ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် ဖြစ်လာ

Friday, August 31, 2012



ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်၊ ဓာတ်ပုံ- ဧရာဝတီ


သမ္မတ ဦးသိန်းစိန်က အစိုးရ ၀န်ကြီးများ အပြောင်းအလဲလုပ်ခြင်း၊ ခန့်အပ်ခြင်းများ ဆက်တိုက်ပြုလုပ်နေရာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ ည မြန်မာစံတော်ချိန် ၈ နာရီ သတင်းတွင် သမ္မတ ဦးသိန်းစိန်၏ လက်မှတ်ဖြင့် ဦးရဲထွဋ် အား ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။




ယခု ပြန်ကြားရေး ဒုဝန်ကြီးဖြစ်လာသော ဦးရဲထွဋ်သည် ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ယခင် ပြန်ကြားရေး ဒု ၀န်ကြီး ဦးစိုးဝင်းကို သြဂုတ်လ ၂၈ ရက်နေ့စွဲဖြင့် သာသနာရေး ၀န်ကြီးဌာန ဒုဝန်ကြီး အဖြစ် ပြောင်းရွှေ့တာဝန်ပေးအပ်ထားပြီးဖြစ်သည်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved