ဆီတင်ကားမောင်းသူ မိုးပျံနိုင်သလား

Wednesday, August 29, 2012

.






ဟာဂျူလီ ကသာ ~


ခင်ပွန်းဖြစ်သူ ဆီတင်ကား တိုက်ခံရမှုမှာ တနှစ်နီးပါးကြာသည်အထိ တရားခံမဖမ်းနိုင်သဖြင့် ဇနီးဖြစ်သူက ၀န်ကြီးချုပ်ထံ တိုင်ကြားမည်ဟုသိရ

၁၇-၁၁-၂၀၁၁ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆီတင်ကားနှင့်ဆိုင်ကယ်တိုက်မှုတွင် ဆိုင်ကယ်မောင်းသူမှာ ပွဲချင်းပြီးသေဆုံးသွားသည်။ ဆီတင်ကားမောင်းသူ ဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်၊

ယာဉ်တိုက်မှုဖြစ်ရာသို့ အင်းတော်ရဲစခန်းမှ တာဝန်ရှိသူများ မိနစ်ပိုင်းအတွင်းရောက်ရှိလာပြီး ဆီတင်ကားမောင်းနှင်ထွက်ပြေးသွားရာကားလမ်းပေါ်ရှိ မော်လူးရဲစခန်းသို့ လမ်းလျှောက်စကားပြောစက်ဖြင့် ထိုကားအား ဖမ်းဆီးရန် အကြောင်းကြားခဲ့ပါသည်၊

ဆီတင်ကားမောင်းနှင်ထွက်ပြေးသွားရာ ကားလမ်းမှာ တစ်လမ်းထဲသာ ရှိသည့်အတွက် မောင်းပြေးသူတရားခံအား ဖမ်းဆီးနိုင်မည်ဟု မြို့ခံများက ယူဆထားခဲ့ကြသည်။

သို့သော်လည်း တရားခံမှာ မိုးယံသို့ပျံတက်သွားသည့်အလား ဖမ်းဆီးလိုက်နိုင်စွမ်း မရှိခဲ့ကြပါ၊

ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ သက်ဆိုင်သူများနှင့် အခြားမြို့ခံများက တာဝန်ရှိရဲတပ်ဖွဲ့ဝင်များအပေါ် ထင်ယောင်ထင်မှားများရှိလာခဲ့ကြပါသည်၊

ထိုစဉ်က တာဝန်ရှိခဲ့သူခရိုင်ရဲတပ်ဖွဲ့မှူးထံ သေဆုံးသူ၏ဇနီးဖြစ်သူ မခင်ဆွေမြင့်က သွားရောက်တိုင်တန်းခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း မခင်ဆွေမြင့်က ပြောကြားခဲ့ပါသည်၊

ထိုဖြစ်စဉ်ဖြစ်ပြီး ယခု(၉)လကျော်ကြာသည်အထိ ယာဉ်မောင်းအားဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် ကျေနပ်မှု မရှိသောကြောင့် တရားခံဖမ်းဆီးပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးထံ စာရေးတိုင်ကြားနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်..။

ဝန်ကြီးချုပ်သို့ ပေးစာ
စာ ၁

စာ ၂



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved