၁ ဂဏန်းပိုင်ရှင်တို့အတွက် စီးပွားရေး ဟောကိန်း

Saturday, August 11, 2012

မောင်မောင်မြင့်သန်းမောင် ~

ကမ္ဘာသုံး ပြက္ခဒိန်၏ အင်္ဂလိပ် ဝေါဟာရ မည်သည့်လတွင်မဆို ၁ ရက်၊ ၁ဝ ရက်၊ ၁၉ ရက်နှင့် ၂၈ ရက်များတွင် မွေးဖွားသော ၁ ဂဏန်း ရက်ဖွား ၁ ဂဏန်း ပိုင်ရှင်တို့အတွက် စီးပွားရေး ဟောကိန်းများကို ရေးသား ဖော်ပြပါမည်။

ဇန်နဝါရီလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငွေကြေးသုံးစွဲရာတွင် စနစ်တကျ ချွေတာ သုံးစွဲတတ်သည်။ ငွေကြေး အကျိုးအမြတ် သေချာပေါက် ရရှိနိုင်သော စီးပွားရေး လုပ်ငန်းမျိုးတွင် အရင်းအနှီးများများ ထည့်ဝင် လုပ်ကိုင်တတ်သည်။ မရေရာသော စီးပွားရေး လုပ်ငန်းမျိုးတွင် စုပုံရင်းနှီးမြှုပ်နှံခြင်း မရှိတတ်ပေ။

စီးပွားရေး အခြေအနေ ကောင်း မည့် အခွင့်အလမ်းမျိုးကို ကြုံတွေ့ရပါက လက်လွတ်မခံဘဲ မရရအောင် ယူတတ်သည်။
အများအပေါ် ပေးကမ်းရက် ရော တတ်သော သဘောရှိသည်။
ငွေကြေး ဥစ္စာစီးပွားနှင့် ပတ်သက်၍ သွားပုပ်လေလွင့် ပြောဆိုခံရတတ်ခြင်း၊ စွပ်စွဲခံရတတ်ခြင်းများကို ကြုံတွေ့ရတတ်သည်။

ဖေဖော်ဝါရီလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

အခြားသူများ၏ ငွေကြေးစီးပွား နှင့် ပတ်သက်၍ ကြားဝင်ဆောင်ရွက်ခြင်း၊ လောင်းကစားဆန်ဆန် လုပ်ပေးခြင်းများကြောင့် ဆုံးရှုံးရတတ်သည်။
မကြာခဏ ငွေကို အလွယ်တကူ ရလိုစိတ်ဇောဖြင့် တိုးချဲ့ လုပ်ကိုင်မိပါက မှားတတ်သည်။
ဖေဖော်ဝါရီလ ၁ ဂဏန်းရက် ဖွား ဆရာဝန်၊ ရှေ့နေ၊ အနုပညာရှင် ဖြစ်ပါက ငွေရကံ သိပ်မကောင်းလှချေ။
လုပ်ငန်းကြီးမားခိုင်မာသည့် စီး ပွားရေးလုပ်ငန်းများဖြစ်သော ဘဏ်လုပ်ငန်း၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ စက်မှုလုပ်ငန်းများတွင် စီမံ အုပ်ချုပ်သူအဖြစ် စီးပွားရှာပါက ဝင် ငွေကောင်းသည်။

အစုစပ်စီးပွားရှာမည်ဆိုပါက အထူးသတိထားသင့်သည်။ အခြား သူများအတွက် အလုပ်လုပ်ပေးရခြင်း ထက် ကိုယ့်အတွက် ကိုယ်အလုပ် လုပ်ရခြင်းက ပို၍ ဝင်ငွေကောင်းမည့် ဇာတာပါသည်။
ထို့ကြောင့် မိမိတစ်ယောက် တည်းသီးသန့်လုပ်ကိုင် စီးပွားရှာ ပါက ပို၍ အဆင်ပြေလိမ့်မည်။
စီးပွားဖက်များက မိမိအပေါ် သစ္စာမရှိခြင်း၊ လိမ်လည်လှည့်ဖျား ခြင်းနှင့် မိမိကို ခုတုံးလုပ်၍ ကျော် တက်သွားခြင်းများနှင့် ကြုံတွေ့ရ တတ်သော ကံဇာတာပါသည်။

မတ်လ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငွေကြေး စီးပွားရေးနှင့် ပတ်သက်၍ ကံကောင်းမည်။ မိမိဘဝ တစ်လျှောက်လုံးတွင် အဖြစ်အပျက် အပြောင်းအလဲ အမျိုးမျိုးကြုံတွေ့ရ မည်။ အပြောင်းအလဲ ကာလများတွင် ငွေကြေးအတွက် စိုးရိမ်သောက ရောက်ရတတ်သော်လည်း နောက်ဆုံး တွင်အဆင်ပြေမည်။

အောင်မြင်မှု ရရှိနိုင်မည့် ထူး ခြားသော အခွင့်အရေးကောင်းများနှင့် တိုက်ဆိုင်ကြုံတွေ့ရတတ်သည်။
အထူးသဖြင့် စီးပွားရေး လုပ်ငန်းကြီးများတွင် တာဝန်ကြီးမား ပြီး လုပ်ပိုင်ခွင့် ရရှိသည့် အဆင့် အတန်းမျိုးသို့ ရောက်ရှိသွားနိုင် သည်။
စပ်တူ စီးပွားရေးလုပ်ငန်း လုပ်ပါက မိမိ၏ လွှမ်းမိုးခြယ်လှယ်တတ်သော သဘာဝကြောင့် အခက်အခဲ ပြဿနာ ကြုံရတတ်သည်။

မည်သို့ပင်ဖြစ်စေ ငွေကြေး အဆင်ပြေမည်သာဖြစ်သည်။ သို့သော် မည်သည့် စီးပွားရေး လုပ်ငန်းတွင်မဆို အပြောင်းအလဲများစွာနှင့် ကြုံ တွေ့ရလိမ့်မည်။
မတ်လ ၂၈ ရက်ဖွား ၁ ဂဏန်း ပိုင်ရှင်ဖြစ်ပါက ပို၍ အောင်မြင် နိုင် သော ကံဇာတာပါရှိသည်။

ဧပြီလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငွေကြေးနှင့်ပတ်သက်၍ ရလိုက်၊ ကုန်လိုက် တစ်လှည့်စီ ရှိမည်။ များသောအားဖြင့် ငွေကြေး ကိစ္စများတွင် အလောတကြီး ဆုံး ဖြတ်ဆောင်ရွက်တတ်သော စရိုက် ရှိသည်။
စီးပွားရေးလုပ်ငန်းများတွင် ကိုယ်တိုင်ထိန်းသိမ်း လုပ်ကိုင်နိုင်စွမ်း မရှိသော လုပ်ငန်းများကို တိုးချဲ့ လုပ် ကိုင်ပါက ဆုံးရှုံးတတ်သည်။

အခြားသူများ၏ စီးပွားရေး လုပ် ငန်းများကို ကူညီတည်ထောင်ပေး သူ၊ အကြံဥာဏ်ပေးသူအဖြစ်အောင် မြင်မည်။
တရားဟောပြောသူ၊ စည်းရုံး လှုံ့ဆော်သူ၊ သက်ဆိုင်ရာ ဗဟုသုတများကို ဟောပြောပို့ချသူ စသည့် အများနှင့် တိုက်ရိုက်ဆက်သွယ် လုပ်ကိုင်ရသော လုပ်ငန်းမျိုးတွင် အောင်မြင်လိမ့်မည်။

မကြာခဏ ငွေကြေး အများ အပြားရရှိတတ်ပြီး ရက်ရောစွာ ပေးကမ်းစွန့်ကြဲတတ်သည်။
မည်သည့် စီးပွားရေး လုပ်ငန်းတွင်မဆို စပ်တူ လုပ်ကိုင်ခြင်းထက် တစ်ဦးတည်း ကိုယ်ပိုင်လုပ်ဆောင်လျှင် ပိုမိုအောင်မြင်နိုင်သည်။
သို့သော် မည်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင်မဆို လူမုန်းများတတ်သည်။

မေလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငွေကြေးဆိုင်ရာ ကုသိုလ်ကံ ကောင်းမည်။ စည်းစိမ်ရှိရှိ နေထိုင် စားသောက် သုံးဖြုန်းတတ်သော်လည်း အများအားဖြင့် စီးပွားရေး အဆင်ပြေမည်။

စီးပွားရေး လာဘ်မြင်သည်။ အမြော်အမြင်ရှိရှိ နှင့် လုပ်တတ် ကိုင် တတ်သည်။ စီးပွားရေး လုပ်ငန်းကြီး များတွင် စွန့်စားလုပ်ကိုင်တတ်ကြ သော်လည်း အကြီးအကျယ် ဆုံးရှုံး နစ်နာမှု မရှိတတ်ချေ။
အများရှေ့မှောက်တွင် လုပ်ဆောင်ရသော မည်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင်မဆို အောင်မြင်နိုင်သည်။

ရုံးလုပ်ငန်း၊ စီမံခန့်ခွဲရေး လုပ်ငန်းမျိုးတွင် အကြီးအကဲ ဖြစ်နိုင်သည်။ ဆေးရုံ၊ ပညာရေး၊ သုတေသန လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းကြီးများတွင် အကြီးအကဲဖြစ် နိုင် သည်။

ဇွန်လ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငွေကြေးကိစ္စများတွင် ကံကောင်းတတ်ကြသည်။ စီးပွားရေးနှင့် ပတ်သက်၍ အကြံအစည် ကောင်းမည်။ မိမိစိတ်ကူး အကြံအစည် အရည်အချင်းကြောင့် ငွေဝင်များမည်။ ဖြစ်လာနိုင်မည့် အခြေအနေများကို ကြိုတင်တွက်ဆ လုပ်ကိုင်တတ်ခြင်းကြောင့် ကြီးပွားချမ်းသာမည်။

စီးပွားရေးတွင် အခြားသူများ၏ အကြံဥာဏ်အတိုင်း ဆောင်ရွက်ခြင်း မပြုဘဲ မိမိ၏ အလိုလို အသိစိတ်နှင့် ကိုယ်ပိုင် အကြံအစည်အတိုင်း ရဲရဲ ဝံ့ဝံ့ လုပ်ကိုင်ပါက အောင်မြင်မည်။

ဇူလိုင်လ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငွေကြေး စီးပွားရှာရာတွင် ငွေကြေး ချမ်းသာကြွယ်ဝရေးထက် မိမိ၏ စားဝတ်နေရေး ပြည့်စုံရေးကို အဓိက ထားတတ်ကြသည်။

ငွေကြေးချမ်းသာ လာပါကလည်း ဝင့်ကြွားပလွှားမှုမရှိဘဲ ရိုးကုပ်စွာ နေထိုင်တတ်ကြသူများ ဖြစ်သည်။
မိမိ၏ ငွေကြေးဥစ္စာများကို အများအကျိုးပြု လုပ်ငန်းများတွင် လှူဒါန်းနိုင်သည်။
ဇူလိုင်လ ၁ ဂဏန်း ရက်ဖွားများအနက် စီးပွားရှာရာတွင် အပြောင်းအလဲ များတတ်ပြီး ပေါ့ပေါ့နေ ပျော်ပျော် သုံးစွဲတတ်သဖြင့် ငွေကြေး မစု ဆောင်းမိဘဲ စီးပွားရေး အဆင်မပြေ ဖြစ်တတ်သူ လူတန်းစားနှင့်၊ စီးပွား ရှာရာတွင် တည်ငြိမ်စွာနှင့် အပြော မဟုတ်ဘဲ လက်တွေ့ လုပ်ကိုင် ရှာ ဖွေပြီး ငွေကြေးကိုစနစ်တကျ ခွဲဝေ သုံးစွဲတတ်သဖြင့် ငွေကြေးစုဆောင်း မိပြီး စီးပွားရေး အဆင်ပြေလာတတ်သော လူတန်းစားဟူ၍ နှစ်မျိုးရှိ တတ်သည်။

သြဂုတ်လ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငွေကြေး ဥစ္စာ စီးပွားနှင့် ပတ် သက်၍ ကံကောင်းမည်။
ငယ်ရွယ်စဉ်ဘဝတွင် အခက် အခဲမျိုးစုံနှင့် ကြုံတွေ့ရတတ်သည်။

အသက် ၃၇ နှစ်ကျော်မှ စီး ပွားရေး အဆင်ပြေလာမည်။ ရာထူး တာဝန်အဆင့်အတန်းမြင့်မားလာ မည်။
အထူးသဖြင့် အစိုးရ အမှုထမ်း ဘဝ၊ နိုင်ငံရေးသမားဘဝတွင် အောင် မြင်မှု ရတတ်သည်။

စက်တင်ဘာလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

ငယ်ရွယ်စဉ်ကပင် ငွေကြေး ချမ်းသြွာကွယ်ဝလိုသော ဆန္ဒကြီးမား မည်။ သို့သော် ဥာဏ်ပညာထက်မြက်သူ၊ စီးပွားရေး အခွင့်အလမ်း အခြေအနေကောင်းများနှင့် ကြုံတွေ့ရတတ် သူဖြစ်သော်လည်း အသက်အရွယ် အလယ်အလတ်ရောက်သည်အထိ ငွေကြေးဥစ္စာ စုဆောင်းမိခြင်းမရှိတတ်ပေ။

လုပ်ဖော်ကိုင်ဖက်များ၏ အားကိုးယုံကြည်မှုကို ခံရတတ်သဖြင့် အများက ယုံကြည်အပ်နှံထားသော လုပ်ငန်းတာဝန်များကို လုပ်ဆောင်ပေးရတတ်သည်။
ရေရှည်လုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံခြင်း၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းကြီးများ တည် ထောင်လုပ်ကိုင်ပါက ကံကောင်း ထောက်မပြီး အောင်မြင်နိုင်သည်။

အောက်တိုဘာလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

မိမိနှင့် သင့်လျော် လိုက်ဖက်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်း အများအပြား ရှိသော်လည်း သာမန် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခြင်းထက် မိမိရည်ရွယ်ချက်နှင့် ဥာဏ်ပညာကို အသုံးပြုလုပ်ကိုင်ရသော အလုပ်မျိုးတွင်ပို၍ အဆင်ပြေ အောင် မြင်ဖြစ်ထွန်းတတ်သည်။

စီးပွားရှာရာတွင် ကြီးပွား ချမ်းသာလိုခြင်းထက် မိမိ၏ မွန်မြတ်သော ရည်ရွယ်ချက် အောင်မြင်ရေးကို အဓိကထားလျက် ငွေကြေးစီးပွား ရှာတတ်ကြသည်။

နိုဝင်ဘာလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

မည်သည့်လုပ်ငန်းလုပ်ကိုင် သည်ဖြစ်စေ ဝင်ငွေကောင်းပြီး ချမ်း သာကြီးပွားမည်။
သို့သော် မိမိရရှိသမျှ ငွေကြေး ကို စုဆောင်းနိုင်စွမ်း နည်းပါးတတ် သည်။
နိုဝင်ဘာလ ၂၈ ရက်ဖွား ၁ ဂဏန်းပိုင်ရှင်ဖြစ်ပါက ရည်မှန်းချက် အလွန်ကြီးမားသောကြောင့် မည်သည့် လုပ်ငန်းတွင်မဆို နာမည်ထင်ရှား ကျော်ကြားတတ်သော်လည်း ငွေကြေး ရရှိမှုတွင် ကံမကောင်းတတ်ချေ။

ဒီဇင်ဘာလ ၁၊ ၁ဝ၊ ၁၉ နှင့် ၂၈ ရက်များတွင်မွေးဖွားသူများ

မည်သည့်လုပ်ငန်းလုပ်ကိုင် သည်ဖြစ်စေ ဝင်ငွေကောင်းမည်။ သို့ သော် အလွန်စွန့်စား လုပ်ကိုင်တတ် သူဖြစ်သဖြင့် အမြတ်၊ အရှုံး မသေချာသော လုပ်ငန်းမျိုးတွင် စုပုံရင်းနှီးမြှုပ် နှံမိသောကြောင့် အဆုံးအရှုံးများတတ် သည်။

စေတနာ သဒ္ဓါတရား ထက်သန်ပြီး ဆင်းရဲ နိမ့်ကျသူများအား ထောက်ပံ့ကူညီရလွန်းသဖြင့် ငွေကြေး စုဆောင်းမိမည် မဟုတ်ချေ။
ငွေကြေး အကုန်အကျများခြင်း၊ အဆုံးအရှုံးနှင့် ရင်ဆိုင်ရခြင်းတို့ကြောင့် စိတ်သောက မရောက်တတ်သည့်အပြင် မည်သူ့ကိုမျှ အပြစ်မမြင် တတ်ချေ။

အကျိုးအမြတ် ပြန်လည်ရရှိ ရန် ကြိုးပမ်းဆောင်ရွက်ရင်း ဝင်ငွေ ကောင်းကောင်း ပြန်လည်ရရှိတတ်သည်။
ဇွဲ၊ လုံ့လအပြည့်ရှိသူ ဖြစ်သဖြင့် ဆုံးရှုံးမှုရှိပါက အောင်မြင်မှု ရရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးပမ်း လုပ်ကိုင်ခြင်းကြောင့် နောက်ဆုံးတွင် အောင်မြင်မှု ရရှိတတ်ကြသည်။


ဈေးကွက်ဂျာနယ် zaygwet.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved