မူးယစ်ဆေး သန်းသုံးထောင်ဖိုး ကိုးကန့်ဒေသမှာ ဖမ်းမိ

Monday, July 16, 2012

'



ကျပ် သန်း သုံးထောင်ကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးမျိုးစုံကို ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖမ်းမိတယ်လို့ ဒီကနေ့ အစိုးရသတင်းစာများမှာ ရေးထားပါတယ်။

ဆေးတွေနဲ့အတူ ဖမ်းမိတယ် ဆိုတဲ့ ဒေသခံ ၉ ယောက်ရဲ့ နာမည်တွေ၊ ကိုယ်ရေးအချက်အလက်တွေကိုပါ အောက်ပါအတိုင်း တွေ့ရပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာအနီးမှ
တရားမဝင်မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


နေပြည်တော် ဇူလိုင် ၁၅

ဇူလိုင် ၉ ရက် ညနေပိုင်းက ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာအနီးရှိ မူးယစ်ဆေးဝါးချက်လုပ်နေသော လီရှောက်ချင်း၏နေအိမ်မှတရားမဝင် မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှာ လောက်ကိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်စိုးဝင်း ဦးစီးအဖွဲ့နှင့် ကွမ်းလုံ(မူးယစ်) ကြီးကြပ်သူ ဒုတိယရဲမှူး ညွန့်လွင် ဦးစီးသောအဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင် ၉ ရက် ညနေ ၃ နာရီခွဲတွင်

လောက်ကိုင်မြို့မှ ၁၇ မိုင်အကွာ မန်တုံပါးကျေးရွာ အနီးရှိ မူးယစ်ဆေးဝါးချက်လုပ်နေသော လီရှောက်ချင်း၏နေအိမ်သို့ ဝင်ရောက် စီးနင်းရှာဖွေခဲ့ရာ

အိမ်ရှင်လီရှောက်ချင်းပါ တရားခံအမျိုးသား ရှစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့အား

မူးယစ်ဆေးဝါး ချက်လုပ်နေစဉ် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး

၎င်းတို့နှင့်အတူ

PIETRO Beretta 9 mm ပစ္စတိုတစ်လက်၊
၎င်း ကျည် လေးတောင့်၊

မူးယစ်ဆေးဝါးဖြစ်သော အိုက်စ်အခဲ ၇၃ ကီလို (တစ်ကီလိုလျှင် ကျပ်သိန်း ၁ဝဝ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ကျပ်သိန်း ၇၃ဝဝ)၊
အိုက်စ်အရည် ၂၇၄ ကီလို(တစ်ကီလိုလျှင် ကျပ် ၇၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ကျပ်၂ဝ၅၅ဝ သိန်း)၊

ခပ်ခူး သုံးဂရမ် (တစ်ဂရမ်လျှင် ကျပ် ၁၂ဝဝ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ကျပ် ၃၆ဝဝ )၊
ဖော်စဖိတ် ၁၂ဝ ကီလို၊

အက်စစ်တစ်အက်စစ် ၉ ဒသမ ၅ လီတာနှင့်
ဆက်စပ်ပစ္စည်း ၂၂ မျိုး

စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၄၅ဝ သိန်းအား သိမ်းဆည်းရမိခဲ့သည်။

သက်သေခံ မူးယစ်ဆေးဝါးများ၊ ချက်လုပ်ဆဲ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးချက်လုပ်နေစဉ် ဖမ်းဆီးရမိသော

တရားခံ
လီရှောက်ချင်း (ခ) လီကျုံးချင် (၅ဝ) နှစ် (ဘ) ဦးလီကျိမ်းကြာ၊ ကိုးကန့်/ဗုဒ္ဓ၊ တုံချိန် ရပ်ကွက်(၁) လောက်ကိုင်မြို့၊

လူလောက်ဝူ (၃ဝ)နှစ် (ဘ)ဦးလူလောက်လူး၊ ကိုးကန့်/ဗုဒ္ဓ၊ စဥ့်ကိုင်ကျေးရွာ လောက်ကိုင်မြို့နယ်၊

လူလောက်ဟော် (၂၇) နှစ် (ဘ) ဦးလူလောက်လူး၊ ကိုးကန့်/ဗုဒ္ဓ၊ စဥ့်ကိုင်ကျေးရွာ၊ လောက်ကိုင်မြို့နယ်၊

မော်ညိုကျူး(ခ) ကျော်စိန်ဝင်း (၂၄) နှစ် (ဘ) ဦးလုံပေါက်၊ ကိုးကန့်/ဗုဒ္ဓ၊ အမှတ် (၁၂၆) သံလွင်လမ်း ရပ်ကွက် (၁၂) လားရှိုးမြို့၊

မော်စိုင်းဆိုင် (၁၈)နှစ်၊ (ဘ) ဦးမော်ကျိန်းမင်၊ ကိုးကန့်/ဗုဒ္ဓ၊ ကာမိုင်း၊ မိုင်မောင်ကျေးရွာ ကွမ်းလုံမြို့နယ်၊

မော်လောက်ဝူ(ခ) မော်ထူးငယ် (၂၉) နှစ်၊ (ဘ) ဦးမော်ရွေးလုံ၊ ကိုးကန့်/ဗုဒ္ဓ၊ ပါစင်ကျော်ကျေးရွာ လောက်ကိုင်မြို့နယ်၊

စီရှောက်ချန်(ခ)စီအားချန် (၄၁)နှစ် (ဘ) ဦးစီရှောက်လောက်၊ ကိုးကန့်/ဗုဒ္ဓ၊ အမှတ် (၅၁) သီတာလွင်လမ်း ရပ်ကွက်(၇) လားရှိုးမြို့နှင့်

ထောင်ရှောက်လင့် (၂၄)နှစ် (ဘ) ဦးတောင်ရှမ်းဖ၊ ကိုးကန့်/ဗုဒ္ဓ၊ လူကော်မရွာ တောက်ရွှေအုပ်စု လောက်ကိုင် မြို့နယ်နှင့်

အမျိုးသမီးတရားခံတစ်ဦးမှာ လူရှောက်စန်း(ခ)လူစင်းကျူး(၄ဝ)နှစ်၊ (ဘ)ဦးလူလောက်လူး၊ ကိုးကန့်/ဗုဒ္ဓ၊ တုံချိန်ရပ်ကွက်(၁) လောက်ကိုင်မြို့တို့အား

လောက်ကိုင်ရဲစခန်းမှ မယ(ပ) ၄/၂ဝ၁၂၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/ ၁၉(က)/၂၁/၂၂(ခ)အရ အမှုဖွင့် အရေးယူထားပြီး

ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။ (သတင်းစဉ်)

1 comments :

  1. Mary Grace said... :

    Hi looks so impressive and interesting blogs, come and visit us back too:
    http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved