ဘာကြောင့် ထိပ်ပြောင်၊ ဘယ်လို ကာကွယ်မလဲ?

Tuesday, August 14, 2012



ဓာတ်ပုံ- Bangkokpost

ထိပ်ပြောင်တယ်ဆိုတာ ဆံပင်ကျွတ်လို့ ဖြစ်လာရတာပါ။ ပြောရရင် ဓာတ်တခု ချို့တဲ့လို့ဖြစ်ခြင်းရဲ့ သင်္ကေတ လည်းဖြစ်ပါ တယ်။ တရုတ်ဆေးနည်းတွေမှာတော့ ချို့ယွင်းသွားတဲ့ ဓာတ်တွေပြန်ပြီး ဖြည့်ဆည်းပေး တဲ့ ဆေးနည်းတွေ ရှိပါတယ်တဲ့။ ဒါကလည်း ဦးခေါင်းကို ကုနေရုံနဲ့ မရပါဘူးတဲ့။

သမားကောင်းကို ရှာမှသာ ဖြစ်နိုင်ပါတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာ မှာ Dr Orawan Kitchawenkul က ပြောတာ ကို ဆောင်းပါးရှင်းက ပြန်လည်ဖော်ပြထားတာပါ။

ဒေါက်တာ Orawan ရဲ့အဆိုအရ ဒါဟာ အသက်အရွယ်နဲ့ပတ်သက်တဲ့ လက္ခဏာ တခုလည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ သက်လတ်ပိုင်းတွေမှာ အခုလို ဆံပင်တွေ ကျွတ်ပြီး ထိပ်ပြောင်းတာအဖြစ်များ တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ယောင်္ကျားလေးတွေက အသက် ၂၀ ရောက်တာနဲ့ ခန္ဓာကြီးထွားမှုက ရပ်ဆိုင်းသွားပြီး တဲ့နောက် မှာ ခန္ဓာကိုယ် ရဲ့ အမျိုးမျိုးသော စနစ်တွေက စပြီးချို့ယွင်းတတ်ပါတယ်တဲ့။

ဆံပင်ထိပ်ပြောင်တာဟာ ဆံပင်ပုံစံနဲ့လည်း နည်းနည်း သက်ဆိုင်သလို ဆံပင် ဆံလုံး အကြီးအသေးနဲ့လည်း သက်ဆိုင်နိုင် ပါတယ်တဲ့။ အထူးသဖြင့် ဆံလုံးသေးသူတွေ အဖြစ်များတယ်လို့ဆိုပါတယ်။

ဆံပင်ရဲ့ ဇီဝ စနစ်မှာ ဆံပင်ကြီးထွားမှု ရပ်ဆိုင်းသွားပေမယ့် ဆံပင်ဟာ ဦးရေမှာ ဆက်ရှိနေဆဲပါ။ ဆံပင်အောက်ခြေ အမြစ်ကလည်း ကြီးထွားနေစဉ်မှာ ဓာတ်အားကောင်းနေစေဖို့ သူ့ သဘာဝတရားက အမြဲ ဖြည့်ဆည်းပေးနေပါတယ်။ ဆံပင်မှာလည်း သက်တမ်း ရှိပါတယ်။ သက်တမ်း ကုန်သွားပြီဆိုရင် အမြဲ ဆံပင်က အစားထိုး အသစ်တွေထွက်လာပါတယ်။

ကျွန်ုပ်တို့ဟာ နေ့စဉ် ဆံပင် အပင်ပေါင်း ၅၀ ကနေ ၁၀၀ အကြား ကျွတ်နေကြတာပါ။ နှစ်စဉ် ဆံပင် ၁၀ ရာခိုင်နှုန်းကတော့ လျော့ပါးနေတာပါတဲ့။ အမျိုးသားနဲ့ အမျိုးသမီးတွေ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာ မတူပါဘူး။ အမျိုးသားတွေက နဖူးမှာ အင်္ဂလိပ်အက္ခရာ M ပုံသဏ္ဍန်အဖြစ်များလေ့ရှိပြီး အမျိုးသမီးတွေကတော့ ငယ်ထိပ်မှာ ဘဲဥပုံ ကွက်ပြီးကျွတ်တတ်ပါတယ်တဲ့။


ဆံပင် ဘာကြောင့် ကျွတ်ကြလဲ
ဒါကတော့ အကြောင်းအမျိုးမျိုး ရှိပါတယ်တဲ့။ များသောအားဖြင့် ဟိုမုန်း အပြောင်းအလဲကြောင့်လည်း ဖြစ်တတ် ပါတယ်လို့ ဆိုပါတယ်။ ဆံပင်ကျွတ်တာက များသောအားဖြင့် မျိုးရိုးနဲ့ ဆိုင်တဲ့သဘောလည်း တွေ့ရပါတယ်တဲ့။

အခုခေတ်မှာဆံပင် ကို အမျိုးမျိုး ဆေးတွေဆိုးကြ၊ ဖြောင့်လိုက်၊ ကောက်လိုက်လုပ်ကြတာတွေကတော့ ဒါမျိုးတွေလည်း ပိုဖြစ်တတ်ပါတယ်။ ဒီတော့ ဆံပင်မှာ ဓာတ်တွေ ချို့တဲ့ကုန်ပြီး ဆံပင်ကျွတ်ရာက ထိပ်ပြောင် တယ်ဆိုတာတွေ ဖြစ်လာကြ တာပါ။ ဒါပေမယ့် တချို့ ကင်ဆာရောဂါကြောင့် ဆံပင်ကျွတ်နိုင်တာလည်း ရှိပါတယ်တဲ့။

ချို့တဲ့သွားတဲ့ ဓာတ်တွေဘယ်လို ပြန်အားကောင်းအောင် လုပ်မလဲ

တရုတ်ဆေးနည်းကတော့ ဒါဟာ ဆုံးရှုံးသွားတဲ့ ဓာတ်ခွန်အားတွေကို ပြန်လည် အားကောင်းလာစေဖို့က “ကီ” လို့ခေါ်တဲ့ ဆေးနည်းနဲ့ အစားထိုးရမယ်ဆိုပါတယ်။ ဒီ “ကီ” ဆိုတာဟာ လူ့ခန္ဓာကိုယ်ထဲက နေရာ ၃ ခုကနေ လာတာပါတဲ့လို့ ဒေါက် တာ Orawan က ဆိုပါတယ်။ မျိုးရိုးဗီဇ အမွေ၊ လေနဲ့ အစားအစာတို့ကနေ ကီကို ရပါတယ်တဲ့။

ပထမ ဖြစ်တဲ့ မျိုးရိုးဗီဇ အမွေ ဓာတ်အားတခုကတော့ ကျောက်ကပ်မှာ သိုလှောင်ထားပါတယ်တဲ့။ ဒုတိယ ကတော့ သန့် ရှင်း လတ်ဆတ်တဲ့ လေကို အဆုပ်ထဲမှာ သိုလှောင်ထားပါတယ်။ တတိယ ကတော့ ကိုယ် စားသုံးလိုက်တဲ့ အစားအစာ ကနေ ရပြီးသူကတော့ အစာအိမ်နဲ့ ၀မ်းပျဉ်းမှာ သိုလှောင်ထားပါတယ်။

လူတွေက ဒီ ကီ ဆိုတာတွေနဲ့ ကုစားတာ နည်းပါးပါတယ်လို့ ဒေါက်တာ Orawan က ဆိုပါတယ်။ အခုခေတ်က များသော အားဖြင့် ဆေးစားတာ၊ ဆံပင်အစားထိုး စိုက်တဲ့ ကုထုံးတွေနဲ့ လုပ်နေကြတာကို လူကြိုက်များကြ တယ်လို့ သူက ဆိုပါတယ်။


သူ့နည်းကတော့ ခန္ဓာကိုယ်က ခုန ပြောတဲ့ ကီတွေကို မျှမျှတတ အသုံးချနိုင်အောင် လုပ်တဲ့ နည်းပါတဲ့။ ဆံပင်အမြစ်တွေ ပြန်အားကောင်းလားအောင် ကီတွေ တခုနဲ့ တခု ချိတ်ဆက်ပြီး ပြန်လည်ဖြည့်တင်းပေးတဲ့ နည်းတွေအများကြီးရှိပါတယ်တဲ့၊ ရေဓာတ်ခမ်းပြီး အမြစ်ခြောက်လို့ ဆံပင်ကျွတ်တာကို အစားအသောက်နဲ့ ထိမ်းညှိလို့ ရနိုင်တဲ့ နည်းလမ်းတွေကိုတော့ သူ က အကြံပြုထားပါတယ်။

ဆံပင်သန်မာကျန်းမာစေဖို့အတွက် ကိုယ့်ဆံပင်ကို ပြုစု ပျိုးထောင်ပြီး ဂရုစိုက်ရပါမယ်တဲ့။ ဒါကို ဓာတ်စာတွေ နဲ့ ပြောရရင် ဗီတာမင် ဘီ အုပ်စုဖြစ်တဲ့ B1, B2, B3, B5, B6, B9 နဲ့ B12 တွေပါတဲ့ အစားအစာတွေကို အဓိက ဓာတ်စာအဖြစ် စားဖို့ သူက အာမခံ တိုက်တွန်းထားပါတယ်။


ဗီတာမင် B1
ပြောင်းဆန်၊ ဆန်လုံးညို၊ ဆန်ကြမ်း၊ အမဲ အသည်း၊ ဥ( ကြက်ဥ၊ ဘဲဥ စသည်) ၊ နို့ (နွားနို့စသည်)၊ တို့ဟူး၊ အာဖရိက တိုက်တွင် အရိုင်းပေါက်လေ့ရှိတဲ့ Sesame အပင်၊ ကြက်သွန်ဖြူ စတာတွေဟာ B1 ဓာတ် များစွာ ပါဝင်ပါတယ်။

ဗီတာမင် B2
နို့၊ ကြက်ဥအကာ၊ ချိစ်( ဒိန်ခဲ)၊ အသည်းနှင့် အစိမ်းရောင် အသီးအရွက်များစသည်

ဗီတာမင် B3
ဂျုံ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် သစ်သီးသစ်ရွက်၊ မှို စသည်

ဗီတာမင် B5
အသည်း၊ ကြက်သား၊ ၀က်သား၊ ငါး၊ ဥ အကာစသည်

ဗီတာမင် B6
ဂျုံ၊ ပြောင်းနှင့် အသည်း စသည်

ဗီတာမင် B9 ခေါ် Folic Acid
အစိမ်းရောင် အသီးအရွက်၊ ရွှေဖယုံသီး၊ ပဲ အမျိုးမျိုး၊ ထောပတ်သီး၊ ဂျုံ၊ မုန်လာဥနီ၊ ဥအကာ စသည်

ဗီတာမင် B12
အသည်း၊ ဥ၊ နို့၊ ထောပတ်၊ ချိစ်( ဒိန်ခဲ)၊ ဒိန်ချဉ်၊ ဆန်ညို၊ ဆန်ကြမ်း၊ ပဲအမျိုးမျိုး၊ ပဲပိစပ်၊ အစိမ်းရောင် အသီးအရွက်စသည်

အမည်းရောင် တရုတ်ဓာတ်စာများ၊ အမည်းရောင် ဓာတ်စာတွေက သွေးလည်ပတ်မှုကို ကောင်းစေပြီး ဆံပင် ပြန်လည် ရှင်သန်မှုကို အားပေးပါတယ်တဲ့။

ရေညှိ၊ အမည်းရောင်ရှိတဲ့ Sesame၊ အမည်းရောင်း ပဲ စေ့၊ ပဲဆန်၊ ပျားရည်တို့ဟာ တရုတ်ဆေးနည်းအရ ဆံပင်ကျန်းမာ ရေး အတွက် အလွန်သင့်တော်ကြောင်း ဆိုထားပါတယ်။

ဤနေရာမှာလည်း မူရင်းကိုဖတ်နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved