၈၈ ရဲ့ ယနေ့ အာဇာနည်နေ့ လှုပ်ရှားမှုများ

Thursday, July 19, 2012

အာဇာနည်ကုန်းမှ အပြန် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗကသ၊ တကသ ကျောင်းသားများနှင့် အတူ စုပေါင်း ဓာတ်ပုံရိုက်ကြစဉ်

ယခုနှစ် ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ နံနက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာဦးဆောင်တဲ့ အဖွဲ့က ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။

ကိုမင်းကိုနိုင်နှင့် ကိုမင်းဇေယျာတို့ သုံးခွတွင် ဟောပြောနေကြပုံများ ၊ ဓာတ်ပုံများ - ၈၈



ကိုကိုကြီး နဲ့ ကိုဌေးကြွယ်တို့ ဦးဆောင်တဲ့ အဖွဲ့က ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

NLD ရုံးချုပ်တွင် ကျင်းပသော အခမ်းအနားသို့ တက်ရောက်နေကြသည့် ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အဖွဲ့

မနီလာသိန်း၊ မမီးမီး တို့ ဦးဆောင်တဲ့အဖွဲ့ကတော့ တိုက်ကြီးမြို့နယ်၊ ဥက္ကံဒေသ တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မိန့်ခွန်းပြောကြားနေသည့် မနီလာသိန်း

အာဇာနည်နေ့အခမ်းအနားသို့ပေးပို့သော ၈၈ ရဲ့ သ၀ဏ်လွှာကိုဖတ်ကြားနေသည့် မမီးမီး


အပြန်မှာတော့ မှော်ဘီမြို့ရှိ ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ထံသို့လည်း ဝင်ရောက်ဖူးမြော်ပြီး၊ လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ညနေပိုင်း ၃ နာရီခန့်တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အတူ ထင်ရှားသည့် အနုပညာရှင်များပါဝင်သော လူအင်အား စုစုပေါင်း ၁၀၀ ခန့်လောက်သည် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ အရှေ့မှ စတင်ကာ လမ်းလျှောက်၍ အာဇာနည် ဗိမ္မာန် သို့ သွားရောက်ကာ ဂါရ၀ပြုကြသည်။















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved