ဒေးဘစ်ကတ် မြန်မာပြည်မှာ စမ်းသပ်မယ်

Saturday, July 14, 2012


ပိုက်ဆံထုပ် မသယ်ဘဲ ဘဏ်ကတ် (ဒေးဘစ်ကတ်) အိတ်ထဲ ထည့်ထားပြီး သွားလာလှုပ်ရှားရတာ ပိုပြီး သက်တောင့်သက်သာ ရှိပါတယ်

မြန်မာနိုင်ငံ ဗဟိုဘဏ်က အခုအခါ Debit ငွေထုတ်ကတ်တွေကို လာမယ့် ဇူလိုင်လ တတိယ ပတ်က စတင်စမ်းသပ်ပါတော့မယ်။

စမ်းသပ်ကာလ ၁ လ ကို ရန်ကုန်မှာ ရှိတဲ့ ကုန်တိုက်ကြီးတွေမှာ စမ်းသပ်မှု ပြုလုပ်သွားမှာလို့ ဗဟိုဘဏ် အရာရှိတဦး အဆိုအရ သိရပါတယ်။

ATM ကတ်တွေထက် ပိုပြီး လုံခြုံစိတ်ချရတဲ့ Debit ကတ်တွေ အသုံးပြုမှုဟာ အင်တာနက်နဲ့ ချိတ်ဆက် ထားတာမို့ online ရော off line ပါ အသုံးပြုနိုင်ပြီး စမ်းသပ်မှု အောင်မြင်သွားရင်တော့ နိုင်ငံ တ၀ှမ်းလုံး အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါလို့ နိုင်ငံပိုင် သတင်းတွေက ဆိုပါတယ်။

အခုအခါမှာ မြန်မာနိုင်ငံက အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်တွေဟာလည်း နိုင်ငံခြား ဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ များလာတာကြောင့် ဖက်စပ်လုပ်ငန်းတွေ အကောင်အထည်ဖော်ရေး ဗဟိုဘဏ်က စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီအပြင် နိုင်ငံခြားဘဏ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလာမှာဖြစ်လို့ ဒီလို ဘဏ်ကတ်တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

2 comments :

  1. Retkhita said... :

    Debit ကို ဒေးဘစ် လို့ အသံထွက်သလားဗျာ :(

  1. Anonymous said... :

    Retkhita ပြောတာဟုတ်တယ်။ ဒက်ဘစ် လို့အသံထွက်ရင်ပိုနီးစပ်မယ်ထင်တယ်။ တချို့တွေက skype ကိုစကိုင်းပီ လို့ပြောတာကြားဘူးတယ်။ စကိုက်(ပ) လို့ကမ္ဘာကပြောကြတယ်ထင်တာပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved