ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပါတယ်။
ခရီးစဉ်အဆုံးသတ်ချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီအကြောင်းကို သတင်းစာကတဆင့် အများသိအောင် သဘောထားကြေညာချက် ထုတ်လိုက်ပါတယ်။
မြန်မာနိုင်ငံအမည်ဖော်ပြတဲ့အခါ Burma အစား Myanmar လို့သာ သုံးနှုန်းဖို့ NLD ကို အသိပေး အကြောင်းကြားထားပါတယ် တဲ့။
ဒီအကြောင်းကြားစာကြောင့် Burma - Myanmar ဝေါဟာရ ငြင်းခုန်မှုတွေ ပေါ်ပါတယ်။
စာဖတ်သူကရော ဘယ်လို သုံးမလဲ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဧရာဝတီ ဘလော့မှာ စစ်တမ်း ကောက်ခဲ့ပါတယ်။
သဘောထားပေးမှု ၂,၀၀၈ ခု ပါဝင်တဲ့ စစ်တမ်းရလဒ်က ဒီလိုပါ -
အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း Myanmar လို့ သုံးမယ်။ ၅၃၆ (၂၆%)
နိုင်ငံအမည်ပြောင်းချိန်မှာ လူထုကိုမတိုင်ပင်ခဲ့ဘူး၊ ဒါကြောင့် Burma လို့ ဆက်သုံးမယ်။ ၁,၃၄၉ (၆၇%)
ဘယ်လိုသုံးရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါ။ ၁၀၈ (၅%)
ဒီကနေ့ NLD ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ရဲ့ Burma - Myanmar အကြောင်း ပြောကြားသွားပါတယ်။
“ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး။ ... ကျမ သုံးချင်သလို သုံးလို့ရတယ်လို့ မြင်တယ်” တဲ့။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်လည်တုံ့ပြန်ချက် ချက်ချင်း ထွက်မလာသေးပါဘူး။ သိပ်မကြာခင်မှာ တခုခု တုံ့ပြန်လိမ့်မယ်လို့ ယူဆရပါတယ်။
အဓိက တိုင်းပြည် ဆင်းရဲခြင်းက လွတ်အောင်လုပ်ဖို့, အိမ်နိံးချင်းနိုင်ငံတွေကို အမြန်အမှိံလိုက်ဖို့ ,,,,,ဒါတွေ ဒေါ်စုကြည် ရဲ့ ခေါင်းထဲမှာ မရှိတာသေချာတယ် ။သမတကြိံးနဲ့. သဘောတူပြိံး မတူတာတာတွေဖယ်/တူတာတွေပေါင်းလုပ်ကြမယ်ဆိုပြိံး. ,စ တာနဲ့ လွှတ်တော်မှာ ကျမ်းကျိန်တာနဲ့ စ ကန့်လန့်တိုက်တော့တာဘဲ။မရတော့ လျှော့ပြိံးလိုက်ရတာဘဲ, အခုလဲ ဒိံလိုဘဲ နဲနဲလေးတော့ ကန့်လန့်လိုက်ရ မှ ,ကြာရင်အကျင့်ပါသွားပါမယ်။ ကိုယ် အာဏအပြည့်ရတဲ့ အချိန်ကျ မှ လုပ်ချင်သလိုသာလုပ်ပါတော့။ လောလောဆယ်နောက် ၄ နှစ်နိံးပါး ကို ဒိံအတိုင်း အချိန်တွေ မကုန်စေချင်ပါ။ကိုယ် ကိုယ်တိုင်လဲနောက် ဘယ်နှ နှစ် နေ ရအုမ်းမလဲဆိုတာမပြောနိုင်။အာဃတ တွေဖယ်ပြိံး တိုင်ပြည်ကောင်းစားဖို့ မြန်မြန် ထက်ထက် ပူးပေါင်းလုပ်ဖို့ အကြံပေးပါရစေ ဒေါ်စု ရယ်....။