ခုံရုံးက တရားလွှတ်တော်ချုပ်ထံ စာချွန်လွှာ ပို့

Wednesday, August 29, 2012


အဆုံးမသတ်နိုင်သေးတဲ့ ခုံရုံးအကြောင်းပြုကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှု နောက်ဆက်တွဲ အဖြစ် အခု နောက်ဆုံးအခြေအနေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ချိုးဖောက်ခြင်းအတွက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ လျှောက်ထားလိုက်ပါတယ်။

စာချွန်လွှာအပြည့်အစုံကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်မှာ---

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လွှတ်တော်အသီးသီးမှ ဖွဲ့စည်း ထားသော ကော်မတီ၊
ကော်မရှင် နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ နှင့် ညီညွတ်ခြင်း မရှိကြောင်း၊ အနက်အဓိပ္ပါယ် ဖွင့်ဆို ဆုံးဖြတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြိး ခုံရုံး၏ အဆုံးအဖြတ်သည် ဖွဲ့စည်း ပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၄ နှင့် ခုံရုံး ဥပဒေ ပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်သည်။

ထို့အပြင် ခုံရုံး ဥပဒေပုဒ်မ ၂၅ အရ ခုံရုံး၏ ဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရ ဌာန၊ ပုဂ္ဂိုလ်များသို့ လည်းကောင်း၊ သက်ဆိုင်ရာ နေရာ ဒေသအသီးသီးသို့လည်းကောင်း အာဏာ သက်ရောက်စေရမည် ဟု ပြဌာန်းထားသည်။

လွှတ်တော်များအနေဖြင့် ယင်းဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက် သည့် ဆောင်ရွက်ချင်များ ပြုလုပ်ခြင်း၊ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှု ပြုလုပ်ခြင်း အဆို တင်သွင်း ဆုံးဖြတ်ခြင်း တို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားကြောင်း သတင်းရရှိသည် ဟု ဖော်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး စာမျက်နှာတွင်လည်း ကြည့်ရှု့နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved