ဗေဒင် ဆရာ Call Center

Monday, July 2, 2012


ဗေဒင်ဆရာ Call Center ဖြစ်တဲ့ဘ၀ကတော့ မြန်မာနိုင်ငံမှာ ဇွန်လ ဒုတိယပတ်လောက်က စဖြစ်ပါသတဲ့။ လူငယ်တွေက သူတို့ရဲ့ အချစ်ရေး၊ စီးပွားရေးစသဖြင့် တယ်လီဖုန်းက တဆင့် ဗေဒင်မေးကြလို့ ရတနာပုံ Call Center က ဖြေကြားပေးနေတာ တနေ့ကို ခေါ်ဆိုမှု ၅၀၀၀ လောက် ရှိပါသတဲ့။

မြန်မာနိုင်ငံမှာ တော်တော်များများက ဘာပဲ လုပ်လုပ် ဗေဒင်လေး မေးလိုက်ချင်ကြတာ ရိုးရာတခု လိုဖြစ်နေကြတာပါ။

ဒါကြောင့် အသစ်အဆန်းကြိုက်တဲ့ လူတွေအတွက် ရတနာပုံ တယ်လီဖုန်း ၀န်ထမ်းတွေကို ဆရာ စံဇာဏိဘို ဆီက ဗေဒင်ပညာတွေ သင်ခိုင်းပြီး တွက်ချက်ကာ မေးသမျှ ပြန်လည်ဖြေကြားပေးတာပါလို့ တာဝန်ရှိသူ တယောက်က ပြောတာကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

1 comments :

  1. Anonymous said... :

    It is totally against Buddhism,and poor outlook for Burma's future.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved