“ဖြစ်ချင်တာ ဖြစ်စမ်းပါစေ”

Saturday, August 25, 2012


“ဖြစ်ချင်တာ ဖြစ်စမ်းပါစေ”

ဘ၀မှာ ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာ၊ ရီစရာတော့ အကောင်းသား
ငယ်ငယ်က ဒီမေးခွန်းပဲ မေမေက မေး ဖူးတယ်၊ ဖေဖေကလည်း မေး ဖူးတယ်။
ဆရာဝန်ကြီးဖြစ်ချင်တယ်၊ စစ်ဗိုလ်ကြီးဖြစ်ချင်တယ် စသဖြင့်ပေါ့
တကယ်တော့ … အဲဒါတွေဟာ ကလေး အတွေးတွေပါ။
ရုပ်ရှင်ထဲက ဖြစ်ဖြစ်၊ အိမ်နီးချင်း ဆွေမျိုးသားချင်း
အိမ်လာလည်တဲ့ ဧည့်သည်တွေကို ကြည့်ပြီးတော့ဖြစ်ဖြစ်
ဖြုတ်ကနဲ သဘောကျတဲ့ အားကျတဲ့ ပုံပန်းသဏ္ဍန်ကို ၀င်စားပြီးတော့
စိတ်ကူးယဉ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်
အဲဒီ့ အိမ်မက်က နှစ်ရှည်လများ ကြီးကောင်ဝင်တဲ့အထိ
ခိုင်မြဲသွားပြီဆိုရင်တော့ ဟုတ်နိုင်ပြီပေါ့
ဒါလည်း အချိန်အလိုက် ပြောင်းနေနိုင်တာပါဘဲ။
တခါတလေကျတော့
ကိုယ်က ရွေးချယ်တာ မဟုတ်ဘဲ၊ အရွေးချယ် ခံလိုက်ရတာ
ဇာတ်ကောင်က ဇာတ်ကို စီးသွားတဲ့သဘော
ကိုယ်က ရွေးချယ်တာ မဟုတ်တော့ဘဲ
ဘ၀က
ပတ်ဝန်းကျင်က ရွေးချယ်လိုက်တာ
ကိုယ်က စီးချက်အတိုင်း လိုက် ကနေရတယ်
မပျော်လည်း က ပျော်လည်း က ပေါ့
ကိုယ့်ကိုယ်ကို လေးစားနိုင်ဖို့
ထူးချွန်အောင်တော့ က ရတော့တာ
ဇာတ်ဆရာက ကိုယ်မဟုတ်တော့ဘူး။

ခင်ဗျားတို့ ကြုံဖူးသလားတော့မသိ
လူတွေက တချို့ သိပ်အထင်ကြီးကြတယ်
မဖြစ်ချင်ဘဲ ဖြစ်နေတာ၊ ဖြစ်ချင်တာတွေ မဖြစ်တာ၊ ဖြစ်လာတာကိုပဲ လက်ခံလိုက်ရတာ
ဖြစ်ပြီးမှတော့
ဒါ ဘ၀ ဘဲ။
ဆက်ဖြစ်တော့လို့ နှစ်ချလိုက်ရတာ
အေးပေါ့ဗျာ။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ
ထပ်တူ ကျသွားတဲ့ လူတွေကတော့ အားကျစရာပေါ့
တချို့ကျတော့ ဘာဖြစ်ချင်မှန်းတောင် မသိကြရှာဘူး
ဖြစ်လာတော့လည်း
ကျူးလွန်မိသမျှမှာ ထူးချွန်ပြဖို့ဘဲ လိုတယ် ဆိုတဲ့ စာသား
သိပ်သဘောကျတယ်ဗျာ
ပိုင်ရှင်ကတော့ သေသွားရှာပြီ
သူရော ကဗျာဆရာ ဖြစ်ချင်ခဲ့သလား၊ နိုင်ငံရေးသမား ဖြစ်ချင်ခဲ့သလား
သူ့ဘ၀မှာ သူဖြစ်ချင်သလို ဖြစ်သွားခဲ့သလား။
နောက်ဆုံးထွက်သက်မှာ ကျေနပ်သွားရဲ့လား
မသိ မသိ
ကျနော်ကရော
တယ် ထူးချွန်ပြဖို့ ကြိုးစားနေရသလားဘဲ
ကျနော် အခု လုပ်နေတာတွေက၊ ကျနော်လုပ်နေတာမှ ဟုတ်ရဲ့လား
ဇာတ်က စီးနေတာများလား
ဇာတ်ဆရာ ကျနော် ဒီဇာတ်ကို လွှတ်ထားလိုက်ပြီလား
တွေးစရာတွေက အများသား
ခင်ဗျားတို့ရော ဘာဖြစ်ချင်လို့
အခု ဘာတွေလုပ်နေကြတာလဲ…….. ။။။။။

( ကိုကိုကြီး )




၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ရှမ်းပြည်နယ် နောင်ခမ်းကို ရောက်ရှိခိုက် ကိုကိုကြီး ရေးသားဖတ်ကြားပြခဲ့သော အတွေးစာစု တခုပါ။ ပြန်လည် ဖော်ပြပေးလိုက်ပါ တယ်။

2 comments :

  1. May said... :

    Thank you U Ko Ko Gyi.
    Sometimes, people are walking on the way they had never imagined before, maybe because of the pressure of surrounding or according to the situation.
    Anyway, instead of feeling unease for it, by trying to be involved and happy in that life, the life may be more satisfying and meaninful, I suppose so.
    I think the persons who can possess the life compatible with their wish may be very small percentage.
    I wish you to be happy in a successful pleasant life.

  1. Anonymous said... :

    ကျောင်းသားအဖွဲ့အစည်းတွေထဲမှာ ကိုကိုကြီးကို အလေးစားဆုံးပဲဗျာ တိုင်းပြည်အကျိုးအတွက် မှန်တာကိုပြောရဲ လုပ်ရဲသလို လုပ်နိုင်တာကို တကယ် လက်တွေ့ လုပ်နေသူလည်းဖြစ်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved