ရန်ကုန် အိန္ဒိယသံရုံး ကွန်ပြူတာခန်း မီးလောင်

Monday, July 16, 2012


မေစစ်ပိုင်

ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ယမန်နေ့ညနေ ၆း၁၀ ခန့်က အသေးစား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

''သံရုံးအပေါ်ထပ်မှာရှိတဲ့ ကွန်ပျုတာအခန်းကနေတဆင့် မီးအပူချိန်များပြီး ၀ါယာေ၇ှာ့ဖြစ်တာပါ။ ကွန်ပြူတာ အခန်းတစ်ခန်းပဲ လောင်ကျွမ်းသွားတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူမရှိပါဘူး'' ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှုးတစ်ဦးက မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာတွင် ပြောကြားသည်။

''မီးခိုးညှော်နံ့တွေ အရမ်း နံလာလို့ ကြည့်နေရင်းနဲ့ သံ၇ုံးက လောင်နေမှန်းသိကြတာ လုံခြုံရေးတွေလည်း ရှိနေတော့ သိတာ မြန်သွားတယ်လေ'' ဟု သံ၇ုံးအနီးရှိ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပြသည်။

ကျောက်တံတားမြို့နယ်အတွင်း တည်ရှိသော သံရုံး မီးလောင်မှု၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ကြောင်း ၊ မီးလောင်သည့် နေရာသို့ မီးသတ်ရုံးများမှ ကား ၁၆ စီး သွားရောက်ခဲ့ကြောင်း သိရသည်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved