ဂုဏ်ဝင်း
၁။ ဖျက်စေဖျက်စေ၊ တက်လေပြီးမှ
သမဂ္ဂကို၊ မြစ်ကဖြိုလဲ
ကွဲအောင်ခွဲသည်
မိုက်မဲသူတို့ ကြံစည်တကား။
ပမာဆိုသော်
ပင်ပျိုရိပ်အောက်၊ ခိုပြီးနောက်မှ
ကိုင်းခြောက်ကိုချိုး၊ မီးဝယ်ထိုးသို့။
၂။ ရပ်စေရပ်စေ၊ သက်သေပြီးမှ၊
ဒို့ဘ၀ကို၊ သုညနှင့်ရေး၊
အအောင်ပေးသည်၊
စာမေးပွဲလည်း၊ မပီတကား။ ။
ပမာဆိုသော်၊
ရွှန်းစိုလှတင့်၊ မီးနှယ်ပွင့်သည်
ပေါက်ပွင့်ရဲရဲ၊ နံ့မစွဲသို့။
၃။ သိစေ သိစေ၊ ဖိချေပြီးမှ
ပရောဂဟု၊ ယုံကြစတမ်း
ချုပ်ကိုင်ဖမ်းသည်
ငြိမ်းချမ်းလွတ်ခွင့်၊ မမြင်တကား။
ပမာဆိုသော်၊ ရန်လိုမှုလုပ်၊
သင်မဟုတ်လျှင်၊ သင့်မိခင်ဟု
စားချင်ရဲရဲ၊ သူစွပ်စွဲသို့။
၎။ သားလှမျက်ရှင် ဒေါင်းမိခင်
သိမြင်ကြားလော့၊ ဆောင်ဦးလော့တည့်
လည်မော့ ခြေကြွ၊ ကနေ၍ချည်း
မပြီးသေးချေ။
အိုးဝေတစ်ခွန်း မာန်သစ်ထွန်း၍
နစ်မွန်းသည့်သား၊ ဒို့အများကို
ညွှန်ကြားခေါင်းဆောင်ပါလေဦး။ ။
၁၉၅၆-၅၇ (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) အိုးဝေမဂ္ဂဇင်း (စာမျက်နှာ ၁၇၈)
~
ဒို့လူမျိုးကလည်း နည်းနည်းလေးလွှတ်ပေးလိုက်တာနဲ့ အမျိုးမျိုးကိုလုပ်တော့တာပဲ။ ဗမာလူမျိုးကလည်း ခပ်ကဲကဲနဲ့ ဒီမိုကရေစီနဲ့ကတော့တွေ့နေဘီ။