲ့ သူမှာ စတီရီယို အလွှာက တေးရေး-မြင့်မိုးအောင်၊ ကေ အေ တီ၊ ညီညီသွင်၊ နောင်နောင် (ဆန်းဖလားဝါး)၊ အောင်နိုင်စန်း၊ စောခူဆဲလ်၊ မင်းချစ်သူ တို့ အပြင် စတီရီယို တေးသံရှင်တွေဖြစ်ကြတဲ့ ဇော်ပိုင်၊R ဇာနည်၊L လွန်းဝါ၊ J မောင်မောင်၊ သားစိုး၊ Acid,Big Bag,Metal Zone Band တွေနဲ့တေးသံရှင် ဟေမာနေ၀င်း၊ ကော်နီ၊ ကဗျာဘွဲ့မှူး၊ အိမ့်ချစ်၊ ကာကာ၊ သဇင်သင်း၊ သျှီ၊ မေစပယ်ညို၊ နော်လီဇာ စတဲ့ ထင်ရှားတဲ့ အနုပညာရှင်များစွာပါဝင်ကြပါတယ်။






ဖြူဖြူကျော်သိန်း၊ တေးရေးမြင့်မိုးအောင်တို့နဲ့အတူ အနုပညာရှင် တချို့ဟာ လွန်ခဲ့တဲ့ အပတ်က နေပြည်တော်ကို သွားပြီး ဂီတ အနုပညာရှင်တွေရဲ့ တောင်းဆိုမှုတခုကို နေပြည်တော် တာဝန်ရှိသူတွေဆီ သွားရောက်ပြောဆိုဆွေးနွေး ပြီးအပြန် အနုပညာရှင်တချို့ စီးလာတဲ့ ဖြူဖြူကျော်သိန်းရဲ့ကားကို နောက်ကားတစီးက တိုက်မိတာဖြစ်ပြီး ဖြူဖြူကျော်သိန်းလည်း အဲဒီနေ့က နေ့ချင်း ရန်ကုန်ပြန်လာခဲ့ပါသေးတယ်။ ခါးရိုးတော့ နည်းနည်း နာသွားတယ်လို့ သိရပါတယ်။ ကားကတော့ မောင်းမရအောင်ဖြစ်သွားပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved