ပြောချင်တာတွေ ပြောခဲ့တဲ့ ကိုကိုကြီးရဲ့ အင်တာဗျူးများ စာအုပ် မိတ်ဆက်ပွဲ

Wednesday, August 29, 2012


စာအုပ်ဖြန့်ချီတဲ့နေ့က အမှတ်တရ လက်မှတ်ရေးထိုးပေးနေသော ကိုကိုကြီး၊ ဓာတ်ပုံ- ဂျေပိုင်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ " ပြောချင်လို့ ပြောခဲ့တာတွေ" ဆိုတဲ့ အကျဉ်းထောင်က ထွက်လာပြီး ၃ လ အတွင်း ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ အင်တာဗျူးထားတာတွေကို ပြန်လည်စုစည်းထား
တဲ့ အင်တာဗျူးများ အပိုင်း (၁) စာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ သြဂုတ်လ ၂၈ ရက်နေ့က
ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း ဘောက်ဘလောက်က Home ( House of Media & Entertainment ) မှာ ကျင်းပခဲ့ ပါတယ်။


စာအုပ်ဖြန့်ချီမိတ်ဆက်ပွဲမှာ စာရေးစရာ မောင်ဝံသ၊ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာတို့အပြင် စိတ်ဝင်စားသူ များလည်း တက်ရောက်ကြပါတယ်။


ဒီစာအုပ်ကို စာပေစိစစ်ရေး တင်ထားခဲ့တာ ကြာပြီဖြစ်ပြီး မကြာသေးခင်ကမှ ပြန်ကျလာလို့ အခုထုတ်ဝေ မှု နောက်ကျသွားတာ ဖြစ်တယ်လို့ ဦးကိုကိုကြီးက ဧရာဝတီကို ပြောပါတယ်။

ဒီ စာအုပ်မှာ တော့ စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ် တဲ့။
နောက်ပိုင်း ဆက်လက်ထွက်ရှိမယ့် စာအုပ်တွေကတော့ ဆင်ဆာ မထိနိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

အခု စာအုပ်မှာတော့ ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ အင်တာဗျူးများသာ ဖော်ပြထားနိုင်ပြီး နောက်ပိုင်း ဆက်လက် ထွက်ရှိမယ့် ပြည်ပ အသံလွှင့်၊ ၀က်ဆိုက် သတင်းဌာနများနဲ့ ပြောခဲ့ဆိုခဲ့တဲ့ အင်တာဗျူးတွေ နဲ့ နိုင်ငံရေး အမြင်ဆိုင်ရာ စာအုပ်တွေကိုတော့လည်း ထွက်ရှိဖို့ အစီအစဉ်ရှိတယ်လို့ ကိုကိုကြီးက ဆိုပါတယ်။

3 comments :

  1. Anonymous said... :


    we like to buy a copy.

    How can we order a copy from oversea ? with a best price ? Of course, the cheaper, the better.
    We don't like to ' illegal copy ' it.
    We like to support Ko Ko Gyi for his writing.

    Any one ?

  1. Anonymous said... :

    You said "you liked to support Ko Ko Gyi" and why do u want a cheaper price?.....U should buy what ever the cost.

  1. Anonymous said... :

    ကိုကိုကြီးစာအုပ်နာမည်က “ပြောချင်လို့ပြောခဲ့တာတွေ” ဧရာဝတီခေါင်းစဉ်တတ်တာက “ပြောချင်တာတွေပြောခဲ့တဲ့” ကိုကိုကြီး။ တစ်မျိုးပဲနော်။ ကိုကိုကြီး နဲ့ သိပ်အဆင်မပြေပြန်ဘူးထင်တယ်။ ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ အဲဒီလောက် crazy မဖြစ်ပါဘူး။ ဧရာဝတီသတင်းကိုပဲ အမြဲကြည့်နေတဲ့သူပါ။ နိုင်ငံခြားသားတွေကပြောတယ် ဧရာဝတီက သတင်းကလွတ်လပ်မှုသိပ်မရှိဘူးတဲ့။ သူနဲ့အဆင်ပြေတဲ့သူကိုပဲ တင်ပေးတယ်ပြောတယ်။ အခုနောက်ပိုင်း ဧရာဝတီကို ကွန်မန့်ပေးတာလည်း ဆင်ခြင်ရတယ်။ အရင်လို လွတ်လပ်သောဧရာဝတီမဟုတ်ဘူးလေ။ နိုင်ငံတော် သမ္မတကြီးနဲ့သိသော ဧရာဝတီ၊ ၀န်ကြီးများနဲ့ အဆင်ပြေသော ဧရာဝတီ။ ဟုတ်ပါသလား အခုဒီကွန်မန့်ကို မတင်ပေးရင်လဲ ဧရာဝတီက ဧရာဝတီပေါ့နော်... ဘာပဲဖြစ်ဖြစ် သတင်းတွေကိုတော့ ဖတ်လျှက်ပါ။ ဟိုးယခင်က လွတ်လပ်သော ဧရာဝတီကို သတိရလျှက်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved