ဦးမြင့်ဆွေ ဒု သမ္မတ

Tuesday, July 10, 2012

~


ဧပြီလ ရန်ကုန် ဥရောပသမဂ္ဂရုံးဖွင့်ပွဲမှာ တွေ့ရတဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

လစ်လပ်နေတဲ့ ဒုသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တော်တွေက ဒီကနေ့ အဆိုပြုလိုက်ပါတယ် ...

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ အတည်ပြုခန့်အပ်ချက် လိုပါသေးတယ်။ ဒါပြီးရင်တော့ ဦးမြင့်ဆွေက
ဒု သမ္မတ တရားဝင် ဖြစ်လာမှာပါ။

လောလောဆယ်တော့ ဦးခင်အောင်မြင့် ခရီးထွက်နေပါတယ်။

ဦးမြင့်ဆွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် နေရာကို စွန့်လွှတ်ရမှာပါ။ အဲဒီနေရာ ဘယ်သူ့ကို တင်မြှောက်မယ် မသိသေးပါ။

သတင်းပေးပို့ချက် အပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖော်ပြမှာ ဖြစ်ပါတယ်။


~

1 comments :

  1. Anonymous said... :

    He used to call kalamar. Worse than Tin Aung Myint Oo. Recently press conference just met uncultured conduct. See his bad mood.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved