လူရွှင်တော် အရိုင်း ကန့်ကွက် ခံရ

Sunday, August 26, 2012

ဓာတ်ပုံ- နေမျိုးဝေ ဖေ့စ်ဘုတ်


လူရွှင်တော် အရိုင်းက "လက်ရှိအချိန်မှာ တိုင်းပြည်အတွက် လွန်စွာ အရေးကြီးကြောင်း" ဆိုပြီး ပြောဆိုမှုကို သြဂုတ်လ ၄ ရက်နေ့ထုတ် UNITY ဂျာနယ်နယ်မှာဖော်ပြထားတာနဲ့ပတ်သက်ပြီး လယ်သမားအရေး ကူညီ လှုပ်ရှားပေးနေတဲ့ မတူကွဲပြား ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေ က လူရွှင်တော် အရိုင်းကို ကန့်ကွက်လိုက် တာပါ။

"အခုအချိန်မှာ ပါတီတွေ များစွာပေါ်ထွက်လာပါတယ်။ အဖွဲ့အစည်း အသီးသီး ပေါ်ထွက်လာတဲ့အခါ တချို့က သွယ်ဝိုက်သောအားဖြင့် တိုင်းပြည်ကို အပျက်အစီး လုပ်ချင်တာ နေရာတိုင်းမှာ တွေ့နေရပါတယ်။ ဒါတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်ဖြစ်မယ်ထင်လို့ .. " ဆိုတဲ့ ပြောဆိုမှုနဲ့

"တောင်သူလယ်သမားများ အရေးနှင့်ပတ်သက်၍ နိုင်ငံရေး အမြတ်ထုတ်မှု တချို့ကို တွေ့နေရသည့်အတွက် နားမယောင်ဘဲ... " စတဲ့ လူရွှင်တော် အရိုင်းရဲ့ ပြောဆိုမှုတွေကို ဦးနေမျိုးဝေ က ကန့်ကွက်တာပါ။


ဦးနေမျိုးဝေက ....

"ဦးအရိုင်းခင်ဗျား ၀င်းချိုသာ ဆန္ဒမပြရင် ကုမ်ပဏီက တောင်သူ တွေကို အခုလို လူလိုသူလို ခေါ်လျော်ပါ့မလား ခင်ဗျား ။ ဆန္ဒပြသူတွေကို ညစ်ထားပြီး ကျန်သူတွေကို ရွေးလျော်တာကိုးဗျ ။ ခက်တာက ဆန္ဒပြသူတွေမရှိရင် အခုလူတွေကို မလျော်ဘူးဆိုတဲ့ အတွင်းစိတ်ကလေးကိုမြင်အောင်ကြည့်ပါဗျာ ။"

နေမျိုးဝေ ဆိုပြီး ထောက်ပြကန့်ကွက်ထားတာလည်းဖြစ်ပါတယ်။

ဦးနေမျိုးဝေကတော့ ဇေကမ္ဘာ ဦးခင်ရွှေက လယ်ယာမြေတွေ မတရား သိမ်းထားလို့ လယ်သမားတွေဘက်က ကူညီလှုပ်ရှားပေးရင် အခုဆို ဇေကမ္ဘာ ဦးခင်ရွှေရဲ့ တရားစွဲဆိုခြင်းကို ခံနေရပါတယ်။

6 comments :

  1. Anonymous said... :

    စစ်အစိုးရလက်ထက်မှာ မတရားယူထားတာတွေကိုဖော်ပြနေတာလေ
    ကိုအရိုင်းလဲ ကြံ့ဖွံ့ ကဘာကျွေးလိုက်မသိဘူး...ထအော်နေတာ..

  1. Unknown said... :

    လူရွှင်တော်အရိုင်းက ဘောလုံးနည်းပြ မော်ရင်ဟိုလို ထွင်လုံးလုပ်တာပါ ။ နိုင်ငံရေးရေစီကြောင်းထဲမှာ နေရာတစ်နေရာလိုချင်တော့ လူအများသတိထားမိအောင် ဖွတာပါ။ တကယ်တော့ အရိုင်းသာ ပြည်သူဖက်က ထာဝရ ရပ်တည်ခဲ့မယ်ဆိုရင် စစ်အစိုးရခေတ်တုန်းက ဝါဒဖြန့်တဲ့ ဇတ်လမ်းတွေမှာ ဘာဖြစ်လို့ဝင်ပါခဲ့ရသတုန်းဗျာ။

  1. Unknown said... :

    လယ်သမားတွေလယ်ယာမြေ မတရားသိမ်းခံရတာနှင့်တရားဥပဒေမဲ့လုပ်ရပ်တွေကို အရိုင်းပြေပြထောက်ပြသင့်ပါတယ်။

  1. UShinGyi said... :


    ဦးအရိုင်းရေ ကျွှန်တော်တို့ငယ်စဉ်က နိုင်ငံရေးကို
    မြင်တတ်ဖို့
    မိဘများပြောဆိုအားပေးခြင်းများမရှိခဲပါဘူး၊
    ဒီလို မြန်မာလူရွှင်တော်များ ပြတ်လုံးများအတွင်းမှ
    ဘာကြောင့်ဒီလို အစိုးရကို မလိုတဲဟာသများ ပြောကြ
    ပြတ်ကြလဲလို့ စဉ်းစားရင်းမှ အော်..အစိုးရမကောင်
    လို့ဒီလို လူရွှင်တော်ကြီးများ ထောက်ပြသတိပေးနေ
    ကြပါလားဆိုပြီး နိုင်ငံရေးကိုမြင်တတ်လာခြင်းဖြစ်ပါ
    တယ်။ ဒီလယ်သမားများကိစ္စမှာလဲ ဦးအရိုင်းတို့က
    ပိုပြီးလို့ ဘယ်သူကတရားတယ် ဘယ်သူမတရား
    လုပ်နေတယ်ဆိုတာကို မြင်တတ်ထောက်ပြတတ်မယ်
    ဆိုရင် ပြည်သူအပေါင်းသာဓု ခေါ်စရာပါ။

  1. Anonymous said... :

    yes ko a yaing, u r wrong... u nay myo wai is the first one to do for that kind of case. When he start to do situation not like as present. Any time he can go to jail... At that time first 2 fighters are u nay myo wai and u poe phyu... slaute them... ko nay myo wai just do like as what u need to do ... go ahead... easy can blame difficult to do right thing...

  1. Anonymous said... :

    တော်ကြာအခုမှဝင်ပြောတယ် ဖြစ်မှာလည်းစိုးရတယ်။ အရိုင်းရယ်၊ ငှက်ပျောကြော်ရယ်၊ သီးလေးသီးရယ်က ကျွန်တော် တော့ သိပ်မယုံကြည်ဘူး၊ ပြောလိုက်ရင်တော့ ကိုဇာဂနာက ဆရာပေါ့ဗျာ၊ သီးလေးသီးဆိုလည်း အားလုံးလည်းသိမှာပါ။ ပြောလိုက်ရင်တော့သူတို့ အဖမ်းခံရမှာကြောက်တယ်ပေါ့။ ဒါပေမယ့်ဟိုဗိုလ်ချုပ်မှူးကြီး လက်ထက်ကတည်းက မဖမ်းဖြစ်ဘူး။ ဘာလဲတော့မသိဘူးပေါ့နော်။ ဒါပေမယ့် ယုံကြည်စရာလည်းမရှိပါ။ အခုအချိန်မှာတော့ အားလုံးက ဆရာကြီးတွေလုပ်ချင်မှာပေါ့။ ဟားဟ။ အထင်မကြီးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved