မြန်မာနိုင်ငံမှာ တရားဟောခွင့်တွေ ပိတ်ပင်ခံလိုက်ရတဲ့ ဒယ်အိုးဆရာတော်လို့ အမည်ထင်ရှားတဲ့ ဓမ္မကထိက အကျော်အမော် ဆရာတော် ဥူးသုမင်္ဂလ ဟာ ဂျပန်နိုင်ငံကို သြဂုတ်လ ၁၀ ရက်နေ့က ဂျပန် စံတော်ချိန် ညနေ ၅ နာရီက ကြွရောက်လာခဲ့ပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့ ညနေခင်းမှာတော့ ဂျပန်ရောက် မြန်မာများကို ပထမအကြိမ်အဖြစ် တရားရေအေး တိုက်ကျွေးခဲ့တဲ့ မှတ်တမ်း ဓာတ်ပုံများဖြစ်ပါတယ်။
ဒုတိယ အကြိမ် တရားပွဲကိုတော့ သြဂုတ်လ ၁၉ ရက်နေ့ မှာ ထပ်မံ ကျင်းပမှာလည်းဖြစ်ပါတယ်။ ဆရာတော်ဟာ ဂျပန်ကနေ အမေရိကန်ပြည်ထောင်စုကို ဆက်လက် ကြွချီဖို့လည်း ရှိပါတယ်။
ဓာတ်ပုံများ ပေးပို့သော ကိုထွန်းဝေအား ဧရာဝတီက ကျေးဇူးတင်ပါတယ်။
မှတ်တမ်းအပြည့်အစုံကို ဤနေရာမှာလည်း ကြည့်ရှု့နိုင်ပါတယ်။
0 comments :
Post a Comment