လူငယ်တွေနိုင်ငံရေးလုပ်ကြပါ

Sunday, August 26, 2012


သြဂုတ် ၂၅ တွင်ကျရောက်သော ၂၄ နှစ်မြောက် မွေးနေ့ရှင်
ဗကသ မျိုးဆက်သစ် မဖြိုးဖြိုးအောင်



လူငယ်တွေနိုင်ငံရေးလုပ်ကြပါ ( ဇော်ဇော်အောင် )

လိုရင်း ပြောကြစို။ ( လူငယ်တွေနိုင်ငံရေးလုပ်ကြပါ )
ဘာကြောင့်လဲ ???
နိုင်ငံရေးဆိုတာ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ အရေးကိစ္စဖြစ်တယ်။ အဲဒီပြည်သူလူထုကြီးဆိုတာကလည်း လူငယ် ကျောင်းသားတွေရဲ့မိဘတွေ ဖြစ်တယ်။ကိုယ့်မိဘတွေရဲ.အရေးကိစ္စကို လုပ်ကိုင်ဆောင်ရွက်ပေးကြတာ သဘာဝကျ ပါတယ်။လုပ်သင့်တယ်။ မလွဲမသွေလုပ်ကြရမှာလည်းဖြစ်တယ်

နိုင်ငံရေးဆိုတာ မိဘပြည်သူလူထုကြီးရဲ.အရေးကိစ္စဆိုတာကတော့ ဟုတ်ပါပြီ ၊ အဲဒါတွေကဘာတွေလဲ၊ အဲဒါတွေက ပြည်သူလူထုကြီး တရပ်လုံးရဲ့…….

၁။ ဆင်းရဲကြပ်တည်းလှတဲ့ စားဝတ်နေရေးကိစ္စ။
၂။ လွတ်လပ်တရားမျှတမှုစတဲ့ လူ့အခွင့်အရေးများ ဆုံးရှုံးနေရတဲ့ကိစ္စ။
၃။ စုတ်ပြတ် နုံခြာလှတဲ့ အခြားလူမှုဘ၀ ဒုက္ခများ။

ဒီ(၃)ချက်ဟာ" ဒီနေ့ " မိဘပြည်သူလူထုကြီးတရပ်လုံး လူးလှိမ့်နေအောင် ခံစားနေရတဲ့ အရေး ကိစ္စတွေဖြစ် တယ်။ ဒီအရေးကိစ္စတွေ ပြေလည်သွားအောင်(သို့မဟုတ်) ပပျောက် သွားအောင်လုပ်တာဟာ( အထက် က စကားနဲ့ ဆက်ရရင် ) နိုင်ငံရေး လုပ်တာပဲ၊ ဒီကိစ္စ (၃) ရပ်ကို လူငယ်များဆောင်ရွက်ကြပါ ။ ဆောင်ရွက်
ပေးကြပါ။

လွယ်သွားအောင် ထပ်ချူပ်ပြောရရင် လူထုကြီးရဲ့………
၁။ စားဝတ်နေရေးကိစ္စ
၂။ လူ့ အခွင့်အရေးကိစ္စ
၃။ အခြားသောလူမှုဘ၀ ဒုက္ခများကိစ္စ

ဒီကိစ္စ (၃) ရပ်မှာ လူငယ်များ ပါဝင်ဆောင်ရွက်ပေးကြပါ ။ အဲဒါဟာ နိုင်ငံရေး လုပ်တာပါပဲ ။ နိုင်ငံရေးလုပ်ကြပါလို့ ပြော တာဟာ ဒီကိစ္စ (၃) ရပ်ကို ဆောင်ရွက်လုပ်ကိုင်ကြပါလို့ ပြောတာနဲ့ အတူတူပါပဲ။ သမိုင်း တလျှောက်လုံး ကာလရှည် ကြာ စွာ မှားယွင်း စွဲမှတ်လာတဲ့ အယူအဆ တခုရှိတယ်။ အဲဒီအယူအဆမှားကြီးက…... လူငယ်/ကျောင်းသားတွေ ပညာကိုသာ သင်ကြပါ။
ပညာသင်ချိန်မှာ နိုင်ငံရေး ပညာစုံမှ နိုင်ငံရေးထဲ ၀င်လုပ်ပါ ဆိုတဲ့အယူအဆမှားကြီးပဲ။ နိုင်ငံရေး လုပ်တာဟာ ရည်းစား ထား တာမဟုတ်ဘူး။ နိုင်ငံရေးလုပ်တာ အိမ်ထောင်ပြုတာ မဟုတ်ဘူး။ ပညာသင်ချိန်မှာ ရည်းစား မထားနဲ့၊ အိမ်ထောင် မပြုနဲ့ ဆို တာ သူ့ ရှု့ဒေါင့်နဲ့သူ လက်ခံနိုင်စရာ ရှိပါတယ်။

နိုင်ငံရေးမလုပ်နဲ့ ဆိုတာတော့ လုံးဝလက်မခံနိုင်ဘူး။

ဒီလိုစဉ်းစားပါ ။

ပညာသင်ချိန်မှာ နိုင်ငံရေးလုပ်တာဟာ ပညာကောင်းသင်နိုင်ဘို့၊ နောင်ကိုလည်း နောင်လာနောင်သား ညီငယ်၊ ညီမငယ် တွေ ကို ပညာ ကောင်းကောင်းသင်နိုင်ဘို့ လုပ်ရတာ၊အခုအချိန်မှာ လူငယ်တွေနိုင်ငံရေး မလုပ်ရင် နောင်လာမယ့် လူငယ် တွေ ပညာကောင်းကောင်းသင်နိုင်မှာ မဟုတ်ဘူး။ အခုအခြေအနေမှာ စုတ်ပြတ်သတ်နေတဲ့ ပညာရေးစံနစ်ကို မပြင် ရင် နောင်အခါမှာ နောင်တက်လာမယ့် လူငယ်တွေအတွက် ဘာမှ သုံးမရ၊ စားမရ၊ကုန်းကောက်စရာမရှိအောင် ချွတ်ခြုံကျ နေတဲ့ ပညာရေးစနစ် အမွေဆိုးကိုပဲ ပေးနိုင်လိမ့်မယ်။

ဒါ့ကြောင့် လူငယ်တွေပညာသင်ချိန်မှာ နိုင်ငံရေးလုပ်ကြပါ။ ပညာလည်း ဆက်သင်ကြပါ ။ ပညာသင်ရင်းနဲ့ နိုင်ငံရေး လုပ် လို့ ရပါတယ်။

ဒီမယ် လူငယ်တို့……….

" ကျောင်းသား သမဂ္ဂခေါင်းဆောင် ကျောင်းသားကိုအောင်ဆန်းဟာ ပညာသင်ရင်း နိုင်ငံရေး လုပ်ခဲ့တဲ့သူဖြစ်တယ် "

လူငယ်တွေ နိုင်ငံရေးလုပ်ကြပါလို့ တိုက်တွန်းရတဲ့အကြောင်းရင်းတွေထဲမှာ သိပ်အရေးကြီးတဲ့ အကြောင်းရင်းတခု ရှိသေး တယ်။ ဒီလိုပြောကြည့်ကြဦးစို့။ လူငယ်တွေ နိုင်ငံရေးလုပ်ကြပါလို့ ဘာလို့ပြောရသလဲ။ မိဘပြည်သူတွေရဲ့ ကိစ္စ မို့ လုပ်ကြ ပါ လို့ပြောရတာ။ ပညာရေးကိစ္စမို့ လုပ်ကြပါလို့ပြောရတာ။

နောက်အကြောင်းတခုရှိသေးတယ် အဲဒါဘာလဲဆိုတော့.

" လူကြီးတွေ နိုင်ငံရေးလုပ်ကြတာ သိပ် ဟန်မကျဘူး "

ဒါကြောင့် လူငယ်တွေနိုင်ငံရေး ၀င်လုပ်ကြပါလို့ ပြောရတာဖြစ်တယ်။ ဒီနေရာမှာတော့ ပြသာနာတွေ အများကြီးရှိနိုင်ပါ တယ်။ သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး နဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲမှာ လူကြီးတွေ ပါဝင် ဆင်နွဲခဲ့ကြတာ မဟုတ်လားလို့ ပြောလာနိုင် ပါတယ်။ မှန်ပါတယ်။ ဒါ မငြင်းနိုင်ပါဘူး ။ ဦးဝိစာရတို့ ၊ ဦးဥတ္တမ တို့လို ရဟန်း အာဇာနည်တွေ၊ ဆရာစံလို ၊နိုင်ငံရေး သုခမိန် ဦးအောင်ဆန်းလို လူ အာဇာနည်တွေ၊ အခြားသော တိုင်းပြည်ခေါင်းဆောင် ကြီး တွေ၊ ပြည်သူလူထုတွေ သက်စွန့် ကြိုးပမ်းခဲ့ကြလို့ လွတ်လပ်ရေး ရခဲ့တာ မှန်ပါတယ် ။ သမိုင်းဖြစ်ရပ်မှန်ပါ။ ဒါပေမယ့် ဟော ဒီလိုဖြစ်ရပ်တွေလည်း ရှိခဲ့တာ အမှန်ပါပဲ။

ဘာလဲဆိုတော့…………..

၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးတဲ့နောက် (၁၀) နှစ်ကျော်လောက်အထိ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်တဲ့လမ်းကြောင်းပေါ် မှာ မှန်မှန်ခရီးဆက် လာခဲ့တယ်။ အခြေအနေကောင်းတော့မလိုရှိရာက တိုင်းပြည်ကံဆိုး မိုးမှောင်ကျခဲ့တယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ ပေါင်းစုံဟာ ဘက်စုံက ယိုယွင်းပျက်စီးလာခဲ့တယ်။ သယံဇာတပေါကြွယ်ဝ လှ တဲ့ နိုင်ငံ၊ ဆန်ရေ စပါးပေါများလှတဲ့ နိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်ဖြစ်သွားရတယ်။

ရုပ်ဝတ္ထုပစ္စည်းတွေသာမက ၊ စိတ်ဓါတ်တွေ၊ ကိုယ်ကျင့်တရားတွေပါ သိသိသာသာ ပျက်ယွင်းခဲ့ရတယ်။

အဲဒါ ဘာကြောင့် လဲ၊ ဘာကြောင့်တိုင်းပြည်ဟာ( ဒီနေ့အထိ ) စုတ်ပြတ်သတ် သွားရတာလဲ။

ဒီလို စဉ်းစားမိတယ်………..

လွတ်လပ်ရေးရပြီး (၁၄)နှစ်လောက်အကြာမှာ ကြီးကျယ်တဲ့ နိုင်ငံရေး အပြောင်းအလဲကြီးတရပ် ကြုံလိုက်ရတယ်။ အဲဒီ အချိန် ကစပြီး တိုင်းပြည်နိုင်ငံရဲ့အရေး (နိုင်ငံရေး)လုပ်ကြတဲ့ လူကြီးတွေဟာ

(၁) ဥာဏ်ပညာနည်းပါးကြတယ်
(၂) မဆင်မခြင် ထင်ရာလုပ်ကြတယ်။

အဲဒီ အကျိုးဆက်က တိုင်းပြည်ချွတ်ခြုံကျပြီး ကမ္ဘာ့အလယ်မှာ ဆင်းရဲမွဲတေတဲ့နိုင်ငံအဖြစ် မျက်နှာငယ် ခဲ့ရတာပဲ။ စကား ပြော ရိုင်းသွားရင် ခွှင့်လွှတ်ပါ။ အဲဒါ...လူကြီးတွေအသုံးမကျလို့…ဖြစ်ရတာ။

အထက်စာပိုဒ် တနေရာမှာ.လူကြီးတွေ နိုင်ငံရေး လုပ်တာ သိပ်ဟန်မကျဘူး လို့ လျော့လျော့ပေါ့ပေါ့ပြောခဲ့ပါတယ်။ အမှန် က အသုံး မကျတာပါပဲ။

ဒါကြောင့်

( လူငယ်တွေနိုင်ငံရေးလုပ်ကြပါ )
လူကြီးတွေနေရာကို ၀င်လိုက်ကြပါ ။
လူကြီးတွေ မလုပ်နိုင်တဲ့ အလုပ်တွေကို တာဝန်ယူထမ်းရွက်ကြပါ။

ဒီမယ် လူငယ်တို့ မောင်ရင်တို့ လုပ်နိုင်ပါတယ်။

အကယ်လို့ တစုံတယောက်ကလုပ်နိုင်ပါ့မလားလို့ သံသယနဲ့ မေးလာရင် သမိုင်းစာမျက်နှာတွေ ကို ပြန် လှန်ကြည့်လို့ ပြောလိုက်ပါ။ ဒီမယ် လူငယ်တို့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး နဲ့ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ သမိုင်းမှာ မောင်ရင်တို့ ဘယ်တုန်းကမှ မမှားခဲ့ဘူး၊ တခါမှ အမှားမလုပ်ခဲ့ဘူး။

လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းသမိုင်းမှာလည်း ဘယ်တုန်းကမှ မမှားခဲ့ဘူး ၊ တခါမှအမှားမလုပ်ခဲ့ဘူး။ ဒီနေ့ အထိပါပဲ။

ဒါကြောင့် လိုရင်းကို ချူပ်ရရင်
( လူငယ်တွေနိုင်ငံရေးလုပ်ကြပါ )

မှတ်ချက်။ အထက်ပါစာမူအား စာပေစိစစ်ရေးမှခွင့်မပြုခဲ့သဖြင့် ပုံနိုပ်ဖော်ပြခွင့် ယနေ့အထိ မရရှိသေးပါ။

ဤနေရာမှ ကူးယူဖော်ပြသည်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved