HREIB နှင့် မြန်မာလူ့အခွင့်အရေး ကော်မရှင် ရန်ကုန်တွင်တွေ့မည်

Tuesday, July 10, 2012

HREIB ညွန်ကြားရေးမှူး ကိုအောင်မျိုးမင်း

ပြည်ပ အခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံ (HREIB) က အစိုးရသစ်က ဖွဲ့စည်းပေး ထားသော မြန်မာ လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေး တိုးမြှင့်ဆောင် ရွက်နိုင်ရေးတို့ကို
ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အစိုးရ လူ့အခွင့်အရေးကော်မရှင်အဖွဲ့၊ ပြည်တွင်း အခြေစိုက် ကလေးအခွင့်အရေး၊ ကလေးစစ်သားနှင့် အခြား လူ့အခွင့်အရေး လုပ်ဆောင်သူများနှင့် တွေ့ဆုံရန် HREIB ၏ ဒါရိုတ်တာ ဦးအောင်မျိုးမင်း က ယနေ့မွန်းလွဲပိုင်း Thai Airway လေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံ ခရီးစဉ်ကိုစတင်တော့မည်ဖြစ်သည်။ ယင်းခရီးစဉ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း သူ၏ ပထမဆုံး ဖြစ်ကြောင်း သိရသည်။

HREIB ကို ၂၀၀၀ ခုနှစ်က တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိသော လူမှုအဖွဲ့ အစည်းများအတွင်း လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး သင်တန်းများနှင့် လူ့အခွင့်အရေးပညာပေးနည်းပြ သင်တန်းများ အပြင် ခေါင်းဆောင်မှု၊ အခြားလူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အတတ်ပညာသင်တန်းများကိုပို့ချပေး လျက်ရှိသည်။

ထိုင်းမြန်မာနယ်စပ်တွင်အခြေစိုက် လှုပ်ရှားလျက်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved