ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ဦးသိန်းစိန်ကို လွတ်လွတ်လပ်လပ် ခရီးသွားခွင့် ပြုဖို့ တချိန် က မြန်မာ ခေါင်းဆောင်တွေကို ဗီဇာ ကန့်သတ်ပိတ်ပင်ထားတာတွေကို ခြွင်းချက်မိန့် ထုတ်ပြန်ခဲ့တာပါ။ ဒီလိုမှ မဟုတ်ရင် နယူး ယောက် မြို့က ကုလ သမဂ္ဂ ပရ၀ုဏ်အတွင်း နေရာ ကျဉ်းကျဉ်းလေးမှာပဲ နေလို့ ရမှာပါ။ အပြင်ထွက်ပြီး လွတ်လပ်စွာ သွားလို့ ရမှာ မဟုတ်ပါဘူးလို့ AFP သတင်းတပုဒ်မှာဖော်ပြထားပါတယ်။
၂၀၀၈ ခုနှစ် ဥပဒေအရ မြန်မာ ခေါင်းဆောင်တွေနဲ့ စစ်တပ်အရာရှိတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ် သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အမေရိကန်က ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်မှုတွေ လုပ်ထားခဲ့တာဖြစ် ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်
ပြည်ထောင်စုရဲ့ ထိပ်တန်း ဂုဏ်ပြုမှု တခုဖြစ်တဲ့ ကွန်ဂရက် လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ် ( Congressional Gold Medal ) ကို လက်ခံယူ ဖို့ သမ္မတ ဦးသိန်းစိန်နဲ့ တချိန်တည်းလောက်ပဲ အမေရိကန်ကို သွားဖို့ ရှိတာပါ။

0 comments :
Post a Comment