မေမြို့-မိုးကုတ်-ဗန်းမော် မဟာဗျူဟာမြောက် လမ်းကွန်ရက်ကြီး

Sunday, August 12, 2012


မေမြို့-မိုးကုတ်-ဗန်းမော် လမ်းမကြီးဖောက်နေတာကြာပါပြီ။ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သွားမယ့် လမ်းမကြီးပါ။
ဒီလမ်းကို "မဟာဗျူဟာမြောက် လမ်းကွန်ရက်ကြီး" လို့ ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီလမ်းကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အဆင်ပြေသလို စစ်ရေးအရလည်း အထောက်အကူဖြစ်တဲ့ လမ်းမကြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း "မဟာဗျူဟာမြောက် လမ်းကွန်ရက်ကြီး" ဖြစ်နေပါတယ်။

ဒီလမ်းကြီးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ အောက်တိုဘာလတုန်းက ပြောဆိုခဲ့ကြတာ ဒီလိုပါ -

"မိုးကုတ်-မိုးမိတ်- မြစ်ဆုံ-ဘိမ်း- စီပိန်း-စီအူ-ဗန်းမော် လမ်းမကြီးကို နှစ်စဉ် ပြုပြင်ထိန်းသိမ်းမှု ရှိသော်လည်း မိုးရာသီတွင် ဆက်သွယ်သွားလာရေးအတွက်အခက်အခဲ ရှိပါသည်"
လို့ ကိုယ်စားလှယ်တဦးက ဆိုပါတယ်။
ရာသီမရွေးသွားလာနိုင်ဖို့ ပြင်ဆင်ပေးမလား တဲ့။

"ရန်ပုံငွေ များတင်ပြတောင်းခံပြီး ဦးစားပေးအဆင့်အလိုက်အဆင့် အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်သွား မည်" လို့ ဆောက်လုပ်ရေးဌာနက ပြန်ဖြေခဲ့ပါတယ်။

မနေ့က ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့်ရဲ့ ပြောဆိုချက်တွေကို ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ အခုလို တွေ့ရပါတယ် -

(ဦးခင်မောင်မြင့် စစ်အစိုးရခေတ်ကတည်းက ဆောက်လုပ်ရေးဌာနမှာ ဝန်ကြီးတာဝန် ယူထားရသူပါ။
ဒီလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်ကိုလည်း အဲဒီကတည်းက သွားရောက် စစ်ဆေးခဲ့သူ ဖြစ်ပါတယ်)

ပြင်ဦးလွင်- မိုးကုတ်လမ်းသည် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ဆက်သွယ်ပေးထား
ကချင်ပြည်နယ် မန်စီ၊ ဗန်းမော်၊ မြစ်ကြီးနားမြို့များသို့ သွားလာနိုင်ပြီး မဟာဗျူဟာမြောက် လမ်းကွန်ရက်ကြီးဖြစ်

ယခင်က ပြင်ဦးလွင်မှ မိုးကုတ်သို့သွားရာတွင် မန္တလေး-မတ္တရာဘက်မှသွားပါက ခရီးမိုင် ၁၆၇ မိုင် ၄ ဖာလုံသွားရပြီး ယခု ပြင်ဦးလွင်-မိုးကုတ်လမ်းမှသွားလျှင် ၈၆ မိုင် ၅ ဖာလုံ သွားရသဖြင့် လမ်းမိုင် ၈ဝ မိုင် ၇ ဖာလုံ သက်သာသွားပြီး အချိန်ကုန်သက်သာခြင်း၊
ကုန်ကျစရိတ်သက်သာခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊
ပြင်ဦးလွင်-မိုးကုတ်လမ်း ပြီးစီးသွားပါက ကုန်းတွင်းပိတ်နေသည့် လမ်းပေါ်ရှိ ကျေးရွာ ၁၆ ရွာ နှင့် လမ်းပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၂ ရွာ စုစုပေါင်း ၄၈ ရွာ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးတို့ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်က ယနေ့ နံနက် ၈ နာရီတွင် ကျင်းပသည့် နမ့်ပန်ချောင်းတံတားဖွင့်ပွဲအခမ်းအနားတွင် ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ပြင်ဦးလွင်-မိုးကုတ်လမ်းသည် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ဆက်သွယ်ပေးထားပြီး မိုးကုတ်မှတစ်ဆင့် မိုးမိတ်၊ မဘိမ်းနှင့် ကချင်ပြည်နယ်ရှိ မန်စီ၊ ဗန်းမော်၊ မြစ်ကြီးနားမြို့များသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး မဟာဗျူဟာမြောက် အဓိကလမ်းကွန်ရက်ကြီးဖြစ်ကြောင်း၊

ယခုကဲ့သို့ လမ်း/တံတားများ တိုးချဲ့ဖောက်လုပ်ပေးနေသည့်အတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုနှင့်တစ်ခု ဒေသတစ်ခုနှင့်တစ်ခု ရေကြောမြေကြော တစ်ဆက်တစ်စပ်တည်းဖြစ်လာပြီး လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့လာသည်နှင့်အမျှ ကုန်သွယ်မှုလုပ်ငန်းများလည်း တိုးတက်မြန်ဆန်လာပြီး ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အသိပညာဗဟုသုတများ တိုးတက်မြင့်မားလာကာ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များ တဖြည်းဖြည်းလျော့နည်းသွားမည်ဖြစ်ကြောင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved